ကျောက္ကာရွာလှေမြုပ်မှု ကျောင်းသားအရွယ်များ အပါအဝင် အလောင်း ကိုးလောင်းထပ်တွေ့
Dawei Watch
October 22, 2024ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်အတွင်း စက်လှေနစ်မြုပ်မှုဖြစ်စဉ်တွင် အလောင်း ၉ လောင်း ထပ်တွေ့ထားကြောင်း ကူညီကယ်ဆယ်ရေးနေရာသို့ ရောက်နေသူအချို့ထံမှ သိရသည်။ ယနေ့(အောက်တိုဘာ ၂၂) ကယ်ဆယ်ရေးတွင် အလောင်း ၉ လောင်းထပ်တွေ့ရပြီး အများစုမှာ ကျောင်းသူကျောင်းသားများနှင့် ကလေးများဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးနေရာတွင် ရောက်နေသည့် ဦးဇင်းတစ်ပါးဖြစ်သူ အရှင်သုန္ဒရက မိန့်ကြားသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း အလောင်း ၁၁ လောင်းတွေ့ထားသည့်အတွက် စုစုပေါင်း အလောင်း ၂၀ ဆယ်ယူရရှိထားကြောင်း ၎င်းကမိန့်သည်။ ထိုကြောင့် ယမန်နေ့အထိစာရင်းအရ ပျောက်ဆုံးနေသူ ၁၇ ဦးရှိရာ ယနေ့တွင် ၉ လောင်းဆယ်ယူနိုင်ခဲ့သည့်အတွက် ပျောက်ဆုံးနေသူ ၈ ဦးခန့်ရှိနေသေးကြောင်း သိရသည်။ စက်လှေပေါ်တွင် မြိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသွားတက်မည့် ကျောင်းသူကျောင်းသားများနှင့် စစ်ဘေးရှောင်အချို့လည်းပါဝင်သည်။ “ကလေးတွေရှိသေးတယ် […]