ဘုတ်ပြင်းတွင် အမျိုးသားတစ်ဦး ဥယျာဉ်ခြံအတွင်း ပြတ်ရှဒဏ်ရာများဖြင့် သေဆုံး
Dawei Watch
September 28, 2024ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာအနီးရှိ ကျားကပ်အော် (အလုပ်စခန်းနေရာ) တွင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်က အမျိုးသားတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ဥယျာဉ်ခြံအတွင်း သေဆုံးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ ဝန်းကျင်အရွယ် ဦးစိုးမြင့်သည် ဥယျာဉ်ခြံအတွင်းသို့သွားရာက ထမင်းစားချိန် နေအိမ်သို့ ပြန်မလာသဖြင့် ဇနီးဖြစ်သူက လိုက်လံကြည့်ရှုချိန်တွင် ပြတ်ရှဒဏ်ရာများဖြင့် သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူ့မယားက ထမင်းစားချိန် ပြန်မလာလို့ လိုက်သွားချိန်မှာ သေနေပြီ။ သူတို့ထင်တာက စောစောပိုင်း (မနက်ပိုင်း) က ဖြစ်တာဖြစ်မှာ။ သူတို့တွေ့တဲ့အချိန်ဆိုရင် သွေးက မခြောက်သေးဘူးဆိုတော့” ဟု ၎င်းက ပြောသည်။ ထိုသို့ သေဆုံးနေသည့်အတွက် ကရသူရိမြို့ရှိ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သော်လည်း လာရောက် စစ်ဆေးခဲ့ခြင်းမရှိကြောင်း အထက်ပါ […]