မောတောင်-စင်ခွန်းနယ်စပ် တစ်လျှောက် ထိုင်းဘက်မှ လုံခြုံရေးတိုးမြှင့်
diz_admin
September 28, 2020မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွပ်ခီရီ ခန်ခရိုင်၊ စင်ခွန်းနယ်စပ်တစ်လျှောက် တွင် စက်တင်ဘာလ ၁၄ ရက်နေ့မှစပြီး ထိုင်းဘက်မှ လုံခြုံရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ထားကြောင်း မြိတ်-ပရာကျွပ်မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် တို့အကြား ကီလိုမီတာ နှစ်ရာကျော်ရှိ နယ်စပ်တစ်လျှောက်ရှိ တောလမ်းမှ သွားလာနိုင်သည့် နေရာ ၂၇ ခုအား ပရာကျွပ်ခရိုင်ဝန်မှ မြွေပွေးအထူးတပ်ဖွဲ့ (တပ်မတော်ကြည်း)အား နယ်စပ်လုံခြုံရေးနှင့် စောင့်ကြည့်ရေးတာဝန်ကို ပေးအပ်ထားကြောင်း ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောပြသည်။ ကော့သောင်းမြို့တွင် ဟိုတယ်ကွာရန်တင်းဝင်နေသည့် သင်္ဘောသားနှစ်ဦး ထွက်ပြေးသော်လည်း မလွတ် အဆိုပါ နေရာ ၂၇ ခုအား ထိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မြွေပွေးအထူးတပ်ဖွဲ့(တပ်မတော်ကြည်း)၊ ခရိုင်လုံခြုံ ရေးတပ်ဖွဲ့(ပြည်သူ့စစ်) စသဖြင့် […]