ကျွန်းစု ဝါးအော်ငယ်ကမ်းခြေတွင် ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းတွေ့
Dawei Watch
September 1, 2024ကျွန်းစုမြို့နယ်၊ စခန်းသစ်အုပ်စု ၊ ဝါးအော်ငယ်ရွာကမ်းခြေတွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း သောင်တင်နေသည်ကို ဩဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းက တွေ့ရှိရကြောင်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများထံကသိရသည်။ ပင်လယ်ပြင်မှ မျောပါလာသည့် ယင်းအမျိုးသားအလောင်းကို ရွာသားများကတွေ့၍ အကြောင်းကြားသဖြင့် စခန်းသစ်ရွာမှ ဟိတဓရ အသင်းက သွားရောက်သယ်ဆောင်ပြီး စခန်းသစ်တိုက်နယ် ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ရင်ခွဲရုံ၏ ဆေးစစ်ချက်နှင့် ရဲမှတ်တမ်းစစ်ဆေးချက်များအရ ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း ဟိတဓရအသင်းထံကသိရသည်။ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့အထိ ပိုင်ရှင်ပြန်မတွေ့သဖြင့် စခန်းသစ်ရွာတွင် သင်္ဂြိုဟ်ပေးလိုက်ပြီဖြစ်ကြောင်း ယင်းအသင်းဝင်တစ်ဦးကပြောသည်။ ” ရွာသားတွေအကြောင်းကြားလို့ ရဲကိုခေါ်ပြီး အေလာင်းသယ်ပြီး ရင်ခွဲရုံပို့ပေးလိုက်တယ် ။ အလောင်းကပြင်ပဒဏ်ရာမရှိဘူး ။ မျက်စိနဲ့နှာခေါင်းက သွေးနည်းနည်းထွက်နေတာရှိတယ်။ ပိုင်ရှင်ကမေပါ်လာတော့ စခန်းသစ်မှာပဲ သင်္ဂြိုဟ် ပေးလိုက်တယ်” ဟု […]