ကိုဗစ်၊ အင်တာနက်လိုင်းနှင့် ကျေးလက်၏ ကလေးများ
diz_admin
December 27, 2020ကိုဗစ်ကာလ အချိန် ကြာလာသည်နှင့်အမျှ ကျေးလက်တွင် နေထိုင်သော ကလေးများသည် လိုင်းမမိသည့်အတွက် အခက်အခဲ တွေ့နေကြရသည်။ ကိုဗစ်ကာလအတွင်း စာသင်ကျောင်းများ ရပ်နားထားသော်လည်း အားလပ်ချိန်အတွင်း မြို့ပြရှိ ကလေးများသည် မိမိ တို့ ဝါသနာပါသော အသိပညာ၊ အတတ်ပညာ အရပ်ရပ်ကို အွန်လိုင်းစနစ်ဖြင့် သင်ယူတတ်မြောက်ခွင့် ရကြသည်။ ထိုသို့ အသိပညာ၊ အတတ်ပညာ အသီးသီးကို အခမဲ့ သင်ကြားပေးနေသော ဖေ့စ်ဘုတ်ပေ့ချ်များ၊ အဖွဲ့အစည်းများ၊ သင်တန်းကျောင်းများလည်း များစွာ ရှိနေကြသည်။ ကျေးလက်တွင် နေထိုင်သော ကလေးများသည်ကား ဖုန်းလိုင်းမမိခြင်း၊ အင်တာနက်လိုင်း မကောင်းခြင်းတို့အတွက် Zoom Application ကို အသုံး ပြုရန် မဖြစ်နိုင်ပေ။ ယခုလက်ရှိ အသိပညာများ မျှဝေရာတွင် အသုံးပြုသည်ကလည်း Zoom Application သာ အများဆုံးဖြစ်သည်။ […]