မြိတ်တွင် မသန်စွမ်းအား မုဒိမ်းကျင့်ရန် အားထုတ်သူကို ဖမ်းဆီး
diz_admin
January 6, 2020မြိတ်မြို့တွင် မသန်စွမ်းသည့် စိတ် ဝေဒနာရှင်အား မုဒိမ်းကျင့်ရန် အားထုတ် ခဲ့သည်ဆိုသည့် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စုနေ အသက် ၅၂ နှစ်အရွယ်ရှိ မသန်စွမ်း အမျိုးသမီးကို ဒီဇင်ဘာလ၂၈ ရက်က အိမ်နီးချင်း အမျိုးသားက မုဒိမ်းကျင့်ရန် ကြံစည် ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အထက်ပါအမျိုးသမီးက ရေတွင်း တွင် ရေချိုးရန် ပြင်ဆင်နေစဉ် ရေတွင်း နှင့် ပေ ၃၀ ခန့်အကွာ နေအိမ်တွင် နေထိုင် သည့် အဆိုပါ အမျိုးသားက ရေတွင်း အနီးရှိ ကောက်ရိုးသိုလှောင်ထားသည့် တဲအတွင်း မုဒိမ်းကျင့်ရန် ကြံစည်နေ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ […]