BREAKING
April 20, 2025

မြိတ်

တပိုရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချ၊ ထိတွေ့ပစ်ခတ်မှု တစ်ရက်လုံးဖြစ်

Dawei Watch

November 23, 2024

ပုလောမြို့နယ်၊ တပို‌ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ပြီးနောက် ဝင်ရောက်တပ်စွဲလာပြီး ယနေ့ နံနက်ပိုင်းမှ ညပိုင်းအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
‌
 ယနေ့ နိုဝင်ဘာလ ၂၃ရက် နံနက်တွင် စစ်‌ကောင်စီတပ်က တပိုရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချသွားတယ်။ ရွာအနောက်ပိုင်းက ဦးစိုးမြင့်အိမ်နားမှာ ပေါက်ကွဲသွားတာပါ။ အရပ်သား ထိခိုက်မှုတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုမတိုင်မီ စစ်ကောင်စီတပ်သည် ကြဲကျေးရွာနှင့် ဇရပ်ဆိပ်ကျေးရွာအနောက်ပိုင်းရှိ ဘုန်းကြီးကျောင်းတို့ တွင် တပ်စွဲထားကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ တပိုကျေးရွာသည် ကြဲနှင့် ဇရပ်ဆိပ်ကျေးရွာတို့ အကြားတွင် တည်ရှိသည်။ ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ကြဲ‌ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက် […]

စစ်ကောင်စီတပ်က ဆင်ဒင်ရွာရှိ နေအိမ်ခြောက်လုံးကိုမီးရှို့ပြီး အရပ်သားနှစ်ဦးကိုဖမ်းဆီး

Dawei Watch

November 23, 2024

တနင်္သာရီမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက ဆင်ဒင်ရွာသားနှစ်ဦးကို ဖမ်းဆီးပြီး နေအိမ် ၆ လုံးမီးရှို့ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ (နိုဝင်ဘာ ၂၃) နံနက် ၆ နာရီအချိန်တွင် တနင်္သာရီမြို့နယ်ထဲက ဇဝဲနှင့်ရမ်းဖိုကျေးရွာအကြားရှိ ကျောက်ချောင်းတောင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ဆင်ဒင်ရွာနေ အသက် ၆၀အရွယ် ဦးမောင်အေးနှင့် အသက် ၃၀အရွယ် ဦးချစ်ဆန်းမောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ရွာနားမှာ မိုင်းဆွဲခံရပြီး သူတို့ဘက်ကအထိနာလို့ ရမ်းပြီးဖမ်းဆောင်သွားတာမျိုးပါ။ ဖမ်းခေါ်သွားတဲ့ အရပ်သားနှစ်ဦးကို ခမရ ၅၅၆ ဇဝဲတပ်ရင်းထဲကိုပဲဖမ်းခေါ်သွားတာ” ဟု တနင်္သာရီရိုးမ၊ ဇုန်(၃) အဖွဲ့၏ ဇုန်တာဝန်ခံရဲဘော်အိုတူးက ပြောသည်။ မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က ဆင်ဒင်ရွာအတွင်းဝင်ရောက်လာပြီး နေအိမ်များကို […]

မြိတ်တွင် ဝါလတ်ငါးဖမ်းလှေတစ်စီး မီးလောင်၊ သုံးဦးဒဏ်ရာရ

Dawei Watch

November 23, 2024

■ သတင်းဖြည့်စွက်ချက် မြိတ်မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းများနှင့် မီးသတ်သတင်းရင်းမြစ်အချို့ထံ နိုဝင်ဘာလ ၂၄ ရက်တွင် နောက်ဆက်တွဲမေးမြန်းချက်အရ ငါးဖမ်းစက်လှေ မီးလောင်မှုတွင် ဒဏ်ရာရသူသုံးဦးအပြင် မီးလောင်ခဲ့သည့် စက်လှေအတွင်း၌ မီးလောင်ထားသည့် လူဦးခေါင်းခွံတစ်ခုလည်း တွေ့ရကြောင်း သိရသည်။ မီးလောင်ကျွမ်းခဲ့သူသည် လှေလုပ်သားဖြစ်နိုင်သည်ဟု မြို့ခံများက ယူဆပြောဆိုနေကြသော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။ – – – – – – – – – မြိတ်မြို့၊ တလိုင်းစုရပ်၊ ဆိပ်ငယ်ဘောတံတားအနီး ရေလယ်ရှိ ဆီဘောတွင် ဆီဖြည့်ရန်ကပ်ထားသည့် ဝါလတ်ငါးဖမ်းလှေတစ်စီး ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ည ၆ နာရီ ၄၅ မိနစ်ခန့်က မီးလောင်ခဲ့ကြောင်း […]

ထားဝယ်နှင့်မြိတ်တွင် စစ်ကောင်စီက ပိုလီတက္ကနစ်တက္ကသိုလ် ပြိုင်တူဖွင့်လှစ်

Dawei Watch

November 23, 2024

ထားဝယ်မြို့ နှင့်မြိတ်မြို့တို့တွင် စစ်ကောင်စီက ပိုလီတက္ကနစ်တက္ကသိုလ်နှစ်ခုကို နိုဝင်ဘာလ ၂၁ ရက်က ပြိုင်တူ ဖွင့်လှစ်ခဲ့သည့်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဝက်ဆိုဒ်တွင် ဖော်ပြထားသည် ။ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျုတာတက္ကသိုလ်များကိုပူးပေါင်း၍ ပိုလီတက္ကနစ်တက္ကသိုလ်အဖြစ် ဖွင့်လှစ်နိုင်ရန်စစ်ကောင်စီဘက်မှ ပြီးခဲ့သည့်ဇွန်လတွင် ဆွေးနွေးခဲ့ပြီးနောက် ၅ လအကြာတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ထားဝယ် ပိုလီတက္ကနစ်တက္ကသိုလ်ကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ဖွင့်လှစ်ပေးခဲ့ပြီး မြိတ်ပိုလီတက္ကနစ်တက္ကသိုလ်ကိုမူ စစ်ကောင်စီ ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း က ဖွင့်လှစ်ပေးခဲ့သည် ။ ပိုလီတက္ကနစ်တက္ကသိုလ်သည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊သင်္ချာပညာရပ်များနှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ပညာရပ်များအား ဘွဲ့ကြိုသင်တန်းများ၊ ဘွဲ့လွန်သင်တန်းများကို လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသော တက္ကသိုလ် ဖြစ်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ဦးမြတ်ကိုက ပြောကြားသည်။ စစ်ကောင်စီ၏ […]

တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် နေအိမ်များကို မီးရှို့

Dawei Watch

November 23, 2024

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာနှင့်ရမ်းဖိုကျေးရွာကြားတွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အရပ်သားနေအိမ်များကို မီးရှို့နေကြောင်း ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၃ရက်) နံနက် ၆ နာရီခန့်တွင် ဇဝဲအခြေစိုက်တပ်ရင်းမှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို ဇဝဲရွာနှင့် ရမ်းဖိုကျေးရွာကြားရှိ ကျောက်ချောင်းတောင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံကဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းကို မြိတ်ပကဖနှင့် တနင်္သာရီပကဖဇုန် ၃ ရှိတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းကပြောသည်။ “သူတို့တော်တော်လေး အထိနာသွားတာ။ သေဆုံးနဲ့ နာတဲ့သူ ဆယ်ယောက်အထိ ရှိတယ်လို့ ကနဦးသိထားရတယ်။ Vigo ကားနဲ့ သေဆုံးနဲ့နာတဲ့သူကို ဇဝဲတပ်ရင်းကို ပြန်သယ်ယူသွားတယ်” ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက […]

ပုလောတွင် ထွေအုပ်အပါအဝင် ဌာနဆိုင်ရာရုံးများရှိသည့်နေရာ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

November 22, 2024

ပုလောမြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် စစ်ကောင်စီဌာနဆိုင်ရာရုံးများရှိသည့်နေရာကို ဒရုန်းဖြင့်နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် မြို့ခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၀ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် မြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကိုပစ်မှတ်ထားကာ ဗုံးချတိုက်ခိုက် ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆိုသည်။ “ပစ်မှတ်ကတော့ ထွေအုပ်ရုံးကိုပါ။ ဗုံးသီးချတဲ့အချိန် လေနည်းနည်းပြင်းနေလို့ အဆောက်အအုံအပေါ်မကျဘဲ ကွင်းပြင်ထဲ ကျသွားပါတယ်။ ဘာအထိအခိုက်မှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီဌာနဆိုင်ရာရုံးအများစုရှိသည့် လယ်ဝိုင်းဘုန်းကြီးကျောင်းအနီးတွင် ဗုံးသီးအချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မီးခိုးများအူထွက်လာသည်ကို တွေ့ရကြောင်း ပုလောမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “လူအထိအခိုက် မရှိပါဘူး။ ဒီမှာက အမြဲဖြစ်နေတာ။ ရိုးနေပါပြီ။ ပုံမှန်သွားလာနေကြတာပဲ” ဟု ၎င်းက ပြောဆိုသည်။ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာတွင် လူအထိအခိုက်မရှိဘဲ […]

မြိတ်အကျဉ်းထောင်တွင် ဆေးဝါးပို့မှုကန့်သတ်ထား၍ အကျဉ်းသားများ ကျန်းမာရေးအခက်ကြုံ

Dawei Watch

November 22, 2024

မိသားစုဝင်များက ဆေးဝါးပို့ပေးခြင်းကို မြိတ်အကျဉ်းထောင် အာဏာပိုင်များက ကန့်သတ်ထားသည့်အတွက် အကျဉ်းကျခံနေရသည့် အကျဉ်းသားများ ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ အကျဉ်းသားများကို ဆေးဝါးပေးပို့ခြင်းကို ယခုနှစ် စက်တင်ဘာလတွင် စတင်တင်းကျပ်လိုက်ပြီး လက်ရှိတွင် အကျဉ်းသားများအတွက် ဆေးဝါးပေးပို့ခြင်းကို လုံးဝတားမြစ်လိုက်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ဆိုသည်။ ထောင်အာဏာပိုင်များက အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများကို ထောင်အတွင်းရှိ ဆေးပေးခန်းတွင်သာ ဝယ်ယူခွင့်ပြုနေကြောင်း ထောင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “အကျဉ်းထောင်ဆေးပေးခန်းက လိုအပ်တဲ့ဆေးတွေကို သူတို့ဆီဝယ်ရမယ်လို့ပြောတယ်။ အိမ်ကလာပို့တာကို ခွင့်မပြုတော့ဘူး။ ဆေးပေးခန်းကနေတစ်ဆင့် ဆေးဗိုလ်ကိုပြောပြီး ဆေးဗိုလ်ဆီက ပြန်ဝယ်ရတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ မကန့်သတ်မီကမူ အကျဉ်းသားများ ဆေးဝါးလိုအပ်ပါက ထောင်အတွင်းရှိ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူက လက်မှတ်ထိုးပေးပြီး အကျဉ်းသားမိသားစုက ထောင်ဝင်စာလာပို့သည့်အချိန်တွင် ယင်းလက်မှတ်ဖြင့် […]

ပုလော၊ ဇရပ်ဆိပ်ရွာတွင် တိုက်ပွဲဖြစ်

Dawei Watch

November 21, 2024

စစ်ရေးတင်းမာနေသည့် ပုလောမြို့နယ်ရှိ ဇရပ်ဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား‌ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနေ့က တိုက်ပွဲမဖြစ်မီ နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဇရပ်ဆိပ်ကျေးရွာ အလယ်ပိုင်း၌ ဂိတ်ချစစ်ဆေးနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထိုအချိန်တွင် စစ်ကောင်စီတပ်က ဇရပ်ဆိပ်ကျေးရွာအနောက်ပိုင်းရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း ၎င်းက ဆိုသည်။ “နေ့လယ်ကတည်းက စစ်ရေးကတင်းမာနေတာ။ PDFတွေဂိတ်ချပြီး ကားတွေကိုစစ်နေတဲ့အချိန် စစ်တပ်က လက်နက်ကြီးနဲ့ထုချလိုက်တယ်။ တိုက်ပွဲက ညမှစဖြစ်တာ တော်တော်ကြမ်းတယ်”ဟု အထက်ပါအမျိုးသားက ပြောသည်။ ပြည်သူကာကွယ်ရေးအဖွဲ့များက ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာက […]