BREAKING
April 21, 2025

မြိတ်

မြိတ်တွင် ကိုဗစ်ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူ ခြောက်ဦးတွင် ပိုးတွေ့

diz_admin

January 5, 2021

မြိတ်မြို့ မြိတ်တောင်နယ်မြေ ရွှေလိပ်ပြာလမ်းနေ ကိုဗစ်ပိုးတွေ့သည့် အမျိုးသမီးနှင့် ထိတွေ့ဆက်စပ်သူ ခြောက်ဦးတို့တွင် ဇန်နဝါရီလ ၁ ရက်နေ့က ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ အမျိုးသမီး နေထိုင်သည့် လမ်းအား အသွားအလာ ကန့်သတ်ထားပြီး ပိုးတွေ့ အမျိုးသမီးနှင့် ထိတွေ့သူ အမျိုးသားသုံးဦးနှင့် အမျိုး သမီးငါးဦးတို့တွင် ဒီဇင်ဘာလ ၂၅ ရက် နေ့က ကိုဗစ်ပိုးတွေ့ရှိထားပြီးဖြစ် သည်။ မြိတ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ က ကိုဗစ်ပိုးတွေ့သူ ၁၆ ဦးရှိခဲ့ကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။ အဆိုပါ ၁၆ ဦးတို့မှာ မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်အတွင်းရှိ အိုးအိမ်ဌာန ကွာရန်တင်းစင်တာရှိ ရန်ကုန် မှ နေရပ်ပြန်သူ ဆယ်ဦးနှင့် ရွှေလိပ်ပြာ လမ်းနှင့် […]

မြိတ်တွင် သေဆုံးပြီးနောက် ကိုဗစ်ပိုးတွေ့သူ နှစ်ဦးရှိ

diz_admin

January 2, 2021

မြိတ်မြို့တွင် သေဆုံးပြီးနောက် စစ်ဆေးရာမှ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က အသွားအလာကန့်သတ်ထားသည့် ဗဲင်(န်)တေ့(ချ်)ကုမ္ပဏီဝင်းတွင် အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးသေဆုံးပြီး နောက် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့ သည်။ ဒုတိယတစ်ဦးမှာ အသက် ၅၈ နှစ်အရွယ် သီလရှင်တစ်ဦးဖြစ်ပြီး ၎င်းမှာ သာကေတရပ် ဘေးမဲ့ကျောင်းတွင် သီတင်းသုံးပြီး တက္ကသိုလ်ရပ်ရှိ ဆွမ်း ဒကာနေအိမ်တွင် ပြောင်းရွှေ့သီတင်းသုံးနေစဉ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ဆွဲကြိုးချသေဆုံးခဲ့ကြောင်း မြို့မရဲစခန်း မှ သိရသည်။ အဆိုပါ သီလရှင်ကို စစ်ဆေးခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိသဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သေဆုံးရောက်ရှိလူနာ တစ်ဦးအဖြစ် မြိတ်ပြည်သူ့ဆေးရုံကြီး၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ မြိတ်တွင် ဒီဇင်ဘာလ […]

မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစု တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်စဉ် ဖမ်းမိ

diz_admin

January 1, 2021

မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုမှာ ဒီဇင်ဘာလ ၂၃ ရက်နေ့က မောတောင်-စင်ခွန်းနယ်စပ်ဂိတ်ရှိ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်စဉ်ဖမ်းမိခဲ့ကြောင်း မြိတ်-ပရာကျွပ်မောင်နှစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် ထံမှ သိရသည်။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင် ငံ၊ ပရာကျွပ်ခီရီခန်မြို့၊ အောင်နွဲတိုက်နယ် အမှတ် ၅ ကျေးရွာအုပ်စု နင်ကဲဝို့ ကျေးရွာရှိ ရာဘာခြံအတွင်း ထိုင်းတာဝန် ရှိသူတို့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါမိသားစုတွင် အသက် ၃၀ နှစ်ရှိ အမျိုးသမီးတစ်ဦးနှင့် ၁၀ နှစ် အရွယ်ရှိ သားတစ်ဦး၊ ခုနစ်နှစ်အရွယ် သမီးအမွှာမိန်းကလေး နှစ်ဦးတို့ပါရှိပြီး အမျိုးသမီး၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်၊ ပထီရူးမြို့နယ်ရှိ အလုပ်ရှင်တစ်ဦး၏ ဆီအုန်းခြံတွင်လုပ်ကိုင်နေပြီး အမျိုးသားမှာ လိုက်ပါလာခြင်းမရှိခဲ့ကြောင်း မြိတ်-ပရာကျွပ်မောင်နှစ်မြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ […]

မြိတ်ခရိုင်အတွင်း နေရာနှစ်ခုတွင် လျှပ်စစ်ထုတ်ရေး ဖြစ်နိုင်ခြေရှိ/မရှိ လေ့လာရန် ကုမ္ပဏီနှင့် အစိုးရ လက်မှတ်ထိုး

diz_admin

December 31, 2020

မြိတ်ခရိုင်အတွင်းရှိ နေရာနှစ်ခုတွင် လျှပ်စစ်ထုတ်လုပ်ရေး ဖြစ်နိုင်နိုင် ခြေရှိ/ မရှိကို အကြိုစူးစမ်းလေ့လာရန် တိုင်းအစိုးရအဖွဲ့နှင့် Southern Power Grid ကုမ္ပဏီတို့ နားလည်မှုလက်မှတ် (MoU) ထိုးခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြို စူးစမ်းလေ့လာသည့် နားလည်မှု မှတ်တမ်း (MoU) ကို ဒီဇင်ဘာလ ၂၁ ရက် နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ပလောက်ချောင်းအတွင်း ရေအားဖြင့်လည်းကောင်း၊ တနင်္သာရီမြို့နယ်အတွင်း နေရောင်ခြည်စွမ်းအင်(ဆိုလာ) နှင့် ဇီဝလောင်စာဖြင့် လည်းကောင်း လျှပ်စစ်ထုတ်ရန် ဖြစ်နိုင်ခြေရှိ/ မရှိကို အကြိုစူးစမ်းလေ့လာမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများအား သုံးလတစ်ကြိမ်အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။ Southern […]

ကိုဗစ်ကာလ ကျောင်းများပိတ်ထားစဉ် ကျောင်းသူ/သားများအား စာအုပ်အခမဲ့ငှား

diz_admin

December 30, 2020

ကိုဗစ်ကာလတစ်လျှောက် ကျောင်းများပိတ်ထားသည့်အချိန်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အခြေခံပညာအထက် တန်းကျောင်းခွဲ၊ တောနောက်လယ်ရွာ ကျောင်းစာကြည့်တိုက်မှ စာအုပ်များအား အခမဲ့ငှားရမ်းပေးနေကြောင်း ယင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းရွှေရည်ဦးထံမှ သိရသည်။ မိဘတို့က ကျောင်းသား/သူများအား ထိန်းသိမ်းရန် ခက်ခဲကြောင်းနှင့် ကျောင်းမဖွင့်သေးဘူး လားဟု ပြောဆိုမေးမြန်းမှုများရှိလာနေသည့် အတွက်တစ်ခုခုပြုလုပ်ပေးရန် စဉ်းစားရာမှ စာအုပ် များငှားရမ်းပေးခြင်းအစီအစဉ်ပေါ်လာသည့်အတွက် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းကျောင်းအုပ် ဆရာမကြီး ဒေါ်ဝိုင်းရွှေရည်ဦးက ပြောသည်။ အဆိုပါ ကျောင်းစာကြည့်ရှိ ပညာတန်ဆောင်၊ ပုံပြင်၊ သုတ၊ ရသ၊ မဂ္ဂဇင်း စသဖြင့် အမျိုးအစားစုံလင်သည့် စာအုပ်များအား လှည်းဖြင့်ကျေးရွာအတွင်း လှည့်လည်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ငှားရမ်းပေးသွားမည်ဖြစ်သည်။

တနင်္သာရီမြို့တွင် ကိုဗစ်လူနာ စတွေ့

diz_admin

December 29, 2020

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပထမဦးဆုံးအဖြစ် အမျိုးသားတစ်ဦးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ လောင်းလုံး၊ မြိတ်၊ ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် ကိုးမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကိုဗစ်လူနာ များရှိနေခဲ့ပြီး တနင်္သာရီမြို့တစ်မြို့သာ ကိုဗစ်ကင်းစင်နေခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ပိုးတွေ့ရှိသည့် အမျိုးသားမှာ ပဲခူးတိုင်းဒေသကြီးမှ အလုပ်လုပ်ရန်လာ ရောက်သူတစ်ဦးဖြစ်ကာ တနင်္သာရီ ခန်းမတွင် ကွာရန်တင်းဝင်နေသူဖြစ်သည်။ လက်ရှိတွင် တနင်္သာရီမြို့နယ်ပြည်သူ့ ဆေးရုံ၌ ထားရှိကာ စောင့်ကြည့်ကုသပေး လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပိုးတွေ့သူနှင့် ထိတွေ့ ဆက်စပ်သူတို့အား […]

မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုးတွေ့သဖြင့် မောတောင်နယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိ ပိတ်မည်

diz_admin

December 29, 2020

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုး တွေ့သဖြင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ထိုင်းဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း မြိတ်-ပရာကျွပ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လအတွင်းမှစပြီး မောတောင်-စင်ခွန်းအထူးယာယီနယ် စပ်ဂိတ်မှ လူအဝင်အထွက်အား ပိတ်ထားခဲ့ပြီး မြန်မာဘက်မှ ကုန်ခြောက်များနှင့် မြိတ်ဒေသထွက်ပလာတူး၊ ကဏန်း၊ ကင်းမွန်၊ ဂျင်းစသည့် အအေးခန်း အခဲတုံးတို့အား ကုန်သွယ် ခွင့်ပြုပေးထားခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ ကုန်သွယ်ခွင့်ကိုလည်း ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ မည်ဖြစ်သည်။ “မောတောင်ကနေသွားတဲ့ လုပ်ငန်း အားလုံးရပ်ဆိုင်းရလိမ့်မယ်” ဟု မြိတ်မြို့နေ အသက် ၃၀ ကျော်ရှိ ရေထွက်‌ကုန် တင်ပို့ရောင်းချနေသူ တစ်ဦးက ပြောသည်။ ထိုင်းဘက်မှ နယ်စပ်ဂိတ်ပိတ်သည့်အတွက် […]

သုံးခရိုင်စစ်တုရင်ပြိုင်ပွဲ အွန်လိုင်းမှ ကျင်းပရန်စီစဉ်

diz_admin

December 27, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း သုံးခရိုင်စစ်တုရင်ပြိုင်ပွဲအား အွန်လိုင်းမှ တစ်ဆင့် ကျင်းပသွားရန် စီစဉ်နေကြောင်း မြိတ်စစ်တုရင်အသင်း ဥက္ကဋ္ဌ ဦးကိုဦးထံ မှ သိရသည်။ ယင်းပြိုင်ပွဲကို ပြိုင်ပွဲအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် Chess.com အယ်ပလီကေးရှင်းဖြင့် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရန် လိုအပ်သည့် အကောင့်(Account)လျှောက်ခြင်း၊ အသင်းဖွဲ့ခြင်းနှင့် အခြားလိုအပ်သည်များကို ပြုလုပ်နေရကြောင်း ၎င်းက ပြောသည်။ အဆိုပါ အယ်ပလီကေးရှင်းဖြင့် ပြိုင်ပွဲပြုလုပ်ရာတွင် ကစားသူများမှာ နည်းပညာအကူအညီနှင့် အခြားမသမာသည့် နည်းလမ်းများဖြင့် ကစားပါက သက်ဆိုင်ရာ Admin Team အား အကြောင်းကြားပေးသည့် စနစ်ပါဝင်ကြောင်း ၎င်းက ဆိုသည်။ မြိတ်တွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် စစ်တုရင်ပြိုင်ပွဲတို့အား နှစ်စဉ် ပြုလုပ်သော်လည်း ကိုဗစ်ကာလတစ်လျှောက်တွင် ပြိုင်ပွဲသုံးခုခန့်ကို မပြုလုပ်နိုင်ခဲ့ကြောင်း မြိတ်စစ်တုရင်အသင်းမှ […]