စပါးမျိုး ပြောင်းစိုက်ပြီးနောက် နှစ်ဆခန့်အထွက်တိုးဟုဆို
diz_admin
November 27, 2020ပုံမှန်စိုက်နေကျ မျိုးစပါးများကို မစိုက်တော့ဘဲ မျိုးအသစ်ကို ပြောင်းလဲ စိုက်ပျိုးခဲ့ရာတွင် နှစ်ဆခန့်အထွက် တိုးလာသည်ဟု မြိတ်ဒေသခံ စပါးစိုက် တောင်သူများကပြောသည်။ မြိတ်ဒေသအတွင်း မိရိုးဖလာ မျိုးစပါးများဖြစ်သည့် ဧည့်မထ၊ ပေါ်လာကဲနှင့် ပုံမှန်မျိုးစပါးများစိုက်ပျိုးနေရာမှ ယခုနှစ်မိုးရာသီတွင် ဆင်းသုခ၊ မနော သုခ၊ ဆင်းရွှေလီ၊ ပေါ်ဆန်း၊ တောင်ပျံ စသည့်မျိုးစပါးများ ပြောင်းလဲစိုက်ပျိုး လိုက်သည့်အတွက် အထွက်နှုန်းမှာ နှစ်ဆဝန်းကျင်ဖြစ်လာကြောင်း ၎င်းတို့က ပြောသည်။ ယခင်က တစ်ဧကလျှင် စပါးတင်း ၄၀ မှ ၅၀ ဝန်းကျင်သာ ထွက်ရှိခဲ့ရာမှ ယခုတွင် တင်း ၇၀ မှ ၈၀ ဝန်းကျင် ထွက်ရှိလာကြောင်း မြိတ်မြို့၊ ကျွဲကူး ကျေးရွာမှ အသက် ၅၀ အရွယ် ဒေါ်အေးမူ က ပြောသည်။ […]