ပုလောတွင် စစ်ကောင်စီစခန်းများ နှစ်ရက်ဆက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ
Dawei Watch
August 1, 2024ပုလောမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသည့် စခန်းကုန်းနှင့် ပလမြို့ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် တော်လှန်ရေးတပ်များနှင့်ဒေသခံ အချို့ထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက်က ပုလောမြို့နယ် တိုတောင်တာဝါတိုင်စခန်းကုန်းနှင့် ပလမြို့ ရဲစခန်းကို ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးခြောက်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တာဝန်ခံက ဆိုသည်။ “လက်လုပ်ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာပေါ့။ အပြန်အလှန်ပစ်ခတ်မှု မဖြစ်ခဲ့ပေမယ့် စကစဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်ပစ်တာမျိုး ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။ ဒရုန်းဖြင့် ဗုံးမချမီ ပလရွာအတွင်း သေနတ်ပစ်ခတ်သံထွက်လာသည့်အတွက် စစ်ကောင်စီတပ်က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားများ အထိုင်ချ စခန်းကို ပြေးသွားခဲ့ကြောင်း အဆိုပါ ပကဖ တာဝန်ခံက ပြောဆိုသည်။ ဒရုန်းဖြင့် […]