BREAKING
March 29, 2025

မြိတ်

မြိတ်မြို့တွင်းသို့ ဘုရားဖူးယာဉ်ကြီးများ စနစ်တကျဝင်ထွက်နိုင်ရေး ဆောင်ရွက်မည်

diz_admin

January 21, 2020

မြိတ်မြို့တွင်းသို့ ဘုရားဖူးမှန်လုံယာဉ် ကြီးများစနစ်တကျ ဝင်ရောက်နိုင်ရန် အတွက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်ကုန်တင်ယာဉ်ကြီးများကြီး ကြပ်ရေးကော်မတီထံမှ သိရသည်။ ဘုရားဖူးမှန်လုံယာဉ်ကြီးများစနစ် တကျဝင်/ထွက်ပြုလုပ်နိုင်ရန်ပြီးခဲ့သည့် ဇန်နဝါရီလ၇ ရက်က ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့၊ စည်ပင်ကော်မတီစသဖြင့်သက် ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပါဝင် သည့်တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို စည်ပင် သာယာရေးကော်မတီရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ မြိတ်မြို့အဝင်ကျွဲကူး-ကျောက်ဖျား တံတားဂိတ်မှ ဟိုတယ်၊ တည်းခိုခန်း တို့၏ ဖုန်းနံပါတ်များနှင့် ဆက်သွယ်မေး မြန်းနိုင်မည့်တာဝန်ရှိသူများ၏ ဖုန်းနံ ပါတ်များပါသည့် လမ်းညွှန်လက်ကမ်း စာစောင်များကို ဘုရားဖူးယာဉ်များအား ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း ကုန်တင် ယာဉ်ကြီးများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောပြသည်။ ဘုရားဖူးယာဉ်များစနစ်တကျဝင်/ထွက်နိုင်ရေးအတွက်အစည်းအဝေးထပ်မံ ပြုလုပ်သွားမည်ဖြစ်ပြီးလမ်းညွှန်လက် ကမ်းစာစောင်များ ဖြန့်ဝေပေးမည့်အချိန် အားအတိအကျမသိရသေးကြောင်းကော် မတီဥက္ကဋ္ဌဦးသန့်ဇင်က ပြောပြသည်။ ထို့ပြင်စည်းကမ်းမဲ့မောင်းနှင်နေ ကြသည့်မြေ၊ သဲ၊ ကျောက်တင်ယာဉ်တို့အားမော်တော်ယာဉ် ဥပဒေနှင့် […]

ရန်ဖြစ်ပြီး အိမ်မှဆင်းသွားသည့် ဇနီးကို ပြန်ခေါ်ရာမှ ရဲတင်းဖြင့် ခုတ်

diz_admin

January 20, 2020

မြိတ်တွင် ရန်ဖြစ်ပြီး အိမ်ပေါ်မှ ဆင်းသွားသည့် ဇနီးသည်ကို ပြန်လိုက် ခေါ်ရာမှ ထပ်မံစကားများပြီး အမျိုးသား ဖြစ်သူက ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ တနင်္သာရီမြို့နယ်နေ လင်မယား နှစ်ဦးစကားများပြီး ဇနီးဖြစ်သူက မိဘ အိမ်ရှိသည့် မြိတ်မြို့တွင် လာရောက် နေထိုင်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဇန်နဝါရီလ ၁၃ ရက်တွင် အသက် ၃၀ နှစ်အရွယ်ခင်ပွန်းဖြစ်သူက ဇနီးကို မြိတ်မြို့၊ အင်းလေးမြိုင် ၅ ရပ်ကွက်ရှိ နေအိမ်တွင် ပြန်လာခေါ်စဉ် ထပ်မံစကားများ ကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။ ထိုသို့ စကားများနေသည်ကို ဝင်ရောက်ဟန့်တားသည့် အသက် ၄၆ နှစ်အရွယ် ယောက္ခမ အမျိုးသမီးနှင့် ၁၉ နှစ်အရွယ် […]

အိမ်တွင်းအကြမ်းဖက်မှု အများဆုံး

diz_admin

January 20, 2020

ထားဝယ်အမျိုးသမီးသမဂ္ဂထံ အကူ အညီတောင်းခံလာသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုဖြစ်စဉ်များအနက် အိမ်တွင်းအကြမ်းဖက်မှုက အများဆုံး ဖြစ်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၁၄ လတာ ကာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ် ခရိုင်တွင် အိမ်တွင်းအကြမ်းဖက်မှု ၉၂ မှု အကူအညီတောင်းခံလာကြာင်း ထားဝယ် အမျိုးသမီးသမဂ္ဂ၏ စာရင်းအရ သိရ သည်။ အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ လင်မယားစုံတွဲကြားနှင့် အတူနေ သမီးရည်းစားတို့အကြား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ပုံသဏန်အမျိုးမျိုးဖြင့် စနစ်တကျ အကြိမ်ကြိမ်ကျူးလွန်ခြင်း ဖြစ်ပြီး ရာဇဝတ်မှုမြောက်ကြောင်း အမျိုး သမီးသမဂ္ဂက ထုတ်ပြန်ထားသည်။ “အိမ်တွင်းအကြမ်းဖက်မှုလို့ပြောရင် ယောက်ျားက မိန်းမကိုရိုက်တာတို့၊ ယောက်ျားက နောက်အိမ်ထောင်ပြုသွား တာပဲဖြစ်ဖြစ်၊ ကလေးစရိတ်မပေးဘဲနဲ့ အဲလိုမျိုးဟာတွေလည်းရှိတယ်” […]

ဘုတ်ပြင်းတွင် ဇာတ်မင်းသမီးကို ဆုတက်ပေးရာမှ ခြောက်ဘီးကားကို မီးရှို့ မှုဖြစ်ပွား

diz_admin

January 15, 2020

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင် ဇာတ်ပွဲကနေသည့် မင်းသမီးကို ဆုတက်ပေးစဉ် ဇာတ်စင်အောက် ဆွဲချခံရသည်ကို မကျေနပ်သဖြင့် အမျိုးသားအချို့က ခြောက်ဘီးကား တစ်စီးကို မီးရှို့ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာ အုပ်စုတွင် ကပြဖျော်ဖြေနေသည့် ဇာတ်ပွဲ တွင် အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသား က မင်းသမီးကို ဇန်နဝါရီလ ၇ ရက်ည က ဆုတက်ပေးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ ထိုသို့ ဆုတက်ပေးစဉ် အသက် ၄၀ နှစ်အရွယ် အမျိုးသားက ဇာတ်စင်ပေါ် မှ ဆွဲချရာ ဆုတက်ပေးသည့် အမျိုးသားက ဇာတ်စင်အောက်သို့ မှောက်လျက်ကျ သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းသို့ဆွဲချခံရသည်ကို မကျေနပ်သဖြင့် သူငယ်ချင်း […]

မြိတ်အိမ်ခြံမြေဈေး ငါးနှစ်အတွင်း သုံးဆခန့် မြင့်တက်

diz_admin

January 15, 2020

မြိတ်မြို့အတွင်းရှိ အိမ်ခြံမြေဈေး နှုန်းများ ငါးနှစ်အတွင်း သုံးဆခန့်မြင့် တက်လာကြောင်းဒေသတွင်း အိမ်ခြံမြေ ရောင်းဝယ်သူများနှင့် မြန်မာနိုင်ငံအိမ်ခြံ မြေဝန်ဆောင်မှု အသင်း(မြိတ်ရုံးခွဲ)မှ သိရသည်။ လွန်ခဲ့သည့် ၅ နှစ်ခန့်က မြိတ်မြို့ အစွန်အဖျား ဆင်ခြေဖုံး ရပ်ကွက်များ ၏ ၄၀_၆၀ ပေရှိ အိမ်ရာမြေတစ်ကွက် လျှင် ငွေကျပ်သိန်း ၃၀ ရှိရာမှ ယခုအခါ တစ်ကွက်လျှင် ကျပ်သိန်းတစ်ရာကျော် အထိ အရောင်းအဝယ် ဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တနင်္သာရီတိုင်းဒေသကြီး (မြိတ်ရုံးခွဲ)ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။ မြိတ်မြို့အတွင်း ကျေးလက်နေ သူများ မြိတ်မြို့သို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်အကြောင်းများ ကြောင့် အခြေချနေထိုင်မှု များလာသည့် အတွက် မြို့ပေါ်ရှိအိမ်ခြံ မြေဈေးများ လည်း မြင့်တက်လာကြောင်း […]

ရှားပါးဆေးဖက်ဝင် ကမ်းဇော်တော မြေယာလုပ်ကိုင်ခွင့်ကိစ္စ ပြန်စိစစ်ရန် တင်ပြမည်

diz_admin

January 15, 2020

ရှားပါးပြီး ဆေးဖက်ဝင်သည့် သဘာ၀ကမ်းဇော်တောအား လုပ်ငန်းရှင် တစ်ဦးအား မြေယာလုပ်ကိုင်ခွင့်ပေးထား သည့်အပေါ် ပြန်စိစစ်ရန် တင်ပြသွားမည် ဖြစ်ကြောင်း သာရမဲရွာသားများထံမှ သိရသည်။ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သရမဲကျေးရွာအနီး နှစ်ပေါင်းရာချီ သဘာ၀အတိုင်း ပေါက်ရောက်နေသည့် ကမ်းဇော်တော ဧက နှစ်ဆယ်ခန့်ရှိသည့် အနက် ဆယ်ဧကခန့်အား မြိတ်မြို့နေ လုပ်ငန်းရှင်တစ်ဦးက၂၀၁၂ ခုနှစ်မှစ၍ မြေယာလုပ်ကိုင်ခွင့် လျှောက်ထားပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယင်းအပေါ် ပြန်စိစစ်ရန် သက်ဆိုင် ရာဌာနများသို့ တင်ပြသွားမည် ဖြစ်ကြောင်း ရွာသားများက ပြောသည်။ “စလုပ်ကတည်းက ကန့်ကွက်ကြ တယ်။ ကန့်ကွက်နေရင်းနဲ့ ၂ နှစ်အကြာ သူ့မှာ ပုံစံ ၇ (မြေယာ လုပ်ကိုင်ခွင့် လက်မှတ်) ရသွားတယ်”ဟု ယင်း ကျေးရွာသား ဦးဆန်းမင်းဦးက ပြောသည်။ […]

မောတောင်နယ်စပ်တွင် ဖမ်းမိဝက်များ လေလံတင်ရောင်း

diz_admin

January 14, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှ ဖမ်းမိခဲ့သည့် ဝက်ကောင်ရေ လေးဆယ်ကျော်အတွက် လေလံကြေးငွေ ကျပ်သိန်းတစ်ရာကျော် ရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က နယ်စပ်ဂိတ်မှတဆင့် ထိုင်းမော်တော်ယာဉ်ဖြင့် တရားမဝင် တင်သွင်းလာသည့် ဝက်လေးဆယ်ငါးကောင်အား ဇန်နဝါရီလ ၃ ရက်က လေလံတင်ရောင်းချ ခဲ့ခြင်း ဖြစ်သည်။ “လေလံဆွဲတာက တစ်ယောက်တည်းဖြစ်သွားတယ်”ဟု တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမင်းဝေက ပြောသည်။ ဖမ်းမိဝက်များအား လေလံတင်ရောင်းချရာတွင် မြိတ်မှ လုပ်ငန်းရှင်တစ်ဦးနှင့် တနင်္သာရီမြို့မှ လုပ်ငန်းရှင်တစ်ဦးတို့ လေလံလျှောက်လွှာတင်ခဲ့ပြီး လေလံရောင်းချသည့်နေ့တွင် တနင်္သာရီမြို့မှ လုပ်ငန်းရှင် တစ်ဦးသာ လေလံဆွဲဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းဝေက ပြောပြသည်။ Dawei Watch

လမ်းကျူး ဈေးဆိုင်များအား စတင်အရေးယူ

diz_admin

January 13, 2020

အများပြည်သူပိုင်လမ်းပေါ်သို့ ကျူးကျော်ပြီး အမိုးအဖီဆွဲသူများနှင့် ရေမြောင်းအဖုံးပေါ်တို့တွင် ဈေးဆိုင်များ ခင်းကျင်း ရောင်းချနေသူများအား စည်ပင် ဥပဒေဖြင့် ဇန်နဝါရီလလ ၆ ရက်က စတင်အရေးယူခဲ့ကြောင်း တနင်္သာရီ မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။ ယင်းကဲ့သို့ အရေးယူမည့်အကြောင်း နှင့် ဇန်နဝါရီလ ၅ ရက် နောက်ဆုံး ထားပြီး မိမိတို့ပိုင် နယ်နိမိတ်အတွင်းတွင် ရောင်းချသွားကြရန် စာဖြင့် အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း အထက်ပါ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေက ပြောပြသည်။ “ပထမအကြိမ်အနေနဲ့ ဒဏ်ငွေ သုံးသောင်းနဲ့ အရေးယူခဲ့တယ်” ဟု ဦးမင်းဝေက ပြောသည်။ လက်ရှိတွင် တနင်္သာရီမြို့မရဲစခန်း အရှေ့လမ်းရှိ နေအိမ်နှင့် ဆိုင်ခန်း စုစုပေါင်း ၁၇ ဆိုင်အား အရေးယူခဲ့ပြီး ကျန်လမ်းများကိုလည်း စာဖြင့်အသိပေး အကြောင်းကြားထားပြီးဖြစ်ပြီး […]