မြိတ်မြို့တွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ
Dawei Watch
November 10, 2024မြိတ်မြို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွါးမှုများနေပြီး လူသေဆုံးမှုပါရှိလာကြောင်းမြိတ်ပြည်သူ့ဆေးရုံကြီးက အမည်မဖော်လိုသည့် ကျန်းမာရေးသတင်းအရင်းအမြစ်များနှင့် ဒေသခံများထံမှ သိရသည်။ မြိတ်မြို့ပေါ်တွင် အောက်တိုဘာလ နောက်ဆုံးအပတ်မှစကာ ဝမ်းပျက်ဝမ်းလျှောဖြစ်သူများ စတွေ့လာရပြီး နိုဝင်ဘာလ လဆန်းတွင် ဖြစ်ပွားမှုနှုန်း ပိုများလာကြောင်း မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှ သတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။ လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ လှေလုပ်သားများတွင် အဖြစ်များနေပြီး မြို့ပေါ်တွင်လည်း လူကြီးအပြင် ကလေးများပါ ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။ လတ်တလောအခြေအနေ၌ ဝမ်းပျက်ဝမ်းလျှောလက္ခဏာဖြင့် တစ်ရက်လျှင် ပျမ်းမျှလူ ၃၀ ခန့် ဆေးရုံတက်နေရပြီး ကာလဝမ်းရောဂါပိုး သံသယရှိသူ ၇ ဦးကို သီးသန့်ထား စောင့်ကြည့်နေကြောင်း မြိတ်ဆေးရုံကြီးက နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ “လာတဲ့လူနာတွေက သွေးပေါင်တိုင်းမရဘူး။ ပုလင်းကြီး လေးလုံးလောက်ချိတ်မှ သွေးပေါင်ပြန်တိုင်းလို့ရတယ်။ ရက်ကြာတဲ့လူနာတွေက ပုလင်းကြီး အများကြီးဝင်မှ […]