BREAKING
April 20, 2025

မြိတ်

ဂျင်းပဋိပက္ခ

diz_admin

November 5, 2020

ပုလောမြို့နယ်အတွင်း ဂျင်းမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင်များအကြား ပဋိပက္ခအသွင်ဆောင်နေသည်။ တိုရွာနှင့် ပိတက်ကျေးရွာအပိုင်နေရာတွင် ဒေသခံလုပ်ငန်းရှင် ၁၅ ဦးက တစ်ဦးလျှင် ဧက ၃၀ စီဖြင့် စုစုပေါင်း ဧက ၄၅၀ တွင် လုပ်ကိုင်ခွင့်ရထားသည်။ ယင်းနေရာတို့တွင် ဒေသခံများနှင့် အငြင်းပွားမှုများရှိနေခြင်းဖြစ်သည်။လက်ရှိအနေအထားတွင် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်အထိ မကျေလည်မှုများရှိလာခဲ့သည်။ လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရထားသည့် ဂျင်းမွေးမြူရေးဧရိယာအတွင်း ဒေသခံများက ဂျင်းအတင်းဝင်ကောက်သည်ဟု အမှုဖွင့်ထားခြင်းဖြစ်သည်။ ဒေသခံများကမူ ယင်းလုပ်ခွင့်ရ ဧရိယာမှာ သဘာဝအတိုင်းပင် ဂျင်းပေါများစွာထွက်ရှိသည့်နေရာဖြစ်ပြီး လုပ်ငန်းရှင်က လက်ဝါးကြီးအုပ်ပြီး ဒေသခံများ လုပ်ကိုင်စားသောက်ခြင်းကို တားဆီးလုပ်ကိုင်လာခြင်းသာဖြစ်ကြောင်း လက္ကူးကျေးရွာနေ ဦးစန်းဦးက ဆိုသည်။ “လိုင်စင်အပြတ်ဆွဲပြီးတော့ ရွာသားတွေကို နှင်ထုတ်ပစ်တယ်ခင်ဗျား။ ရွာသား တွေမှာအခုတော့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်သွားတယ်” ဟု […]

မြိတ်မီးလင်းရေး HFO လောင်စာအစား ဂက်စ်ဖြင့် ပေးရန်တင်ပြထားဟု လျှပ်စစ်ဝန်ကြီးပြော

diz_admin

November 3, 2020

မြိတ်မြို့နယ် မီးလင်းရေးအတွက် HFO လောင်စာသုံး စက်ကြီးများနေရာတွင် ဂက်စ်ဖြင့်အစားထိုးကာ လျှပ်စစ်မီး ပေးနိုင်ရေး တနင်္သာရီတိုင်း ဥပဒေချုပ်ရုံး သို့ တင်ပြထားကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရ ကပြောသည်။ မြိတ်မြို့နယ်အား HFO လောင်စာသုံး စက်ကြီးဖြင့် မီးပေးရန် Petro & Trans ကုမ္ပဏီမှ တင်ဒါအောင်ထားပြီး လက်ရှိကိုဗစ်ကာလ အခြေအနေကြောင့် နိုင်ငံခြားသို့ စက်များသွားရောက် သယ်ယူရန် အခက်အခဲကြုံနေရသည်။ ယင်းကြောင့် ကျွန်းစုတွင်ဆိုက် ရောက်နေသည့် ဂက်စ်သင်္ဘောမှတစ်ဆင့် ဂက်စ်အင်ဂျင်ဖြင့် မြိတ်မြို့အား မီးပေးရန် ကုမ္ပဏီမှ တင်ပြလာကြောင်း ဝန်ကြီး က ဆိုသည်။ မြိတ်အဝေးပြေးကားဝင်း အသစ်နှင့် လမ်း ခုနစ်လမ်း အသွားအလာကန့်သတ် “ဒီလိုလုပ်ဖို့ ဥပဒေနဲ့ ညီညွတ်မူ ရှိ၊ မရှိဆိုတာ ရှေ့နေချုပ်ရုံးကို သဘောထား […]

မြိတ်အဝေးပြေးကားဝင်း အသစ်နှင့် လမ်း ခုနစ်လမ်း အသွားအလာကန့်သတ်

diz_admin

November 2, 2020

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်ရှိ အဝေးပြေးကားဝင်းအသစ်နှင့် ရပ်ကွက်အတွင်းရှိ လမ်းခုနစ်လမ်းတို့အား အောက်တိုဘာလ ၂၇ ရက်နေ့က အသွားအလာကန့်သတ်လိုက်ကြောင်း မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။ အဝေးပြေးကားဝင်းအသစ်ရှိ ကားဂိတ် ဝန်ထမ်းတစ်ဦးတွင် ရောဂါပိုးတွေ့ ရှိခဲ့ရခြင်းကြောင့် ကားဝင်းအပါအဝင် ၎င်းနှင့် ထိတွေ့ခဲ့သူများနေထိုင်သည့် နေရာများကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ အသွားအလာကန့်သတ်ခဲ့ရသည့် အဝေးပြေးကားဝင်းအသစ်နှင့် လမ်းခုနစ်လမ်းတို့တွင် အိမ်ခြေ ၂၀၂ အိမ်၊ အိမ်ထောင်စု ၁၉၉ စု၊ လူဦးရေ ၁၃၆၄ ဦးရှိကြောင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။ မြိတ်မြို့တွင် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြု လူနာ ၅၁ ဦးရှိပြီး သက်သာပျောက်ကင်းသည့်လူနာ ၂၈ ဦးနှင့် ဆေးဝါးကုသနေရသည့်လူနာ ၂၃ […]

မြိတ်တွင်ဆရာ/ဆရာမ လေးရာကျော်အား မဲရုံမှူးသင်တန်းပေး

diz_admin

October 28, 2020

မြိတ်မြို့ပေါ်ရှိ ကျောင်းဆရာ/ဆရာမ လေးရာကျော်အား မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းများ ပေးနေကြောင်း မြိတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။ လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဆရာ/ ဆရာမ ၄၅၄ ဦးကို အောက်တိုဘာလ ၁၉ ရက်မှစတင်ကာ သင်တန်းပေးနေခြင်း ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေဝင်းက ပြောသည်။ ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည် သင်တန်းကို မြိတ်မြို့နယ်၊ ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မှ တာဝန်ယူ ပို့ချခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပို့ချပေးလျက် ရှိသည်ဟု ၎င်းကဆိုသည်။ မဲရုံတစ်ရုံလျှင် မဲရုံမှူး၊ ဒုမဲရုံမှူး တစ်ယောက်စီနှင့် လွှတ်တော်သုံးရပ်အတွက် မဲစာရင်းစိစစ်သူနှင့် […]

ပုလောကိုဗစ်လူနာအားလုံး ဆေးရုံဆင်း

diz_admin

October 27, 2020

ပုလောမြို့နယ်အတွင်း ကိုဗစ်ကူး စက်ခံခဲ့ရသည့် လူနာများအားလုံးမှာ ပြန်လည်ကျန်းမာလာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ပြည်သူ့ဆေးရုံထံမှ သိရသည်။ မြို့နယ်အတွင်း စုစုပေါင်း ၅၆ ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့အနက် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကိုးဦး၊ ၁၃ ရက်နေ့တွင် ၄၁ ဦး၊ ၂၀ ရက်နေ့တွင် ခြောက်ဦးတို့အား ဆေးရုံမှ အသီးသီး ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည် လူနာအားလုံး ပြန်လည်ကျန်းမာခဲ့ပြီဖြစ်သော်လည်း အသစ်ထပ်မံကူးစက်မှု မရှိစေရေး မြို့နယ်အတွင်း ယာဉ်ဝင်ယာဉ်ထွက်များကို စစ်ဆေးခြင်း၊ သံယယလူနာ သို့မဟုတ် တိုင်းခြားနယ်ခြားမှ ဝင်ရောက်လာသူများကို စုံစမ်းဖော်ထုတ်ခြင်း၊ နှာခေါင်းစည်းများအား စနစ်တကျတပ်ဆင်ရေးနှင့် မလိုအပ်ဘဲ အပြင်မထွက်စေရေး စသဖြင့် စီမံဆောင် ရွက်ထားကြောင်း […]

ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည်

diz_admin

October 27, 2020

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့အမီ မလာရောက်နိုင်ကြသည့် ငါးဖမ်းလှေလုပ်သားများအနေနှင့် ကြိုတင်မဲ ပေးနိုင်စေရေး တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။ ရွေးကောက်ပွဲ ဥပဒေအရ ကြိုတင် မဲပေးခွင့်သူများ သတ်မှတ်ထားမှုတွင် ရေလုပ်သားများမပါဝင်ပေ။ သို့သော် ကမ်းသို့အချိန်မီ မလာရောက်နိုင်ကြသည့် ရေလုပ်သားများအတွက် မဲပေးပိုင်ခွင့် မဆုံးရှုံးဆုံးစေရန် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြသွားမည်ဟု မြိတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးငွေဝင်းက ပြောသည်။ “ခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ညွန်ကြားမှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်” ဟု ဦးငွေဝင်းက ပြောသည်။ မြိတ်ခရိုင်အတွင်း ပင်လယ်ပြင်သို့ လချီကြာငါးဖမ်းထွက်ကြသည့် ကမ်းဝေးငါးဖမ်းလှေ တစ်ထောင်ကျော်ရှိပြီး ကမ်းဝေးရေလုပ်သား သုံးသောင်းကျော် ရှိနေသည်။ ကြိုတင်မဲကို မဲရုံသို့မလာရောက်နိုင်သည့် အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါရှိသူ၊ နေအိမ်တွင် ရောဂါ အပြင်းအထန် ခံစားနေရသူ၊ […]

ဘုတ်ပြင်းတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးပေး

diz_admin

October 27, 2020

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HVP) ကို အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းကလေးများကို ပထမဆုံးအကြိမ် ထိုးနှံပေးခဲ့သည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၀နာရီတွင် ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးပေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ကလေးများကို ကာကွယ်ဆေးထိုးနှံ ပေးရခြင်းမှာ ထိုအသက်အရွယ်သည် ခုခံအားအကောင်ဆုံး အရွယ်ဖြစ်ပြီး လိင်ဆက်ဆံမှုမရှိ သေးသည့်အတွက် ဆေးအာနိသင်မှာ ပိုမိုထိရောက်ကာ ရောဂါကို ပိုမိုကာကွယ်နိုင်ကြောင်း ယင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် သားဖွားဆရာမက ပြောသည်။ ကလေး တစ်ယောက်လျှင် နှစ်ကြိမ်တိတိ ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေး (HVP)သည် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်ဆက်နွှယ်နေသော ပိုးလေးမျိုးအထိ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ “ဆရာမ ပေးတဲ့လက်ကမ်းစာစောင် တွေဖတ်ပြီး ကြောက်မိတယ်။ လူကြီးတွေကိုပါ […]

မသန်စွမ်းမိန်းကလေးအား အဓမ္မပြုကျင့်ပြီး ထွက်ပြေးသူ နှစ်ပတ်အကြာတွင် ဖမ်းမိ

diz_admin

October 27, 2020

ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာ အုပ်စု၊ လင်းလွန်းကျေးရွာတွင် မသန်စွမ်းသည့် မိန်းကလေးတစ်ဦး အဓ္ဓမပြုကျင့်ခံရပြီး တရားခံဟု ယူဆရသူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ နှစ်ပတ်အကြာတွင် ဖမ်းဆီးမိခဲ့ကြောင်း ကျေးရွာ တာဝန်ခံ ထံမှသိရသည်။ အသက် ၁၈ နှစ်ရှိ လမ်းမလျှောက်နိုင်သည့် ပိုလီယိုရောဂါခံစားနေရသူ မိန်းကလေးအား တစ်ရွာတည်းနေ အသက် ၂၀ ကျော်အရွယ် လူငယ်က အောက်တိုဘာလ ၅ ရက်နေ့တွင် အဓမ္မကျင့်ကာ ထွက်ပြေးနေသည်ဟု ယင်း ကျေးရွာ တာဝန်ခံ နော်ပန်းပွင့်ဖြူက ပြောသည်။ ညအချိန် မိန်းကလေး၏မိဘများ အိပ်မောကျနေစဉ် အဆိုပါလူငယ်မှ အိမ်ပေါ်တက်ရောက်ကာ ပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ယင်းမိန်းကလေး၏ အစ်ကိုဖြစ်သူ လှေဆိပ်မှ အိမ်သို့ပြန်လာခိုက် အဓ္ဓမပြု ကျင့်သူမှာ ထွက်ပြေးသွားခဲ့ကြောင်း ၎င်းက ပြောပြသည်။ “ကောင်မလေးက ရုန်းလို့လည်း မနိုင် အော်လို့လည်း […]