ကျွန်းစုပင်လယ်တွင် ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးဝင်ဖမ်းမှုများလာ
Dawei Watch
December 28, 2024ကျွန်းစုမြို့နယ် ပင်လယ်ပြင်တွင် ကမ်းဝေးဝါလတ်(ဒရွတ်ဆွဲပိုက်) ငါးဖမ်းလှေများ ကမ်းနီးဝင် ဖမ်းဆီးမှုများလာကြောင်း ဒေသခံရေလုပ်သားများထံမှ သိရသည်။ အဆိုပါကမ်းဝေးငါးဖမ်းလှေများက ဒုံးရေတံခွန်အရှေ့နှင့် ဗျောကျွန်းအကြားတွင် ဝင်ရောက်ဖမ်းဆီးနေကြသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်း ကျွန်းစုမြို့နေ ဒေသခံရေလုပ်သားတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ ကမ်းနီးတွင် ဝင်ရောက်ဖမ်းဆီးခြင်းကြောင့် ဒေသခံမျာ၏ငါးဖမ်းပိုက်များ ဆုံးရှုံးနေရပြီး ပိုက်တစ်ဖုံလျှင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းကြား တန်ဖိုးရှိကြောင်း ၎င်းက ပြောသည်။ “ဒေသခံတွေအတွက် ရှုံးဆုံးမှုကတော့ တအားပဲ။ သူတို့(ဒရွတ်ဆွဲငါးဖမ်းလှေ) လာဖမ်းရင် တစ်နိုင်တစ်ပိုင် ရေလုပ်သားတွေ ငါးရတာနည်းမယ်။ ငါးဖမ်း ပိုက်တွေဆုံးမယ်။ တစ်ချို့ ပဲ့နင်းတွေ စာနာတတ်ရင်တော့ ပိုက်တွေပြန်လျော်တာရှိတယ်”ဟု ဒေသခံရေလုပ်သားတစ်ဦးက ဆိုသည်။ လက်ရှိတွင် ငါးဖမ်းပိုက်မည်မျှ ဆုံးရှုံးခဲ့ရသည်ကို တိတိကျကျမသိရသေးကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ ကမ်းဝေးငါးဖမ်းလှေများက ညနေမှောင်ရီပျိုးချိန်တွင် လာရောက်ဖမ်းဆီးလေ့ရှိပြီး နံနက်အရုဏ်တက်ချိန်တွင် ကမ်းဝေးသို့ […]