ပုလောတိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
Dawei Watch
July 11, 2024မြိတ်ခရိုင်၊ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးဖြစ်ပွားသည့် တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများစွာကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက ထုတ်ပြန်သည်။ ဇူလိုင်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် အင်အား ၅၀ ခန့်ပါသည့် ခလရ ၂၈၅ စစ်ကောင်စီတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်တို့ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု ၅ မိုင်ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “တိုက်ပွဲက နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိဖြစ်ခဲ့တယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် ခလရ ၂၈၅ တပ်ရင်းမှ ဗိုလ်မှူးသက်ထွန်းအောင်၊ တပ်ကြပ်ကြီးခင်မောင်သိန်း၊ […]