ကိုဗစ်ကာလ အလုပ်လက်မဲ့တစ်ဦး ဆွဲကြိုးချသတ်သေ
diz_admin
December 16, 2020ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအခက် ပွေနေသည့် အမျိုးသားတစ်ဦး ဆွဲကြိုးချ သတ်သေသည့် ဖြစ်စဉ်တစ်ခု မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သဘော့လိပ်ကျေးရွာတွင် ဒီဇင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့သည်။ သေဆုံးသူသည် သေဆုံးသူသည် အသက် ၂၂ အရွယ်လူငယ်တစ်ဦးဖြစ်ပြီး ကိုဗစ်ကာလမတိုင်ခင်က ကုမ္ပဏီတစ်ခုတွင် စက်ပြုပြင်သည့် အလုပ်ကို လုပ်ကိုင်နေခဲ့ကာ ကိုဗစ်ကာလအတွင်း ကုမ္ပဏီ ပိတ်ထားသဖြင့် အလုပ်လက်မဲ့ဖြစ်နေသူတစ်ဦးဖြစ်ကြောင်း သဘော့လိပ် အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောသည်။ အခင်းမဖြစ်မီနေ့ ဒီဇင်ဘာလ ၄ ရက်က အလုပ်မရှိသည့် ကိစ္စဖြင့် လင်မယားချင်းစကားများခဲ့သည့်အပြင် မိဘတို့ကလည်း ဆူပူခဲ့သေးကြောင်း ဦးအေးလွင်က ဆိုသည်။ ယင်းသို့ဖြစ်ပွားပြီး နောက်တစ်နေ့တွင် ဆွဲကြိုးချသေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် တစ်နှစ်အရွယ် ကလေးတစ်ဦးလည်း ရှိသည်။ “ကိုဗစ်ကာလအလုပ်မရှိတာရယ်၊ အကြွေးကလည်းရှိနေတာကြောင့်ရယ်၊ အမေက […]