တနင်္သာရီက ကျေးရွာနှစ်ရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ
Dawei Watch
October 7, 2024တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီခွဲခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ နံနက် ၉နာရီ ခွဲခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တကူရွာနှင့် သိန္ဓောကျေးရွာကို ဗုံးကြဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “နေအိမ်နဲ့ ဒေသခံတွေ ထိခိုက်မှုကိုတော့ မကြားမိသေးဘူး။ စကစ က သူတို့ စွန့်သွားတဲ့ သိန္ဓောစခန်းကိုလည်း လာကြဲသွားတယ်လို့ သိရတယ်“ ဟု မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှု အသေးစိတ်အခြေအနေအား Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့် EAR တယ်လီဂရမ်ချန်နယ်တွင် နံနက် ၉နာရီ ၄၇မိနစ်ခန့်က မြိတ်လေတပ်မှ […]