တနင်္သာရီတွင် မိုင်းထိလူနာ သယ်လာသူ မိုင်းထပ်နင်းမိ၊ နှစ်ဦးစလုံးခြေထောက်တစ်ဖက်စီဖြတ်ရ
Dawei Watch
August 24, 2024တနင်္သာရီမြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စုရှိ အော်ကြီးရွာတွင် မိုင်းထိလူနာအား သယ်ဆောင်လာသူ မိုင်းထပ်နင်းမိသည့်အတွက် နှစ်ဦးစလုံး ခြေတစ်ဖက်စီဖြတ်တောက်လိုက်ရကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၂၁ရက် နံနက်က ဥယျာဉ်အတွင်း ကွမ်းသီးနှင့် ဟင်းသီးဟင်းရွက်ခူးပြီး ပြန်ချိန်တွင် မိုင်းနင်းမိသဖြင့် အသက် ၃၃နှစ်အရွယ် မခိုင်ခိုင်လဲ့နှင့် ၃၈ နှစ်အရွယ် ကိုဟန်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံအချို့က ဆိုသည်။ “မခိုင်ခိုင်လဲ့အရင်နင်းမိတယ်။ မခိုင်ခိုင်လဲ့ဒဏ်ရာရတော့ ကိုဟန်ဦး ထမ်းလာချိန်မှာ ကိုဟန်ဦးက ထပ်နင်းမိတယ်။ မခိုင်ခိုင်လဲ့မှာကတော့ ညာခြေဖနောင့်တစ်ဖက်နဲ့ ကိုဟန်ဦးမှာကတော့ ဘယ်ဖက်ခြေ တစ်ဖက်ဖြတ်လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် မိုင်းနင်းမိသည့် ဒေသခံနှစ်ဦးမှာ တနင်္သာရီမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံများထံမှ သိရသည်။ အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (၅၅၇) အနီးတွင် မိုင်းနင်းမိခြင်းဖြစ်သည့်အတွက် စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းဖြစ်ကြောင်း […]