ယာယီပိတ်ထားသည့် ရေတံခွန်သို့ လည်ပတ်ပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူနိုင်ဟုဆို
diz_admin
August 11, 2020မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ဘန်းလမွတ်နှင့် ပနပ်ငယ်ကျေးရွာအကြားရှိ ယာယီပိတ်ထားသည့် ပနပ်ငယ်ရေတံခွန်သို့ လည်ပတ်ပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူနိုင်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်ထံမှ သိရသည်။ ကိုဗစ်ကာလအတွင်း ပနပ်ငယ် ရေတံခွန်သို့ လာရောက်လည်ပတ်သူများမှာ လူစုလူဝေးဖြစ်နေကြခြင်းနှင့် ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားမည်စိုးရခြင်းတို့အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစပြီး ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ကွမ်းသမားနှင့် ကိုဗစ် ရေတံခွန်လည်ပတ်ခွင့်အား ယာယီပိတ်ထားသော်လည်း လည်ပတ်မှုအချို့ ရှိနေကြောင်းကို သြဂုတ်လ ၆ ရက်နေ့က ဘန်းလမွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အကြောင်းကြာလာခဲ့သဖြင့် သိရှိခဲ့ရကြောင်း အုပ်ချုပ်ရေးမှူးက ပြောပြသည်။ “မလိုက်နာရင် အရေးယူရမယ်လို့ ပြောထားတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ပြောသည်။ ပုဒ်မ ၁၈၈ မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျထုတ်ပြန် […]