မြိတ်ရေကန်ဘောင်တွင် စုံတွဲတစ်တွဲကို ဓားဖြင့်ထိုးပြီး ပစ္စည်းလု
Dawei Watch
January 9, 2025မြိတ်မြို့၊ မြစ်ငယ်ရပ်၊ ရေကန်ဘောင်အနီး ဘုန်းကြီးကျောင်းအနောက်ဘက်တွင် စုံတွဲတစ်တွဲကို ဓားဖြင့်ထိုးပြီး ပစ္စည်းလုယက်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းရပ်ကွက်နေသူများထံမှသိရသည်။ ဇန်နဝါရီလ ၈ ရက် ည ၉ နာရီခွဲခန့်က လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ္စည်းနှင့်ငွေသားဆုံးရှုံးမှု မရှိသော်လည်း အသက် ၂၀ ကျော် အရွယ်အမျိုးသား၏ ပေါင်၊ ကျောဘက်နှင့် လက်မောင်းတို့တွင် ဓား ဒဏ်ရာလေးချက် ရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိရသူများကပြောသည် ။ ” ကောင်မလေးနဲ့ချိန်းတွေ့နေတုန်း ပိုက်ဆံလုတာ မပေးလို့ ဓားနဲ့ထိုးတာပါ။ နံဘေးကလူတွေ အော်လိုက်တာ ထိုးတဲ့လူတွေ ပြေးကုန်တယ်။ မဟုတ်ရင် ထိုးခံရတဲ့ လူသေတယ်” ဟု မြစ်ငယ်ရပ်ကွက်နေသူတစ်ဦးကပြောသည် ။ ဓားထိုးခံရသည့် အမျိုးသားကို ရပ်ကွက်နေသူများ၏ဆက်သွယ်ကူညီပေးမှုဖြင့် မြို့ခံ လူမှုကူညီရေးအဖွဲ့တစ်ခုက မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ လုယက်သူများသည် အမျိုးသားသုံးဦးဖြစ်ပြီး ဆိုင်ကယ်အပြာရောင်(ဗီယက်နမ်ဘီး) ကို သုံးယောက်စီး၍ […]