မဲစာရင်းအမည်မပါသဖြင့် ပြန်လည်လျှောက်ထားသူ မြိတ်ခရိုင်တွင် တစ်သောင်းကျော်ရှိ
diz_admin
August 25, 2020မြိတ်ခရိုင်အတွင်းတွင် မဲစာရင်း အမည်မပါသဖြင့် ပုံစံ ၃ ဖြင့် ပြန်လည် လျှောက်ထားသူဦးရေမှာ တစ်သောင်းကျော်ရှိကြောင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲစာရင်းတွင် အမည်မပါက ပုံစံ ၃၊ ကိုယ်ရေးအချက်အလက် မှားယွင်းပါ က ပုံစံ ၄-ဂ နှင့် မပါဝင်သင့်သူ ပါဝင်နေပါက ပုံစံ ၄ တို့ဖြင့် မဲစာရင်းကြေညာပြီး ၁၄ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။ သြဂုတ်လ ၁၄ ရပ်နေ့အထိ စာရင်းအရ မဲစာရင်းအမည်မပါသဖြင့် ပုံစံ ၃ ဖြင့် လျှောက်ထားသူ ၁၀၄၅၃ ဦး၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေသဖြင့် ပုံစံ ၄-ဂ ဖြင့်လျှောက်ထားသူ ၆၈၅၂ ဦးနှင့် မပါသင့်သူ ပါနေသဖြင့် ပုံစံ […]