ကျွန်းစုတွင် ရပ်ကျေးကော်မရှင်နှင့် USDP ပါတီတို့ အပြန်အလှန်တိုင်ကြား
diz_admin
November 17, 2020မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရန် ကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ခိုင်ဖြိုး ပါတီဝင်တို့မှာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်အမှုဖွင့် တိုင်ကြားထားကြောင်း ကာယကံရှင်တို့ထံမှ သိရသည်။ ပဲ့တိုင်ရွာတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူတို့အား နိုဝင်ဘာလ ၃၀ ရက်နေ့မှစပြီး ကြိုတင်မဲကောက်ယူခဲ့ရာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ဝင် အမျိုးသမီးတစ်ဦးက မဲပုံးရှိ လုံခြုံရေးချိပ်ကြိုးများ ဖြတ်တောက် ဖွင့်ဖောက်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုး ပါတီ၏ မဲရုံကိုယ်စားလှယ် ဦးအုန်းကြိုင် က သဇင်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုင်ကြားချက်အပေါ် ကော်မရှင်ဝင်အမျိုးသမီးအား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(င)ဖြင့် နိုဝင်ဘာလ ၃ ရက်နေ့က အမှုဖွင့် ဆောင်ရွက်ထားကြောင်း သဇင်နယ်မြေရဲစခန်း စခန်းမှူး […]