BREAKING
April 28, 2025

မြိတ်

မြိတ် လမ်းကျူးဆိုင်များ ပြန်ဆုတ်ပါ

diz_admin

January 6, 2020

အများပြည်သူပိုင်လမ်းပေါ်သို့ ကျူးကျော်ပြီး အမိုးအဖီဆွဲခြင်းနှင့် ရေ မြောင်းအဖုံးပေါ်တွင် ဈေးဆိုင်များ ခင်းကျင်း ရောင်းချနေသူများအား စည်ပင်ဥပဒေ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေပုဒ်မ ၅၆၊ ပုဒ်မခွဲ (ဂ) အရ လမ်းပေါ်တွင်လည်းကောင်း၊ လမ်ဘေးရှိ ရေစီးရေလာမြောင်းပေါ်တွင်လည်းကောင်း၊ လူသွားစင်္ကြန်ပေါ်တွင်လည်းကောင်း ပိတ်ဆို့ပြီး စားပွဲ၊ ခုံတန်းလျား၊ သေတ္တာ၊ ဗျတ်၊ ကုန်ပစ္စည်း သို့မဟုတ် အခြားအရာဝတ္တုတစ်ခုခုကို ခင်းကျင်းထားရှိခြင်း၊ ရောင်းချခြင်း မပြုလုပ်ရဟု ဥပဒေထုတ်ပြန်ထားကြောင်း အထက်ပါ ကော်မတီမှ သိရသည်။ မလိုက်နာပါက ပထမအကြိမ်တွင် ဒဏ်ငွေကျပ်သုံးသောင်းမှ ငါးသောင်းအကြား၊ ဒုတိယအကြိမ်တွင် ကျပ်တစ်သိန်း စသဖြင့် တိုးမြှင့်ပြီး ဒဏ်ကြေး ဆောင်စေမည်ဖြစ်ကြောင်း ဦးမင်းဝေက ပြောသည်။ […]