စစ်ကောင်စီတပ်နှင့် ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်
Dawei Watch
April 13, 2024တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းကျေးရွာအကြား လမ်းကင်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဘန်းလမွတ်ရွာသို့ ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ထံမှ သိရသည်။ ယနေ့(ဧပြီ ၁၃) နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ယာဉ်တန်း သွားရန်အတွက် လမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ ထိုသို့တိုက်ခိုက်ပြီးနောက် နံနက် ၈ နာရီခွဲခန့်တွင် ဘန်းလမွတ်ဘက်သို့လာသာည့် စစ်ကောင်စီတပ်ကား ၃ စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းထံမှ သိရသည်။ “စကစ ယာဉ်တန်းသွားလို့ရအောင် လမ်းကင်းချတဲ့နေရာကိုရော၊ စကစ ယာဉ်တန်းကိုရော ကျွန်တော်တို့က အဖွဲ့ခွဲပြီးဆွဲမိုင်းနှစ်လုံးတွဲ တစ်စုံစီနဲ့ တိုက်ခိုက်ခဲ့တာပေါ့”ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးနှင့် […]