BREAKING
April 20, 2025

မြိတ်

ပုလော ဘုရင့်တောင်ရွာအနီး တိုက်ခိုက်ခံရမှုတွင် KNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

Dawei Watch

October 16, 2024

ပုလောမြို့နယ်၊ ဘုရင့်တောင်ရွာအနီး ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၂) က တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကြောင်း ဒေသခံအချို့နှင့် KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း (၁၂) တို့ထံမှ သိရသည်။ အောက်တိုဘာလ ၁၂ ရက်တွင် ပလောက်အခြေစိုက် ခလရ ၂၈၀ တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလာပြီး KNLA တပ်ရင်း (၁၂) ထံတွင် လက်နက်မပါဘဲ ခိုလှုံလာကြောင်း ၎င်းတို့က ပြောသည်။ လက်နက်များကို တစ်နေရာတွင် ဝှက်ထားခဲ့သည်ဆိုသဖြင့် ခိုလှုံလာသူနှစ်ဦးကို ခေါ်ဆောင်ကာ KNLA တပ်ဖွဲ့ဝင်တို့ ဘုရင့်တောင်ရွာဘက်တွင် လက်နက်ပြန်ယူရန်သွားစဉ် အသင့်စောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သဖြင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ လက်နက် ပြန်ယူစဉ် အသင့်စောင့်ဆိုင်း ပစ်ခတ်ခံရမှုမှာ […]

ပုလော မီးလောင်ချောင်းရွာတွင် စစ်ကောင်စီတပ် အင်အားရာချီတိုးချဲ့

Dawei Watch

October 14, 2024

စစ်ကောင်စီတပ်က ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စခန်းတွင် စစ်အင်အား ရာချီတိုးချဲ့ချထားလာပြီး လက်နက်ကြီးများ ပါကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၁၄ရက်တွင် စစ်အင်အားတိုးချဲ့လိုက်ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကို စစ်ကြောင်းထိုးလာလျှင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း မီးလောင်းချောင်းရွာနှင့် အနီးတဝိုက်ရွာများရှိ ဒေသခံအချို့က ပြောသည်။ “အင်အားတော်တော်များတယ်။ ကျွန်မတို့လည်း ရင်တတိတ်တိတ်နဲ့ စိုးရိမ်နေရတာပေါ့။ စစ်ကြောင်းထိုးတာရော တိုက်ပွဲတွေပါ ဖြစ်လာမှာကို ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က မီးလောင်ချောင်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းနေရာယူထားသည့် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ဖူးသည်။ အဆိုပါစခန်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စခန်းစွန့်ခွာသွားသဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ဆောက်ထားသည့် ဘန်ကာနှင့် ရပ်ရွာအတွင်းရှိ ကတုတ်ကျင်းအားလုံးကို […]

စစ်ကောင်စီတပ်က ပုလော၊ ခန္တီကျေးရွာအုပ်စုကို စစ်ကြောင်းထိုး၊ အရပ်သား ၃၀ ခန့် ကိုဖမ်းဆီးရိုက်နှက်

Dawei Watch

October 14, 2024

ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး အရပ်သား ၃၀ ခန့်ကို ဖမ်းဆီးရိုက်နှက်နေကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၁၄ ရက်(ယနေ့ )နံနက် ၈နာရီခွဲဝန်းကျင်က အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်သားများက လှေငယ် ၃ စီးဖြင့် ခန္တီကျေးရွာအုပ်စုရှိ တောင်ခေါင်းလောင်းရွာနှင့် ကုလားမခေါင်းကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။ “ပြေးတဲ့သူကပြေးပြီး ပြေးမလွတ်တဲ့သူနဲ့ ရွာမှာရှိနေတဲ့ လူငယ်သုံးဆယ်လောက်ကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသလို ရိုက်နှက်တာတွေလည်း လုပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိုသို့ ဖမ်းဆီးသည့်အပြင် ရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းများကို ရှာဖွေနေကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် လှေတွင်အသုံးပြုသည့် စက်များအတွက် […]

စစ်ကောင်စီလက်နက်ကြီး လမ်းမကြီးပေါ် ကျ၍ ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ

Dawei Watch

October 13, 2024

စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန် တနင်္သာရီမြို့နယ် ၊ တမုတ်ချုံးရွာအနီး လမ်းမကြီးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့သူများနှင့် ဒေသခံများထံကသိရသည်။ ယင်းလက်နက်ကြီး ကျည်ဆန်ကျရောက် ပေါက်ကွဲမှုမှာ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ” လက်နက်ကြီးကျည်ထိတာက ၃ ယောက် ထိသွားတယ်။ ဒရုန်းနဲ့ချတာလို့လည်း ပြောကြတယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။ လက်နက်ကြီး ကျည်ဆန်ကျရောက်ပေါက်ကွဲသည့် နေရာတွင် ကွမ်းသီးရောင်းပြီး ပြန်လာသည့် အမျိုးသားတစ်ဦးနှင့် ကလေးနှစ်ဦးလိုက်ပါလာသည့် ဆိုင်ကယ်တစ်စီး၊ မြိတ်မြို့နယ် ကျွဲကူးရွာဘက်မှ အလှူလာသည့် သားအမိသားအဖ သုံးဦး စီးလာသည့် ဆိုင်ကယ် နှစ်စီး စုစုပေါင်း ဆိုင်ကယ်သုံးစီးနှင့် လူခြောက်ဦးရှိနေခဲ့သည်ဟု ဒေသခံတို့ကပြောပြသည်။ ယင်းခြောက်ဦးအနောက် […]

မြိတ်ပင်လယ်ပြင်တွင် ဆီတင်လှေတစ်စီး မီးလောင်

Dawei Watch

October 12, 2024

မြိတ်ခရိုင် ၊ ကျွန်းစုမြို့နယ် ၊ ကန်းကြီးကျေးရွာအုပ်စု ၊ သန္တာကျွန်းဝိုင်း ရေပြင်ကြီးတွင် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲပိုင်းက ဆီတင်လှေတစ်စီး မီးလောင်မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ကထုတ်ပြန်သည်။ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် စတင်လောင်ကျွမ်းပြီး မြိတ်ခရိုင် မီးသတ်မှ မီးသတ်ရေသယ်ယာဥ်၊ ငြှိမ်းသတ်ယာဥ်တို့ဖြင့် ငြိမ်းသတ်မှုကြောင့် နာရီဝက်ကျော်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဌာနထံကသိရသည်။ မီးလောင်မှုဖြစ်သည့် ဆီတင်လှေတွင် တပ်ဆင်ထားသည့် ဘတ္ထရီအိုး ဝါယာရှော့ဖြစ်ရာမှ မီးစလောင်ခဲ့ပြီး လှေ၏ အရှေ့ပိုင်းမီးလောင်ပျက်စီးခဲ့သည် ဟု ကျွန်းစုမြို့နယ် မီးသတ်ဦးစီးဌာန ကပြောသည်။ အခြားလှေများထံ မီးကူးစက်လောင်ကျွမ်းခြင်းလည်းမရှိခဲ့သလို လူထိခိုက်ဒဏ်ရာရမှုလည်းမရှိခဲ့ကြောင်း ယင်းမီးသတ်ဌာနက ဆက်ပြောသည်။ အောက်တိုဘာလ ၇ ရက်ကလည်း ကျွန်းစုမြို့နယ် ၊ ကံမော်ရွာတွင် မီးဖိုချောင်သုံးထင်း မီးခိုးကျပ်တိုက်ရာမှ မီးလောင်မှု […]

တနင်္သာရီ တကူရွာတွင် အငြိမ်းစားကျောင်းဆရာမတစ်ဦး အသတ်ခံရ

Dawei Watch

October 10, 2024

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် အသက် ၆၀အရွယ် အငြိမ်းစားကျောင်းဆရာမတစ်ဦး အောက်တိုဘာလ ၈ ရက်ညက အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ည ၈နာရီဝန်းကျင်တွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် အငြိမ်းစားကျောင်းဆရာမ ဒေါ်စီစီနွယ်၏ ရုပ်အလောင်းကို ၎င်းနေအိမ်မှ ငါးမိနစ်ခန့်လမ်းလျှောက်သွားရသည့် နေရာတွင် တွေ့ရကြောင်း ၎င်းတို့က ပြောသည်။ ဒေါ်စီစီနွယ်၏ ရုပ်အလောင်းတွင် ဦးခေါင်းနှင့် မျက်နှာတွင် ပုဆိန်ဖြင့် အခုတ်ခံထားရသည်ဟု ယူဆရသည့် ဒဏ်ရာများ တွေ့ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ညမှောင်တော့ သူ့အိမ်မှာ တံခါးဖွင့်ထားပြီး မီးမလင်းသေးတာတွေ့ရတော့ သူ့သားကို ဖုန်းဆက်မေးလိုက်သေးတယ်။ နောက်တော့ အိမ်မှာမရှိတော့ လိုက်ရှာကြမှ သေဆုံးနေတဲ့ အလောင်းကိုတွေ့ခဲ့ကြရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ဒေါ်စီစီနွယ်တို့တွင် သားအမိနှစ်ဦး နေထိုင်ကြခြင်းဖြစ်ပြီး သားဖြစ်သူ အပြင်သို့ […]

ဘန်လောရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

October 9, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ် ဘန်လောကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၈ ရက်‌ နေ့လယ် ၁၂နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အနောက်ဘန်လောကို ဒရုန်းဖြင့်ဗုံး ၁၀လုံးကြဲချတိုက်ခိုက်ခဲ့သလို အရှေ့ဘန်လောရွာထဲကိုလည်း ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အနောက်ဘန်လောဒေသခံ အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အဲဒီအဖွားက အိမ်မှာနေရင်း ဒရုန်းဗုံးသီးအစ လာထိသွားတာပါ။ ရှပ်ထိတာမျိုးဆိုတော့ ဒဏ်ရာက မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောဆိုသည်။ ဗုံးချတိုက်ခိုက်မှုကြောင့် အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။ အဆိုပါဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခြင်းကိုညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၁ တပ်ရင်းနှင့် အရှေ့ဘန်လောရွာ ကြားရှိ ကျောက်ပုံတောင်စခန်းက […]

ကျွန်းစု ကံမော်ရွာတွင် နေအိမ်ငါးလုံးမီးလောင်

Dawei Watch

October 8, 2024

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ရွာတွင် အောက်တိုဘာလ ၇ ရက် မွန်းလွဲပိုင်းက နေအိမ်ငါးလုံး မီးလောင်ပျက်စီးကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနတို့ထံမှ သိရသည်။ ကံမော်ရွာ၊ အမှတ် (၅) ရပ်ကွက်၊ ရွှေဘုံသာလမ်းတွင် မီးလောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ငါးလုံးမှာ သုံးလုံးက နည်းနည်းပါးပါးကျန်တယ်။ နှစ်လုံးက မီးထဲပါပြီး အကုန် ကုန်သွားတယ်” ဟု မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ မီးဖိုချောင်အသုံးပြုရန် ထင်းကို မီးခိုးကျပ်တိုက်ရာမှာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင်ကျွမ်းသည့် နေအိမ်ကိုလည်း အရေးယူရန် စီစဥ်နေကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ Dawei Watch က တွေ့ရှိရသည့် ကံမော်ရွာ မီးလောင်မှုရုပ်သံမှတ်တမ်းတွင် နေအိမ်တစ်လုံး လုံးဝမီးစွဲနေပြီး နောက်ထပ် နေအိမ်တစ်လုံး အပေါ်ထပ်မီးစွဲနေသည်ကို မီးသတ်ကားနှင့် […]