BREAKING
April 2, 2025

မြိတ်

ရှားပါးဆေးဖက်ဝင် ကမ်းဇော်တော မြေယာလုပ်ကိုင်ခွင့်ကိစ္စ ပြန်စိစစ်ရန် တင်ပြမည်

diz_admin

January 15, 2020

ရှားပါးပြီး ဆေးဖက်ဝင်သည့် သဘာ၀ကမ်းဇော်တောအား လုပ်ငန်းရှင် တစ်ဦးအား မြေယာလုပ်ကိုင်ခွင့်ပေးထား သည့်အပေါ် ပြန်စိစစ်ရန် တင်ပြသွားမည် ဖြစ်ကြောင်း သာရမဲရွာသားများထံမှ သိရသည်။ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သရမဲကျေးရွာအနီး နှစ်ပေါင်းရာချီ သဘာ၀အတိုင်း ပေါက်ရောက်နေသည့် ကမ်းဇော်တော ဧက နှစ်ဆယ်ခန့်ရှိသည့် အနက် ဆယ်ဧကခန့်အား မြိတ်မြို့နေ လုပ်ငန်းရှင်တစ်ဦးက၂၀၁၂ ခုနှစ်မှစ၍ မြေယာလုပ်ကိုင်ခွင့် လျှောက်ထားပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယင်းအပေါ် ပြန်စိစစ်ရန် သက်ဆိုင် ရာဌာနများသို့ တင်ပြသွားမည် ဖြစ်ကြောင်း ရွာသားများက ပြောသည်။ “စလုပ်ကတည်းက ကန့်ကွက်ကြ တယ်။ ကန့်ကွက်နေရင်းနဲ့ ၂ နှစ်အကြာ သူ့မှာ ပုံစံ ၇ (မြေယာ လုပ်ကိုင်ခွင့် လက်မှတ်) ရသွားတယ်”ဟု ယင်း ကျေးရွာသား ဦးဆန်းမင်းဦးက ပြောသည်။ […]

မောတောင်နယ်စပ်တွင် ဖမ်းမိဝက်များ လေလံတင်ရောင်း

diz_admin

January 14, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှ ဖမ်းမိခဲ့သည့် ဝက်ကောင်ရေ လေးဆယ်ကျော်အတွက် လေလံကြေးငွေ ကျပ်သိန်းတစ်ရာကျော် ရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က နယ်စပ်ဂိတ်မှတဆင့် ထိုင်းမော်တော်ယာဉ်ဖြင့် တရားမဝင် တင်သွင်းလာသည့် ဝက်လေးဆယ်ငါးကောင်အား ဇန်နဝါရီလ ၃ ရက်က လေလံတင်ရောင်းချ ခဲ့ခြင်း ဖြစ်သည်။ “လေလံဆွဲတာက တစ်ယောက်တည်းဖြစ်သွားတယ်”ဟု တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမင်းဝေက ပြောသည်။ ဖမ်းမိဝက်များအား လေလံတင်ရောင်းချရာတွင် မြိတ်မှ လုပ်ငန်းရှင်တစ်ဦးနှင့် တနင်္သာရီမြို့မှ လုပ်ငန်းရှင်တစ်ဦးတို့ လေလံလျှောက်လွှာတင်ခဲ့ပြီး လေလံရောင်းချသည့်နေ့တွင် တနင်္သာရီမြို့မှ လုပ်ငန်းရှင် တစ်ဦးသာ လေလံဆွဲဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းဝေက ပြောပြသည်။ Dawei Watch

လမ်းကျူး ဈေးဆိုင်များအား စတင်အရေးယူ

diz_admin

January 13, 2020

အများပြည်သူပိုင်လမ်းပေါ်သို့ ကျူးကျော်ပြီး အမိုးအဖီဆွဲသူများနှင့် ရေမြောင်းအဖုံးပေါ်တို့တွင် ဈေးဆိုင်များ ခင်းကျင်း ရောင်းချနေသူများအား စည်ပင် ဥပဒေဖြင့် ဇန်နဝါရီလလ ၆ ရက်က စတင်အရေးယူခဲ့ကြောင်း တနင်္သာရီ မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။ ယင်းကဲ့သို့ အရေးယူမည့်အကြောင်း နှင့် ဇန်နဝါရီလ ၅ ရက် နောက်ဆုံး ထားပြီး မိမိတို့ပိုင် နယ်နိမိတ်အတွင်းတွင် ရောင်းချသွားကြရန် စာဖြင့် အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း အထက်ပါ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေက ပြောပြသည်။ “ပထမအကြိမ်အနေနဲ့ ဒဏ်ငွေ သုံးသောင်းနဲ့ အရေးယူခဲ့တယ်” ဟု ဦးမင်းဝေက ပြောသည်။ လက်ရှိတွင် တနင်္သာရီမြို့မရဲစခန်း အရှေ့လမ်းရှိ နေအိမ်နှင့် ဆိုင်ခန်း စုစုပေါင်း ၁၇ ဆိုင်အား အရေးယူခဲ့ပြီး ကျန်လမ်းများကိုလည်း စာဖြင့်အသိပေး အကြောင်းကြားထားပြီးဖြစ်ပြီး […]

“ ပသျှူးမို့လို့ နေရာ မပေးဘူး ”

diz_admin

January 8, 2020

မြန်မာနိုင်ငံတောင်ပိုင်းရှိ ပသျှူးလူမျိုးများ ခွဲခြားဆက်ဆံခံနေရသည် ပသျှူးထမင်းကြော်သည် နိုင်ငံကျော်သည်။ ပသျှူးလူမျိုးတွင်မူ နိုင်ငံကျော်သူ မရှိပါ။ ထူးချွန်ထင်ရှားသူဖြစ်ရန် သူတို့အတွက် အခက်အခဲ များစွာရှိနေကြောင်း ပသျှူးလူမျိုးတချို့က ဖွင့်ဟကြသည်။ ထင်ရှားသည့် ဘောလုံးအားကစားသမားတစ်ဦး ဖြစ်လိုသည်ဆိုသော ကော့သောင်းဆယ်မိုင်ရွာမှ အသက် ၂၀ ကျော်အရွယ် ပသျှူးလူငယ်တစ်ဦးကလည်း ဝါသနာပါရာလမ်းကို လျှောက်လှမ်း ခွင့်ရရန် အဟန့်အတားများ ရှိနေကြောင်း ဖွင့်ဟသည်။ ယင်းအဟန့်အတားမှာ ပသျှူးလူမျိုး ဖြစ်နေခြင်းက စသည်ဟု ထိုလူငယ်ကပြောသည်။ “ပသျှူးမို့လို့ နေရာ မပေးဘူး။ (ဘောလုံးကန်ဖို့) မြို့နယ်ရွေးပြီးမှ အကြောင်းအမျိုးမျိုးပြပြီး ချန်ခဲ့ခံရတယ်။ ကိုယ့်ရဲ့အရည်အချင်းတွေ ပြသခွင့် ဆုံးရှုံးနေတယ်။ မှတ်ပုံတင်မရှိလို့ မကစားရတာ လည်းရှိတယ်”ဟု ၎င်းလူငယ်က ပြောသည်။ အားကစားတွင် အရည်အချင်းရှိသည့် ပသျှူးလူငယ်များစွာရှိသော်လည်း သူ့ကဲ့သို့ပင် ချန်လှပ်ခံနေကြရကြောင်း ထိုလူငယ်က ပြောသည်။ […]

လွှတ်တော် အမတ်များ လူထုနှင့် တကယ် ထိစပ်ရဲ့လား

diz_admin

January 8, 2020

မြိတ်ဒေသခံ အပူသည် ၁၀၀ ကျော်တို့ စုဝေးကာ သူတို့၏ ကိုယ်စားလှယ်များကို ဝေဖန်လိုက်ကြသည်။ “လွှတ်တော်ကိုယ်စားလှယ်တွေက လူထုအသံကို ကွင်းဆင်း နားထောင် မပေးကြဘူး” ဇူလိုင်လ ၃ ရက်တွင် မြိတ် တောရ အောက်ကျောင်းဓမ္မရုံတွင် လူထုသတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ဝေဖန်လိုက် ကြခြင်းဖြစ်သည်။ မြိတ်ဒေသခံတို့ နေထိုင်လုပ်ကိုင် ဆောင်ရွက်နေသည့် ကဏ္ဍပေါင်းစုံတွင် နှစ်ပေါင်းများစွာမှ ယနေ့တိုင်ကြုံတွေ့ နေသည့် အခက်အခဲပြဿနာများကို တာဝန်ရှိသူများ သိရှိရန်နှင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် သတင်းစာရှင်းလင်း ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြိတ်မြို့နယ်၊ ပုလောမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့မှဒေသခံများ တက်ရောက်ခဲ့ကြသည့် ယင်းသတင်းစာ ရှင်းလင်းပွဲတွင် နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသည့်မြေယာပြဿနာ၊ အဂတိနှင့် တရားစီရင်ရေး၊ နိုင်ငံသားနှင့်အခွင့်အရေး၊ သစ်တောနှင့်ကုန်စိမ်းဈေး စသည့်ပြဿနာများကို ရှင်းလင်းပြောဆိုခဲ့ကြသည်။ ထိုပြဿနာရပ်များကို အစိုးရသိရှိရန် […]

မြိတ်တွင် မသန်စွမ်းအား မုဒိမ်းကျင့်ရန် အားထုတ်သူကို ဖမ်းဆီး

diz_admin

January 6, 2020

မြိတ်မြို့တွင် မသန်စွမ်းသည့် စိတ် ဝေဒနာရှင်အား မုဒိမ်းကျင့်ရန် အားထုတ် ခဲ့သည်ဆိုသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စုနေ အသက် ၅၂ နှစ်အရွယ်ရှိ မသန်စွမ်း အမျိုးသမီးကို ဒီဇင်ဘာလ၂၈ ရက်က အိမ်နီးချင်း အမျိုးသားက မုဒိမ်းကျင့်ရန် ကြံစည် ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အထက်ပါအမျိုးသမီးက ရေတွင်း တွင် ရေချိုးရန် ပြင်ဆင်နေစဉ် ရေတွင်း နှင့် ပေ ၃၀ ခန့်အကွာ နေအိမ်တွင် နေထိုင် သည့် အဆိုပါ အမျိုးသားက ရေတွင်း အနီးရှိ ကောက်ရိုးသိုလှောင်ထားသည့် တဲအတွင်း မုဒိမ်းကျင့်ရန် ကြံစည်နေ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ […]

Sea View ကွန်ဒို စူပါမားကက် ပစ္စည်းအမျိုးအမည် နှစ်သိန်းကျော် ရောင်းမည်

diz_admin

January 6, 2020

လာမည့် ခြောက်လအတွင်း ဖွင့်လှစ် ရန် စီစဉ်ထားသည့် မြိတ်ကမ်းနားလမ်းရှိ Sea View ကွန်ဒိုတွင် ပစ္စည်းအမျိုး အမည်ပေါင်း နှစ်သိန်းကျော် ထည့်သွင်း ရောင်းချမည်ဖြစ်ကြောင်း မြိတ်ဈေးဝယ် စင်တာ မန်နေဂျာ ဒေါ်မေသူက ပြော ကြားသည်။ ယင်းပစ္စည်းများတွင် စားသောက် ကုန်၊ လူသုံးကုန် နှင့် အလှကုန်ပစ္စည်းများ ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။ “စူပါမားကက်ဖွင့်ဖို့အတွက် မတ်လကနေပြီးတော့ ဆိုင်ခန်းတွေကို အပ်နှံသွားမယ်”ဟု ဒေါ်မေသူက ဆိုသည်။ စူပါမားကက်ကို Sea View Mall နှင့် မြိတ်ဈေးဝယ်စင်တာ (Myeik Shopping Center) တို့ပူးပေါင်းကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူများ ကပြောသည်။ စူပါမားကက် ပတ်ပတ်လည်တွင် ဆိုင်ခန်းပေါင်း ၂၈၇ ခန်း ပါဝင်မည် […]

ကွမ်းပင်ဘုတ်ဖတ်မှ လူသုံးကုန်ပစ္စည်း ထုတ်စက် အရစ်ကျစနစ်ဖြင့် ရောင်းမည်

diz_admin

January 6, 2020

မြိတ်မြို့ ပလောက်စုရပ်ကွက်တွင် ကွမ်းသီးပင် ဘုတ်ဖတ်မှ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်နေသူ ဦးသန်းဇော်ဦး က လုပ်ငန်းလုပ်ကိုင် လိုသူများအတွက် စက်များအား အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။ အဆိုပါလုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ရရှိစေရန် ရည်ရွယ် ၍ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချ ခြင်းဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောပြသည်။ “ထုတ်လုပ်တဲ့နည်းစနစ်ကို တစ်ပတ် ခေါ်ပြီး သင်ပေးပါမယ်”ဟု ဦးသန်းဇော်ဦး က ပြောသည်။ အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် အများဆုံး စက်သုံးလုံးအထိ ဝယ်ယူရ မည်ဖြစ်‌ကြောင်း ၎င်းက ပြောသည်။ စက်တစ်လုံးလျှင် ကျပ်သိန်းနှစ်ဆယ်ကျသင့်မည်ဖြစ်ပြီး ကနဦးအနေဖြင့် သုံးဆယ်ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်သည်။ ကျန်ငွေများအား ဘဏ်တိုးနှုန်းဖြင့် ပေါင်းကာ လစဉ်ပေးစနစ်ဖြင့် တစ်နှစ် တိတိ […]