မြိတ်တွင် သမီးရည်းစား နှစ်ဦး သေဆုံး
diz_admin
January 14, 2021မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ နေအိမ်သုံးခန်းတွဲ တိုက်ခန်းတစ်ခုတွင် ဇန်နဝါရီလ ၇ ရက်နေ့ ညရှစ်နာရီခွဲအချိန်ခန့်က သမီးရည်းစားချင်း စကားများပြီး လူသတ်မှုဖြစ်ခဲ့ကြောင်း မြိတ်မြို့ မြိုမရဲစခန်း ထံမှ သိရသည်။ အဆိုပါ အခန်းတွဲတွင် သမီးရည်းစားနှစ်ဦး စကားများပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေကြသဖြင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးရာ နှစ်ဦးစလုံး ဓားဒဏ်ရာတို့ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ကြောင်း မြို့မရဲစခန်း ထံမှ သိရသည်။ အိမ်အခန်းတံခါးအား ဂျက်ထိုးထားသဖြင့် အနောက်ဘက်တံခါးအပေါ် ဘက်ရှိ သွပ်ပြားအားဖျက်ပြီး ဝင်ရောက် စစ်ဆေးခဲ့ရာ နှစ်ဦးစလုံး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ကန်ဖျားနယ် မြေ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောပြသည်။ “သမီးရည်းစား အတွင်းရေးကိစ္စကြောင့် ဖြစ်မှာပါ” ဟု မြိတ်မြို့ မြို့မရဲ စခန်းမှ စခန်းမှူး […]