မြိတ်ကမ်းနားလမ်းတွင် အုပ်စုဖွဲ့ ဓားဖြင့်ခုတ်၊ လူငယ်လေးဦး ဆေးရုံရောက်
diz_admin
September 6, 2020ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြိတ်ကမ်းနားလမ်းတွင် အုပ်စုဖွဲ့ဓားခုတ် မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ်လေးဦးကို ဆေးရုံတင်ပို့ခဲ့ရကြောင်း မြိတ်မြို့မ ရဲစခန်းမှ သိရသည်။ မြိတ်မြို့၊ ရွှေပေးကျေးရွာနေ လူငယ်သူငယ်ချင်း ငါးဦးသည် ကမ်းနားလမ်းသို့ လည်ပတ်ပြီးအပြန် ကုန်တိုက်ရှေ့ အရောက်တွင် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဆယ့်ငါးဦးခန့်မှ ဆဲဆိုရန်စပြီး ၎င်းတို့အား ဝင်ရောက်ထိုးကြိတ်ခဲ့သလို ဓားရှည်များဖြင့်လည်း ခုတ်ခဲ့ခြင်း ဖြစ်သည်။ ကြက်ဝိုင်း ရဲဖမ်း၊ ဆိုင်ကယ် လေးဆယ်နီးပါးနှင့် လူလေးဦးဖမ်းမိ ဓားခုတ်ခံရသဖြင့် လူငယ်လေးဦးတွင် ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံ သို့တက် ရောက်ကုသခဲ့ရသည်ဟု မြိတ်မြို့မ ရဲစခန်းမှ သိရသည်။ ယင်းနောက် အခင်းဖြစ်ပွားပြီး တစ်ရက်အကြာတွင် ရဲတပ်ဖွဲ့အနေနှင့် ဓားဖြင့်ခုတ်သည့် အုပ်စုဘက်မှ လူငယ် ဆယ်ဦးနှင့် ဓားရှည်သုံးချောင်းကို လိုက်လံ ဖမ်းဆီးနိုင်ခဲ့သည်။ ကျန်လူငယ်တချို့မှာ ထွက်ပြေးတိမ်းရှောင် […]