ဒေါင်းနက်အဖွဲ့ဝင်များကို ကျွန်းစုပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီး
Dawei Watch
December 16, 2024ကျွန်းစုမြို့နယ်ရှိ ဒေသခံအချို့ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်စာများ ပို့နေသည့် ဒေါင်းနက် (Black Peacock) အဖွဲ့ဝင် ၄ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဒေသခံအချို့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှသိရသည်။ အဆိုပါ ဒေါင်းနက်အဖွဲ့သည် ကျွန်းစုမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အချို့နှင့် ကုန်သည်အချို့ကို သတ်ဖြတ်မည်ဆိုသည့် ခြိမ်းခြောက်စာများ ပေးပို့နေသည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ (စစ်ခွေးလက်ပါးစေ သုတ်သင်ရေးအဖွဲ့) ဟု အမည်ပေးထားသည့် ဒေါင်းနက်အဖွဲ့ဝင် လေးဦးကို ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မုံချောင်းကြီးရွာတွင် လက်နက်များအတူ ဖမ်းဆီးရမိသည်ဟုသိရကြောင်း ကျွန်းစုမြို့နယ် အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါအဖွဲ့ဝင်လေးဦးကို နံနက် ၁၁ နာရီဝန်းကျင်တွင် ဖမ်းဆီးခဲ့သည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။ “ဒေါင်းနက်အဖွဲ့ဆိုပြီး ကြားဖူးနေတာတော့ ကြာပြီ။ […]