BREAKING
April 21, 2025

မြိတ်

တနင်္သာရီနှင့် မြိတ်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတို့တွင် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရ

Dawei Watch

June 27, 2024

တနင်္သာရီနှင့် မြိတ်မြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၂၇ရက်တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။ တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာနှင့် အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်သဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ထိခိုက်ပျက်စီးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဇွန်လ ၂၈ရက်တွင် ထုတ်ပြန်သည်။ ကျွဲထိန်းကုန်းရွာအပြင် ဘန်လင်ရွာ၊ သမီးလှရွာထဲကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) တပ်ရင်းမှ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ အဆိုပါနေ့ မွန်းလွဲပိုင်းတွင်ပင် မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ဘဲမဒီကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က […]

မြိတ်တွင် သစ်ပင်ကျိုးကျပြီး နေအိမ်တစ်လုံးပျက်စီး

Dawei Watch

June 26, 2024

မြိတ်မြို့ ၊ ကန်ဖျားရပ်ကွက်တွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းက သစ်ပင်ကျိုးကျမှု နှစ်ကြိမ်ဖြစ်ပွားပြီး နေအိမ်တစ်လုံးပြိုကျပျက်စီးသွားကြောင်း မြိတ်ခရိုင်မီးသတ်ဦးဌာနထံမှ သိရသည်။ ကန်ဖျားရပ်၊ ဗိုလ်ဗထူးလမ်းသွယ် (၁) တွင် ယနေ့ နံနက် ၈နာရီဝန်းကျင်က နှစ် ၃ဝသက်တမ်းရှိ ကနဇိုးပင် ပင်စည်ကျိုးကျကာ ပျဉ်ထောင် နေအိမ်တစ်လုံးပြိုကျပျက်စီးကြောင်း အဆိုပါဌာနထံမှ သိရသည်။ နံနက် ၁၁ နာရီခွဲတွင်လည်း ကန်ဖျားရပ်၊ ကညနရုံးအနီးတွင် နှစ် ၂ဝ သက်တမ်းရှိ သစ်မွှေးပင် ပင်စည်ကျိုးကျကာ မိုးဇလရုံး အုတ်တံတိုင်းပေါ် ကျရောက်နေသဖြင့် သွားရောက်ရှင်းလင်းကြောင်း မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းသစ်ပင်ကျိုးကျမှု နှစ်ကြိမ်စလုံးတွင် လူထိခိုက်မှု မရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးမှူးက ပြောသည်။ ယခုအပတ်အတွင်း မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် မြိတ်ခရိုင်နှင့် […]

မြိတ်မြို့တွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ၊ အလစ်သုတ်မှုများလည်းဆက်တိုက်ဖြစ်

Dawei Watch

June 25, 2024

မြိတ်မြို့တွင် ဇွန်လ ၂၃ရက် ညက ဖုန်းဆိုင်ဖောက်ထွင်းခံရပြီး ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခံရကြောင်း ဖုန်းဆိုင်ရှင်အမျိုးသားက ပြောသည်။ မြိတ်မြို့ တိုးချဲ့ဈေးအနီး စေတနာလမ်းတွင်ရှိသည့် ဖိုးကြီးဖုန်းဆိုင် ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ တစ်ပတ်ရစ် ဖုန်းအလုံး ၃၀၊ Power Bank ခုနစ်လုံးခန့်အပါဝင် Hard Disk အပြင် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ခိုးယူခံရပြီး တန်ဖိုးကျပ်သိန်း ၃၀ ထက်မနည်း ရှိကြောင်း ဆိုင်ပိုင်ရှင်အမျိုးသားက ပြောဆိုသည်။ “သော့က နှစ်လုံးခတ်ထားတယ်။ တစ်လုံးက သော့တုနဲ့ ဖွင့်ထားပုံရတယ်။ နောက်‌သော့တစ်လုံးက ရိုက်ဖွင့်ထားတယ်။ ဆာဗစ် အပ်ထားတဲ့ဖုန်းတွေပါ အခုထိ အစနမရသေးဘူး” ဟု ၎င်းက ပြောသည်။ မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှု၊ အလစ်သုတ်မှုများ အဖြစ်များနေကြောင်း မြို့ခံများထံမှ သိရသည်။ […]

ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးသည့် စစ်ကောင်စီတပ် လမ်းတစ်လျှောက်လုံးတိုက်ခိုက်ခံရ

Dawei Watch

June 25, 2024

တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီးစခန်းကို စစ်ကြောင်းပြန်ထိုးလာသည့် စစ်ကောင်စီတပ်ကို လမ်းတစ်လျှောက်လုံးတွင် လေးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့များက ပြောသည်။ တနင်္သာရီမြစ်ဘေးက အောင်သာဝရစခန်းကို ဇွန်လ ၁၄ရက်တွင် KNDO တပ်ရင်း (၇) ၊ KNLA တပ်ရင်း (၁၀) နှင့် PDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းယူပြီးနောက် ဇွန်လ ၁၅ ရက်တွင် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာခဲ့ကြသည်။ ယင်းနောက် ဇွန်လ ၁၉ ရက်တွင် ဘုတ်ခြံရွာအခြေစိုက် ခလရ (၁၇) က ကျောက်လုံးကြီးစခန်းကို ကား ၁၀ စီးအပြင် ခြေလျင် စစ်ကြောင်းတို့ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာကြောင်း KNU တပ်မဟာ (၄) နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆိုသည်။ ခန့်မှန်းအင်အား […]

မြိတ်တွင် ဒိုင်နမိုပြင်ဆိုင်မီးလောင်

Dawei Watch

June 24, 2024

မြိတ်မြို့တွင် ဒိုင်နမိုပြုပြင်ရေးဆိုင်ဖွင့်ထားသည့် နေအိမ်တစ်လုံး ယနေ့ ဇွန်လ ၂၄ ရက် နံနက်တွင် မီးလောင်ကြောင်း မြိတ်ခရိုင်၊ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မြိတ်တောင်နယ်မြေ၊ မြို့သစ် ၇ ရပ်ကွက်၊ ဦးမြတ်လေးလမ်းရှိ အဆိုပါနေအိမ်သည် ယနေ့ နံနက် ၆ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၁၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းကြောင်း ဆိုသည်။ လျှပ်စစ် ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးမှူးက ပြောသည်။ မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိ‌သော်လည်း နှစ်ထပ်လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။ ဇွန်လ ၄ ရက်ကလည်း မြိတ်မြို့၊ အင်းလေမြိုင်ရပ်ကွက်ရှိ ရေစကြိုစားသောက်ဆိုင်တွင် ဂတ်စ်အိုးယိုစိမ့်ရာက မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

စက်သုံးဆီနှင့် ကုန်ကြမ်းဈေးတက်သည့်အတွက် မြိတ်တွင် ကမ်းဇော်ဆီဈေးတက်

Dawei Watch

June 20, 2024

ကုန်ကြမ်းဈေးတက်လာခြင်းနှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် မြိတ်တွင် ကမ်းဇော်ဆီဈေးနှုန်း တက်လာကြောင်း မြို့ခံများထံမှ သိရသည်။ လက်ရှိတွင် ကမ်းဇော်ဆီတစ်လီတာ (အကြည်) တစ်ပုလင်းကို ကျပ် နှစ်သိန်းဝန်းကျင်ဖြင့် ရောင်းချနေကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်ကမူ တစ်လီတာလျှင် တစ်သိန်းလေးသောင်းကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထိုကဲ့သို့ ဈေးနှုန်းတက်လာခြင်းမှာ စက်သုံးဆီးဈေးနှုန်း အပါအဝင် လျှပ်စစ်မီတာခ၊ ကမ်းဇော်စေ့ဈေးနှုန်း၊ ကုန်ကြမ်း သယ်ယူရေးစရိတ်တို့ကြောင့် ဖြစ်ကြောင်း ကမ်းဇော်ဆီလုပ်ငန်းလုပ်ကိုင်သူနှင့် နီးစပ်သူများထံမှ သိရသည်။ ကမ်းဇော်ဆီမှာ အကြည်၊ အနယ်ပါ ဟုဆိုကာ အမျိုးမျိုးရှိပြီး အရည်အသွေးအပေါ်မူတည်ကာ ဈေးနှုန်းကွာဟချက်ရှိသည်။ “ကမ်းဇော်စေ့ကို ကြိတ်ဖို့က စက်သုံးဆီရော၊ လျှပ်စစ်မီးကိုပါ သုံးရတယ်လေ” ဟု ကမ်းဇော်ဆီလုပ်ငန်းလုပ်ကိုင်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်က […]

မြိတ်တွင် အရက်ကြောင်သည့်အမျိုးသား ရိုက်နှက်၍ စိတ်ဝေဒနာသည်တစ်ဦးသေဆုံး

Dawei Watch

June 20, 2024

မြိတ်မြို့၊ ကန်ကြီးရပ်၊ ဘုရားကြီလမ်းတွင် ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းက အရက်ကြောင်နေသည့် အမျိုးသားက ရိုက်နှက်သဖြင့် စိတ်ဝေဒနာသည်တစ်ဦး သေဆုံးကြောင်း မြို့ခံများထံမှသိရသည်။ သေဆုံးသူမှာ မြိတ်မြို့ ဘုရားကြီးတန်းတွင် အမြဲတမ်းသွားလာနေပြီး ဘုရားသိမ်ရှေ့တွင် နေထိုင်လေ့ရှိသည့် စိတ်ဝေဒနာ သည် အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး ဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားသည် စျေးတွင် တောင်းရမ်းလေ့ရှိကာ စကားအော်ဟစ်ပြောဆိုသွားလာလေ့ရှိသူဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားကို အရက်သေစာအလွန်သောက်စားပြီး အရက်ကြောင်နေသည့် အမျိုးသားတစ်ဦးက ရိုက်နှိက်ခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ခဲ့သူကို နာရီပိုင်းအတွင်းပင် ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “အဲဒီလူက ကြောင်နေတယ်။ ဖမ်းမိသွားပါပြီ။ သူလည်း လျှောက်သွားနေသူပဲ။ စန္ဒဝတ်(ရွာ) ဘက်က လို့သိရတယ်” ဟု ၎င်းက ပြောသည်။ ရိုက်နှက်နေချိန် အနီးဝန်းကျင်တွင်ရှိသည့် ဒေသခံများက […]

စစ်ကောင်စီလက်နက်ကြီးကြောင့် တနင်္သာရီ အနောက်မော်တုန်းရွာအုပ်စုတွင် အမျိုးသားသုံးဦးဒဏ်ရာရ

Dawei Watch

June 18, 2024

တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စုတွင် ဇွန်လ ၁၇ ရက်က စစ်ကောင်စီ အမြောက်တပ်ရင်း ၃၀၆ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ရွာသားများထံမှ သိရသည်။ ဇွန်လ ၁၇ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက အမတ ၃ဝ၆ တပ်ရင်းအနီးသို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၁၁ နာရီခွဲကစ၍ ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီး ၁၀ ချက် ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ အရှေ့မော်တုန်းနှင့် အနောက်မော်တုန်းကျေးရွာအုပ်စုအတွင်းရှိ ဘန်းလမွတ်၊ ထုံနွယ်၊ နန်းစိမ့်ပြင်၊ ညောင်ဇင်တောင်နှင့် အန္ဓာပြင် ကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “စစ်တပ်က ရမ်းပြီးလိုက်ပစ်တာ၊ ရွာတစ်ရွာ ၂ ချက်လောက်ပစ်တယ်” ဟု […]