BREAKING
April 2, 2025

မြိတ်

ကလပ်အသင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ မြိတ်အသင်း အဆင့်ရှစ်တွင် ရပ်တည်

diz_admin

February 20, 2020

မြိတ်စစ်တုရင်အသင်းမှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ဆဋ္ဌမအကြိမ် မြောက် မြန်မာနိုင်ငံကလပ်အသင်း ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် မြိတ် စစ်တုရင်ကလပ်က အဆင့်ရှစ်နေရာဖြင့် ရပ်တည်ခဲ့ကြောင်း မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးထံမှ သိရသည်။ အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမည မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် ပြည်နယ်တိုင်း အသီးသီး မှ စစ်တုရင်ကလပ် ၂၇ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ “တစ်ဦးချင်း ခုံအလိုက်မှာတော့ ပထမရတယ်”ဟု မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောသည်။ ခုံအလိုက်ပြိုင်ပွဲတွင် မြိတ်စစ်တုရင် ကလပ်မှ ကိုကျော်ဇေယျာက ခုံနံပါတ် လေးတွင် ပထမဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကလပ်အသင်းပေါင်းစုံ […]

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်စု ငါးခြောက်လှန်းစက် စမ်းသပ်တီထွင်

diz_admin

February 20, 2020

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားလူငယ်တစ်စုက ဒေသတွင်း အသုံးပြုနိုင်မည့် Dry Machine ဟုခေါ်သော ငါးခြောက်လှန်းစက်ကို စမ်းသပ်တီထွင်ခဲ့ကြောင်း ယင်းစီမံကိန်း တွင် ပါဝင်သည့် ကိုအောင်ခန့်ကိုက ပြောသည်။ ဇန်နဝါရီလက ပြုလုပ်သည့် ကျောင်း Project Show တစ်ခုတွင် သူငယ်ချင်း ၈ ယောက်ဖြင့် Dry Machine ဟု ခေါ်သော ငါးခြောက်လှန်းစက်ကို ပြုလုပ် ပြသခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်ခန့်ကို က ပြောသည်။ ငါးခြောက်လှန်းရာတွင် နေရောင် ရှိသည့် နေ့ဘက်တွင်သာလှန်းနိုင်ပြီး ညဘက်တွင်ပါ လှန်းနိုင်ရန် လျှပ်စစ်မီး ကို အသုံးပြုကာ ငါးခြောက်လှန်းသည့် စက်ကို တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “လက်ရှိမှာဆိုတော့ အထက်မြန်မာ ပြည်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကား ပြောဆိုထားတာတွေရှိတယ်။ သူတို့ အနေနဲ့ […]

မြိတ်မြို့ရှိ မြေနိမ့်ရပ်ကွက် သုံးခုတွင် ရေနုတ်မြောင်း ပြုလုပ်မည်

diz_admin

February 20, 2020

မြိတ်မြို့ရှိ မြေနိမ့်ရပ်ကွက်သုံးခု တွင် ရေနုတ်မြောင်း အဓိက ဦးစားပေး ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်ယာရေးကော်မတီမှ သိရသည်။ ပင်လယ်ကမ်းနှင့်နီးသည့်နောက် လယ်ရပ်ကွက်၊ မြိတ်တောင်ရပ်ကွက်နှင့် မြိတ်တောင်ကျေးရွာ စသည့် ရေမြုပ်၊ ရေဝပ်သည့် ရပ်ကွက်များတွင် အဓိက ဦးစားပေး ပြုလုပ်သွားမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။ “တစ်မြို့လုံးမှာရှိတဲ့ ရေနုတ်မြောင်း စနစ်တွေက မကောင်းသေးပါဘူး၊ ဒါပေမဲ့ ဒီရပ်ကွက်တွေက မိုးတွင်း ကာလမှာ ရေအမြဲမြုပ်နေတာကို တွေ့ရတယ်”ဟု ၎င်းက ပြောသည်။ ရပ်ကွက်အသီးသီးမှ တင်ပြထား ချက်ကများပြီး ရရှိသည့်ဘတ်ဂျက်အပေါ် မူတည်ကာ ဦးစားပေး ရွေးချယ်ကာ လုပ်ဆောင်နေရကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် တိုင်းအစိုးရအဖွဲ့ ရန်ပုံငွေ သိန်းပေါင်းသုံးသောင်းနှင့် […]

စည်ပင်အမှိုက်ကားပေါ်မှ ဝန်ထမ်းတစ်ဦး ပြုတ်ကျ

diz_admin

February 20, 2020

မြိတ်တွင် စည်ပင်အမှိုက်ကားပေါ်မှ စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦး ပြုတ်ကျသည့်အတွက် ဒဏ်ရာများရရှိကာ မြိတ်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ က မြိတ်လေယာဉ်ကွင်းလမ်းအတိုင်း မောင်းနှင်လာသည့် စည်ပင်သာယာရေး အဖွဲ့ပိုင် Forland အမျိုးအစား အမှိုက်ကားက အရှေ့သိမ်ဘုန်းကြီးကျောင်း ဘက်မှ ရွှေပြည်တန်လမ်းမကြီးဘက်သို့ မောင်းနှင်လာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့မောင်းနှင်လာစဉ် အမှိုက်ကားပေါ်မှ အမှိုက်ထုပ်ပြုတ်ကျသဖြင့် ကားဘရိတ်အုပ်လိုက်စဉ် ကားပေါ်လိုက် ပါလာသည့် အသက် ၃၃ နှစ်အရွယ် စည်ပင်နေ့စားဝန်ထမ်း အမျိုးသမီးက ကားပေါ်မှ ပြုတ်ကျသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ကားပေါ်မှ ပြုတ်ကျမှုကြောင့် အထက်ပါ အမျိုးသမီး၏ ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ […]

မြိတ်ခရိုင်တရားရုံး တရားမမှုများတွင် တရားသူကြီးမရှိခြင်းကြောင့် အမှုကြန့်ကြာနေမှု လေးဆယ်ရာခိုင်နှုန်းကျော်ရှိ

diz_admin

February 20, 2020

မြိတ်ခရိုင်တရားရုံးရှိ တရားမအမှု များတွင် တရားသူကြီးမရှိခြင်းကြောင့် အမှုကြန့်ကြာနေမှုက လေးဆယ်ရာခိုင်နှုန်းကျော် ရှိနေကြောင်း တနင်္သာရီတိုင်း ဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရ သည်။ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ပြီးခဲ့ သည့်နှစ်ကုန်ပိုင်းက စစ်တမ်း ကောက်ယူ ခဲ့ရာ ယင်းသို့တွေ့ရှိခဲ့ကြောင်း တိုင်းတရားလွှတ်တော်က ဖေဖော်ဝါရီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါတရားရုံးတွင် တရားမအမှု များ ရွှေ့ဆိုင်းရသည့်အနေအထားမှာ တရားမအမှုအားလုံး၏ ၂၆ ရာခိုင်နှုန်း ရှိသည်။ ယင်းရွှေ့ဆိုင်းရသည့် အမှုများတွင် တရားသူကြီးမရှိခြင်းကြောင့် ရွှေ့ဆိုင်း ရသည့်အရေအတွက်မှာ ၄၂ ရာခိုင်နှုန်း အထိ ရှိနေသည်။ ယင်းကဲ့သို့ဖြစ်နေခြင်းမှာ တာဝန်ကျ တရားသူကြီးက သင်တန်းသွားခြင်း၊ အစည်းအဝေးသွားခြင်းနှင့် တရားသူ ကြီးတစ်ဦး ပြောင်းရွေ့သွားချိန်တို့တွင် အစားမလာသေးခြင်း အစရှိသည့် အကြောင်းအရင်းများကြောင့် ဖြစ်နိုင် ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက […]

LGBT သက်ကြီးပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲ ပြုလုပ်မည်

diz_admin

February 19, 2020

တတိယအကြိမ်မြောက် LGBT သက်ကြီးပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲကို မြိတ်မြို့ရှိ Hotel Grand Jade တွင် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့၌ ပြုလုပ်မည် ဖြစ်ကြောင်း လိင်တူချစ်သူများအဖွဲ့ LGBT တာဝန်ခံ ရင်ခွင်ဦးထံမှ သိရသည်။ မြိတ်ခရိုင်အတွင်းရှိ လိင်တူချစ်သူများအနက် အသက် ၆၀ နှစ်အထက်ရှိသူ တစ်ဆယ်ကျော်အား ကန်တော့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ Dawei Watch

တနင်္သာရီမြို့တွင် လူထုရှင်းသန့်အဖွဲ့က လုပ်မည့် သင်တန်းများ

diz_admin

February 19, 2020

တနင်္သာရီမြို့နယ် တကူတိုက်နယ်၊ တကူသံတိုက်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်မှ မေလအထိ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စက်ချုပ်နှင့် မြန်မာ့သိုင်းသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း လူထုရှင်းသန့်အဖွဲ့မှ သိရသည်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် မြန်မာ့သိုင်းသင်တန်းအတွက် သင်တန်းကာလမှာ တစ်လခွဲနှင့် စက်ချုပ်သင်တန်းအတွက် အချိန်သုံးလကြာမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း-၀၉၄၂၂၅၅၀၇၂၂၊ ၀၉၇၇၇၉၀၈၉၂၂ တို့ထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ Dawei Watch

တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုးဖြတ်လုသည့် အမျိုးသမီးကို ဖမ်းမိ

diz_admin

February 11, 2020

မြိတ်တွင် တက္ကသိုလ်မှ ပြန်လာ သည့် တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုး ဖြတ်လုသည့် အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။ မြိတ်တက္ကသိုလ်တွင် တတိယနှစ် ကျောင်းသူက ဇန်နဝါရီလ ၃၁ ရက် နေ့လယ်ပိုင်းက ကျောင်းအတန်းချိန်ပြီး၍ အမျိုးသမီးဘော်ဒါဆောင်သို့ တက္ကသိုလ် အနောက်ဘက်လမ်းအတိုင်း တစ်ဦး တည်း လမ်းလျှောက်ပြန်လာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့လမ်းလျှောက်လာစဉ် အမျိုးသမီးတစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာ ပြီး ၎င်းကို အမျိုးသမီးဘော်ဒါဆောင်သို့ သွားမည့် လမ်းကို မေးမြန်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ တက္ကသိုလ်ကျောင်းသူက ထိုသို့ လမ်းညွှန်ပြောဆိုရာ ဆိုင်ကယ်စီးအမျိုး သမီးက မကြားရသည့် ဟန်ဖြင့် ဆိုင်ကယ် ဦးထုပ်ကို ချွတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ […]