BREAKING
February 22, 2025

မြိတ်

မြိတ်လေယာဉ်ကွင်းတစ်လျှောက် မကျွတ်မလွတ်သူများအား သုဿာန်ပြောင်း

diz_admin

January 29, 2020

မြိတ်မြို့ လေယာဉ်ကွင်းလမ်း တစ်လျှောက်ရှိမြင်အပ်မမြင်အပ်၊ မကျွတ်မလွတ်ပုဂ္ဂိုလ်များအား ကလွင်ဘာသာစုံသုသာန်သို့ ပြောင်းရွှေ့သည့် အစီအစဉ်ကို ဇန်နဝါရီလ ၂၅ရက် ညနေပိုင်း ပြုလုပ်ခဲ့သည်။ မြို့နယ်စည်ပင်သာယာရေးကစီမံခန့်ခွဲသည့် မြေဧရိယာအတွင်း နေထိုင်သော မကျွတ်မလွတ်ပုဂ္ဂိုလ်များအား ထွက်ခွာပေးရန်နှင့် ကလွင်ဘာသာစုံ ပေါင်းစုံသုသာန် သတ်မှတ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏အမိန့် စာဖြင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ကွင်းလမ်းတစ်လျှောက် သံဃာတော်မှ မေတ္တာပို့ခြင်း၊ ပရိတ်တရားရွတ်ဖတ်ခြင်းနှင့် အစားအစာများ ကျွေးမွေးခြင်းတို့ ပြုလုပ်ကာသတ်မှတ်ထားသည့် နာရေးကားနှစ်စီးပေါ်သို့ တင်ဆောင်ကာ ကလွင်ဘာသာပေါင်းစုံသုဿာန်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ Dawei Watch

မတ်လအထိ ကျောင်းဖွင့်မည့်ကိစ္စ အခြေခံဆရာနှင့် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်း ဆန္ဒပြမည်

diz_admin

January 28, 2020

မတ်လအထိ ကျောင်းဖွင့်မည်ကို ကန့်ကွက်သည့်အနေဖြင့် ထားဝယ်ခရိုင်ရှိ အခြေခံ ဆရာ၊ ဆရာမအချို့နှင့် ထားဝယ် ပညာရေးကောလိပ် ကျောင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း ယင်းဆန္ဒထုတ်ဖော်မည့် ကိစ္စ ဦးဆောင်နေသူအချို့ထံမှ သိရသည်။ တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် ကျောင်းသားများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက မတ်လအထိ ကျောင်း ဖွင့်မည့် ကိစ္စကို အကြိမ်ကြိမ်ထောက်ပြ ပြောဆိုနေသော်လည်း ပညာရေးဝန်ကြီး ဌာနမှ ကျောင်းတက်ရက်ကို မပြောင်း ပေးသည့်အတွက် ဆန္ဒထုတ်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆရာဝေယံစိုးက ပြောသည်။ ဆန္ဒထုတ်ဖော်ဖြစ်ပါက ထားဝယ် ပညာရေးကောလိပ် တွင်လူစုကာ ဆေးရုံလမ်းအတိုင်း တိုင်းပညာရေးမှူးရုံးကို ချီတက်မည်ဖြစ်ပြီး ယင်းမှတဆင့် အာဇာနည်လမ်းအတိုင်း ချီတက်လာကာ ဗိုလ်ချုပ်အောင်ဆန် အဝိုင်းပတ်တွင် အဆုံးသတ်မည်ဟု ကနီဦးစီစဉ်ထားကြောင်း ဆရာဝေယံစိုးက ပြောသည်။ […]

မှတ်ပုံတင်တွင် မြိတ်လူမျိုးအဖြစ် ထည့်သွင်းရေး ကြိုးပမ်း

diz_admin

January 21, 2020

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံ တင်) ပါလူမျိုးနေရာတွင်ဗမာအစားမြိတ် လူမျိုးအဖြစ်ထည့်သွင်းပေးရေး မြိတ် အခြေစိုက် အဖွဲ့အချို့က ကြိုးပမ်းလာသည်။ မြိတ်အခြေစိုက်မေတ္တာလက်ကမ်းအဖွဲ့နှင့်အရပ်ဘက်အဖွဲ့အစည်းအချို့မှတာဝန်ရှိသူတို့သည်ဇန်နဝါရီလ၁၅ရက် ကတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီး လ၀က ဦးစီးမှူးတို့ တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံရာတွင် မှတ်ပုံတင်၌ ဗမာလူမျိုးအစားမြိတ်လူမျိုးအဖြစ် ထည့်သွင်းပေးရေးကိစ္စအား ထည့်သွင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုး၁၃၅မျိုးအနက် ဗမာလူမျိုးအုပ်စုတွင် ဗမာ၊ မြိတ်၊ ထားဝယ်၊ ယော၊ ဆလုံစသဖြင့်လူမျိုး၉ မျိုးပါဝင် သည်။ “လူမျိုးရေးပေးတဲ့နေရာမှာဗမာ မထည့်ဘဲ မြိတ်ထည့်လို့မရဘူးလားပေါ့”ဟုမေတ္တာ လက်ကမ်းအဖွဲ့ဥက္ကဋ္ဌ ဦးအာ ကာဦးက ပြောသည်။ မေတ္တာလက်ကမ်းအဖွဲ့မှမေးမြန်း သည့် မေးခွန်းအားတိုင်းလ၀ကတာဝန်ရှိသူ တစ်ဦးက ဖြေဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။ “အချို့စကားတွေမှာရုပ်ရေသွင်ပြင် ကိုကြည့်ပြီး လူမျိုးကို […]

မြိတ်ဆိပ်ငယ်ဈေးကြီး အမိုးဆောက်ချိန်ဆိုင်ခန်း ခြောက်ရာကျော် ရပ်နားထားရမည်

diz_admin

January 21, 2020

မြိတ်မြို့ဆိပ်ငယ်ဈေးကြီးရှိ ဈေးအမိုးဆောက်လုပ်သည့်အချိန်တွင် ဈေး ဆိုင်ခန်းပေါင်း ခြောက်ရာကျော်ရပ်နား ထားရမည်ဖြစ်ကြောင်းဆိပ်ငယ် ဈေး ကော်မတီဥက္ကဋ္ဌဦးမြတ်ရှိန်က ပြောကြား သည်။ ဆိပ်ငယ်ဈေးကြီးရှိ ဈေးဆိုင်ခန်း စုစုပေါင်း၁၅၀၀ ကျော်ရှိသည့်အနက် အမိုးဆောက်လုပ်မည့် အပိုင်းမှဆိုင်ခန်း ပေါင်းခြောက်ရာကျော်မှာ ဇန်နဝါရီလ၃၀ ရက်နောက်ဆုံးထားပြီး အပြီးထွက်ပေးရမည်ဖြစ်ကြောင်း ဦးမြတ်ရှိန်က ပြောဆိုသည်။ “ဈေးအလယ်တည့်တည့်ကအဓိပတိ လမ်းကိုခြမ်းပြီး အပေါ်ဘက်ခြမ်းကို အရင်လုပ်မှာပါ”ဟု ကော်မတီဥက္ကဋ္ဌ ဦးမြတ်ရှိန်က ဆိုသည်။ အဆိုပါဈေးအမိုးအား၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်စည်ပင်ယာယာရေး ဘဏ္ဍာငွေ ကျပ်သန်းငါးရာနီးပါးအသုံးပြု၍ ဆောက်လုပ်သွားမည်ဖြစ်သည်။ အမိုးမှာ အရှည်၃၀၀ ပေ၊ အကျယ်၁၁၃ ပေ နှင့်အမြင့်၂၀ ပေ ရှိပြီးဖေဖော်ဝါရီလမှ စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်ကော်မတီ ထံမှသိရသည်။ ဈေးခေါင်များဆောက်လုပ်ရာတွင် ထိခိုက်ပျက်စီးနိုင်သည့်ဆိုင်ခန်းအရေ အတွက်ခုနှစ်ဆယ်ကျော်ခန့်ရှိပြီးပျက်စီး ဆိုင်ခန်းများအားဆိုင်ပိုင်ရှင်များမှ ပြန်ပြင် ရမည်ဟုဆိုသည်။ ဈေးခေါင်ဆောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်သည့် စုံညီအစည်းအဝေးကို ၂၀၁၉ […]

ကျပ်သိန်းပေါင်းနှစ်သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းမိ

diz_admin

January 21, 2020

ပင်လယ်ငါးဖမ်းလှေများ အများ ဆုံးဆိုက်ကပ်ရာ မြိတ်ရှိ လွန်းကျင်းတစ်ခု တွင် ကျပ်သိန်းပေါင်းနှစ်သိန်းကျော် တန်ဖိုးရှိသည့်ICE (KETAMINE) မူးယစ်ဆေးဝါးနှင့်ပစ္စတိုသေနတ်တစ်လက်ဖမ်းဆီးရမိကြောင်းမြိတ်မြို့၊ မြို့မ ရဲစခန်းမှသိရသည်။ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာ အုပ်စု၊ ကျွဲကူးကျေးရွာလွန်းကျင်းတွင်ဆိုက်ကပ်ထားသည့် လှေမှဇန်နဝါရီ၁၄ ရက်က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖမ်း ဆီးရမိခဲ့ကြောင်းမြိတ်ရဲစခန်းထံမှ သိရ သည်။ လှေအတွင်းရှိလှေသား၂ဦးကို စစ်ဆေး ရာမှမြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင်တည်းခိုနေသည့် ယင်းလှေပဲ့နင်းအားဖမ်းမိပြီး ၎င်းထံတွင် ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံနှစ် တောင့်နှင့် ဂြိုလ်တုဖုန်းတစ်လုံးကိုပါ ထပ်မံဖမ်းဆီး ရမိခဲ့သည်။ လှေသားနှစ်ဦးမှာ ရခိုင်ပြည်နယ်မှ ဖြစ်ပြီး လှေပဲ့နင်းမှာ ကော့သောင်းမြို့တွင် နေထိုင်သူ ဖြစ်ကြောင်း ရဲစခန်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူ သုံးဦးကို မူးစိတ် ပုဒ်မ၁၉က/၂၀က/၂၂ခ/၂၁ဖြင့်အမှုဖွင့် ကာဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ချိုလွင် ထံမှသိရသည်။ Dawei […]

ဒေသခံတစ်ဦး၏ ဥယျာဉ်ခြံအတွင်း တပ်မတော်၏ လက်နက်ကြီးကျည် ထပ်ကျပြန်

diz_admin

January 21, 2020

မြိတ်ခရိုင် ပုလောက်မြို့ ၀ဇွမ်းအုပ် ကျေးရွာအနီးတွင်ရှိသည့် တပ်မတော်မှ သင်တန်းသားများ လေ့ကျင့်ပစ်ခတ် လိုက်သည့် RPG လက်နက်ကြီးကျည်ဟု ယူဆရသည့် ကျည်တစ်ခုကို ဒေသခံ တစ်ဦး စိုက်ပျိုးလုပ်ကိုင်စားသောက်နေ သည့် ဥယျာဉ်ခြံထဲတွင် တွေ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ဒုတိယအပတ်က အမှတ် (၁၂) တပ်မတော် အတန်းမြင့်လေ့ကျင့်ရေး ကျောင်းက လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်နက်ကြီးပစ်သံများကိုကြားရပြီး ဇန်နဝါရီလ ၁၇ ရက်က ဥယျာဉ်ခြံထဲ သီဟိုဠ်စေ့သွားကောက်ရာ RPG လက် နက်ကြီးကျည်ဟု ယူဆရသည့် မပေါက် ကွဲသေးသည့် ကျည်တစ်ခုကိုတွေ့ရ ကြောင်း ဒေသခံ စောဝေဝေက ပြောသည်။ လေ့ကျင့်ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျည်မှာ နှစ်လုံးရှိသည်ဟု ဒေသခံ အချို့ကပြောဆိုကြပြီး တစ်လုံးမှာ ပေါက် ကွဲသွားပြီး ကျန်တစ်လုံးမှာ […]

မြိတ်မြို့တွင်းသို့ ဘုရားဖူးယာဉ်ကြီးများ စနစ်တကျဝင်ထွက်နိုင်ရေး ဆောင်ရွက်မည်

diz_admin

January 21, 2020

မြိတ်မြို့တွင်းသို့ ဘုရားဖူးမှန်လုံယာဉ် ကြီးများစနစ်တကျ ဝင်ရောက်နိုင်ရန် အတွက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်ကုန်တင်ယာဉ်ကြီးများကြီး ကြပ်ရေးကော်မတီထံမှ သိရသည်။ ဘုရားဖူးမှန်လုံယာဉ်ကြီးများစနစ် တကျဝင်/ထွက်ပြုလုပ်နိုင်ရန်ပြီးခဲ့သည့် ဇန်နဝါရီလ၇ ရက်က ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့၊ စည်ပင်ကော်မတီစသဖြင့်သက် ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပါဝင် သည့်တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို စည်ပင် သာယာရေးကော်မတီရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ မြိတ်မြို့အဝင်ကျွဲကူး-ကျောက်ဖျား တံတားဂိတ်မှ ဟိုတယ်၊ တည်းခိုခန်း တို့၏ ဖုန်းနံပါတ်များနှင့် ဆက်သွယ်မေး မြန်းနိုင်မည့်တာဝန်ရှိသူများ၏ ဖုန်းနံ ပါတ်များပါသည့် လမ်းညွှန်လက်ကမ်း စာစောင်များကို ဘုရားဖူးယာဉ်များအား ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း ကုန်တင် ယာဉ်ကြီးများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောပြသည်။ ဘုရားဖူးယာဉ်များစနစ်တကျဝင်/ထွက်နိုင်ရေးအတွက်အစည်းအဝေးထပ်မံ ပြုလုပ်သွားမည်ဖြစ်ပြီးလမ်းညွှန်လက် ကမ်းစာစောင်များ ဖြန့်ဝေပေးမည့်အချိန် အားအတိအကျမသိရသေးကြောင်းကော် မတီဥက္ကဋ္ဌဦးသန့်ဇင်က ပြောပြသည်။ ထို့ပြင်စည်းကမ်းမဲ့မောင်းနှင်နေ ကြသည့်မြေ၊ သဲ၊ ကျောက်တင်ယာဉ်တို့အားမော်တော်ယာဉ် ဥပဒေနှင့် […]

ရန်ဖြစ်ပြီး အိမ်မှဆင်းသွားသည့် ဇနီးကို ပြန်ခေါ်ရာမှ ရဲတင်းဖြင့် ခုတ်

diz_admin

January 20, 2020

မြိတ်တွင် ရန်ဖြစ်ပြီး အိမ်ပေါ်မှ ဆင်းသွားသည့် ဇနီးသည်ကို ပြန်လိုက် ခေါ်ရာမှ ထပ်မံစကားများပြီး အမျိုးသား ဖြစ်သူက ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ တနင်္သာရီမြို့နယ်နေ လင်မယား နှစ်ဦးစကားများပြီး ဇနီးဖြစ်သူက မိဘ အိမ်ရှိသည့် မြိတ်မြို့တွင် လာရောက် နေထိုင်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဇန်နဝါရီလ ၁၃ ရက်တွင် အသက် ၃၀ နှစ်အရွယ်ခင်ပွန်းဖြစ်သူက ဇနီးကို မြိတ်မြို့၊ အင်းလေးမြိုင် ၅ ရပ်ကွက်ရှိ နေအိမ်တွင် ပြန်လာခေါ်စဉ် ထပ်မံစကားများ ကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။ ထိုသို့ စကားများနေသည်ကို ဝင်ရောက်ဟန့်တားသည့် အသက် ၄၆ နှစ်အရွယ် ယောက္ခမ အမျိုးသမီးနှင့် ၁၉ နှစ်အရွယ် […]