BREAKING
April 21, 2025

မြိတ်

ဖမ်းဆီးထားသည့် မြိတ် ကျောင်းသားခေါင်းဆောင် ပုဒ်မနှစ်ခုဖြင့် တရားစွဲထား

diz_admin

March 9, 2021

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင် လေးဦးအနက် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမိုးသူအောင်အား ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ဇနီးဖြစ်သူ ဒေါ်ရှင်ဌေးက ပြောသည်။ ဒေါ်ရှင်ဌေးသည်လည်း အာဏာသိမ်းသည့် နေ့ကအဖမ်းခံရကာ ပြန်လည် လွှတ်မြောက်လာသူဖြစ်သည်။ ဦးမိုးသူအောင်ကို ပုဒ်မ ၁၄၄(လူစု လူဝေးပြုလုပ်မှု)၊ ပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညို ပျက်စေမှုတို့ဖြင့် တရားစွဲဆိုထားပြီး ၎င်းနှင့်အတူ အဖမ်းခံထားရသည့် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုတူးတူး၊ ကိုချမ်းမြေ့နိုင်၊ ကိုရဲကျော်ဖြိုး တို့ကိုမူ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း ဒေါ်ရှင်ဌေးက ပြောပြသည်။ ဖမ်းဆီးထားသူများအား လက်ရှိ မြိတ်ထောင်တွင် ထိန်းသိမ်းထားပြီး လာမည့်အပတ်တွင် ရုံးထုတ်စစ်ဆေးမည် ဟု သိရှိရကြောင်း ၎င်းက ဆိုသည်။ […]

မြိတ်ကင်းသမားများ အဖမ်းခံရမည်စိုး

diz_admin

March 2, 2021

မြိတ်မြို့ပေါ် ရပ်ကွက်တို့ရှိ လမ်းအသီးသီးတွင် ညအချိန် အမျိုးမျိုးသော လုံခြုံရေးအတွက် ကင်းစောင့်နေကြသော ကင်းသမားများ အဖမ်းခံရမည်ကို စိုးရိမ်နေကြသည်။ မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ရပ်ကွက်တို့တွင် မျက်နှာစိမ်းလူများ ဝင်ရောက်ခဲ့သဖြင့် အထိတ်တလန့်ဖြစ်ရပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ကင်းစောင့်နေကြကြောင်း မြိတ်တောင်နယ်မြေရှိ ကင်းသမား တချို့မှ သိရသည်။ ရပ်ကွက်တို့ရှိ လမ်းသွယ်လမ်း ကြားထိပ်တို့တွင် သစ်ဝါးတန်းဖြင့် အတားအဆီးပြုလုပ်ပြီး လမ်းနေသူများ စုပေါင်းကာ ကင်းစောင့်နေကြခြင်း ဖြစ်သည်။ ထိုသို့ ကင်းစောင့်နေစဉ် အရန်မီးသပ် တပ်ဖွဲ့ဝင်များအပါအဝင် ကင်းသမား တစ်ဆယ်ဦးကျော်ခန့်အား ဖေဖော်ဝါရီ လ ၂၀ ရက်က ညကင်းလှည့် စစ်ယာဉ်တန်းမှ ဖမ်းဆီးခဲ့သဖြင့် ထပ်မံအဖမ်းခံ ရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ အဖမ်းခံရသည့် ကင်းသမား ၁၃ ဦးသည် […]

အာဏာရှင်ဆန့်ကျင်မှု မြိတ်ရက်စွဲများ

diz_admin

March 2, 2021

ဖေဖော်ဝါရီ ၂၀(ဆန္ဒထုတ်ဖော်မှု ၁၄ ရက်မြောက်နေ့)ပင်မသပိတ် စစ်ကြောင်းကြီးသည် မြို့သစ်လမ်းဆုံမှ ချီတက်ခဲ့ကြပြီး ကျဆုံးသွားသည့် မြသွဲ့သွဲ့ခိုင်အား လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ငြိမ်သက်စွာဖြင့် ဂုဏ်ပြုခဲ့ကြသလို WE LOVE MYEIK ဆိုင်းဘုတ်ရှေ့တွင်လည်း လွမ်းသူပန်းခွေနှင့် နှင်းဆီ ပန်းများချကာ ဆုတောင်းခဲ့ကြသည်။ ယင်းနောက် ကမ်းနားလမ်း မီးပြ တိုက်ရှေ့တွင် သပိတ်စစ်ကြောင်း ရပ်နားခဲ့ကြပြီး ဖျက်ဆီးခံခဲ့ရသည့် FREE OUR LEADERS စာတမ်းအား ပြန်ရေးခြင်း၊ သပိတ်မှောက်ခေါင်းဆောင်များမှ ဟောပြောခြင်းနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း သံချပ်များထိုးကာ သပိတ်ရပ်နားလိုက်ကြသည်။ ဖေဖော်ဝါရီ ၂၁(ဆန္ဒထုတ်ဖော်မှု ၁၅ ရက်မြောက်နေ့)ပင်မသပိတ်စစ်ကြောင်း နံနက် ၈ နာရီခွဲတွင် ကန်ကြီးရေကန်ဘောင်မှ စထွက်ပြီး တပ်ပြင်၊ အထက်ရေပုန်း၊ ကြံတော၊ ရပ်ကွက်များကို ဖြတ်ကျော်ခဲ့ပြီး ကန်ဖျားရပ်ကွက် မိုးလုံလေလုံ အားကစားရုံရှေ့တွင် […]

မြိတ်သပိတ် အကြမ်းဖက် ဖြိုခွင်းခံရ၊ အများအပြား ဒဏ်ရာရ

diz_admin

March 1, 2021

မြိတ်မြို့ ဖေဖော်ဝါရီ ၂၈ ရက် ဆန္ဒပြပွဲကို ရော်ဘာကျည်၊ ကျည်အစစ်များဖြင့် ပစ်ခတ်နှိမ်နင်းသဖြင့် အများအပြား ဒဏ်ရာရကာ လူငယ် သုံးဦး ပျောက်ဆုံးနေကြောင်း စုံစမ်း သိရှိရသည်။ ကျည်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး မြို့သစ်လမ်းဆုံ တွင်တစ်ဦးနှင့် မြို့သစ်တံတားထိပ် တွင်တစ်ဦး၊ ထားဝယ်စုရပ်ကွက်တွင် တစ်ဦး သေနတ်ထိမှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် ၎င်းတို့၏ အခြေအနေကို ဖေဖော်ဝါရီ ၂၈ ရက်ညနေအထိ အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ပစ်ခတ်ဖြိုခွင်းချိန် ဆန္ဒပြသူများမှာ ဆိပ်ငယ် တံတားဘက် ထွက်ပြေးသည့်အတွက် ရဲနှင့်တပ်များက လိုက်လံဖမ်းဆီးသောကြောင့် လူငယ်အချို့ ပင်လယ်အတွင်း ခုန်ချထွက်ပြေးခဲ့ကြသည်။ ခုန်ချသူများကို လှေသမားများက ပထော်ကမ်း အထိ ကယ်ထုတ်ခဲ့ကြပြီး သုံးဦးထက်မနည်း ပင်လယ်အတွင်း ပျောက်ဆုံးနေကြောင်း ခုန်ချခဲ့သူများက ဆိုသည်။ ယင်းအပြင်ပရဟိတလုပ်နေသည့် […]

ရွှေဝယ်ဟန်ပြုပြီး ရွှေထည်များ လုပြေး

diz_admin

February 24, 2021

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးအပြင်တန်းရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီလ ၁၅ ရက်က ရွှေထည်များ ဝယ်ယူမည့်ဟန်ဖြင့် ရွှေထည်များ လုပြေးခဲ့ကြောင်း ယင်းဈေးကြီးရှိ လက်ဝတ်ရတနာ အရောင်းဆိုင်တို့ထံမှ သိရသည်။ အမျိုးသမီးတစ်ဦးသည် ရွှေထည်များအား ဝယ်ယူမည့်ပုံစံဖြင့် ရွှေပုတီး ကုန်းတွဲအား ကြည့်ရှုနေစဉ် လုယူပြီး ဆိုင်ရှေ့ရှိ အတူပါလာသည့် အမျိုးသား တစ်ဦး စက်နှိုးပြီးအသင့်စောင့်နေသည့် မော်တော်ဆိုင်ကယ်နှင့်အတူ မောင်းထွက်သွားခြင်းဖြစ်သည်။ “အော်သံတော့ ကြားလိုက်တယ် လိုက်မယ့်သူလည်းမတွေ့ဘူး” ဟု ရွှေထည် အလုခံရသည့် ဆိုင်အနီးရှိ ရွှေအရောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။ ရွှေပုတီးကုန်းများအား အတွဲလိုက် စည်းထားသဖြင့် တစ်တွဲလျှင်အနည်းဆုံး ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိကြောင်း အထက်ပါ ရွှေအရောင်းဆိုင်ရှင်က ပြောပြသည်။ ယခုရက်ပိုင်းအတွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ်နေကြခြင်း၊ နေ့ရော ညပါ ရပ်ကွက်များအတွင်း […]

ကင်းမွန်လှေများ ၂ နှစ်ဆက်တိုက် အရှုံးပေါ်

diz_admin

February 24, 2021

မြိတ်ခရိုင်အတွင်း လုပ်ကိုင်နေကြသည့် ကင်းမွန်ငါးဖမ်းလှေများ ၂ နှစ် ဆက်တိုက် အရှုံးပေါ်နေကြောင်း ကင်းမွန် လုပ်ငန်းရှင်များနှင့် မြိတ်ခရိုင်ကင်းမွန် ငါးဖမ်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ယမန်နှစ် တစ်နှစ်ပတ်လုံးမှာ ကိုဗစ် ကပ်ဘေးကြောင့် ထိုင်း၊ တရုတ်အဝယ် ရပ်သည့်အတွက် ကင်းမွန်တစ်ဗန်း ကျပ် တစ်သိန်း ရှိရာမှ ကျပ်နှစ်သောင်းခွဲသို့ ထိုးဆင်းသွားသဖြင့် လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့သည်။ ကင်းမွန်အရများပြီး ဒိုင်တချို့ မဝယ်တော့သည့်အတွက် လှေပေါ်မှ ပင်လယ်ပြင်အတွင်း ပြန်လည်စွန့်ပစ်ကြသည့် ဖြစ်စဉ်များလည်း ယမန်နှစ်က ဖြစ်ခဲ့သည်။ သို့သော် ယခုနှစ်တွင်မူ ကင်းမွန် အရအမိ နည်းလာသဖြင့် အရှုံးပေါ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ပင်လယ်ပြင်ထွက်၍ ကင်းမွန်များဖမ်းဆီး နေသည်မှာ သုံးလကျော်လာပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်များက လှေငယ်တစ်စီး တစ်ညတာကင်းမွန်ဖမ်းဆီးရရှိမှု ဗန်းနှစ်ဆယ်မှ ငါးဆယ်ခန့်အထိ ရရှိခဲ့သည်။ […]

CDM ပြုလုပ်သည့် ကျွန်းစုမြို့ ရပ်/ကျေးထွေအုပ် စာရေးကိုးဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

diz_admin

February 24, 2021

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်/ကျေးထွေအုပ်စာရေး ကိုးဦးအား အာဏာဖီဆန်ရေး အလုပ်မဆင်း ဆန္ဒပြ (CDM) ခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ နိုင်ငံဝန်ထမ်းများသည် CDM ကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ကာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်ပေါ် တွင် ဖော်ပြခြင်း၊ အကြောင်းအမျိုးမျိုး ပြပြီး လုပ်ငန်းခွင်သို့ လာရောက်ရန် ပျက်ကွက်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်နွှယ်ပါဝင် ပတ်သက်နေမှု နှင့် စပ်လျဉ်းကြောင်း ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူးက ထုတ်ပြန်ထားသည့် ရုံးအမိန့် စာတွင် ရေးသားထားသည်။ အဆိုပါ ဝန်ထမ်းတို့အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ခုနှစ်၊ ပုဒ်မ ၂၆၊ ပုဒ်မခွဲ(က) နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၃၈၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ […]

မြိတ်မြို့ရှိ ရွှေဆိုင် ထက်ဝက်ကျော် ရပ်နား

diz_admin

February 18, 2021

မြိတ်မြို့ပေါ်ရှိ ရွှေအရောင်းဆိုင်ထက်ဝက်ကျော်ခန့်မှာ ပြီးခဲ့သည့် ရက်ပိုင်းခန့်မှစပြီး ရပ်နားထားကြောင်း ယင်းရွှေအရောင်းဆိုင် အသိုင်းအဝိုင်း ထံမှ သိရသည်။‌ မြန်မာပြည်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစပြီး တပ်အာဏာသိမ်းပြီးနောက် နေရာအနှံ့ ဆန္ဒထုတ်ဖော် လျက်ရှိရာ မြိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ခြောက်ရက် ဆက်တိုက် ဆန္ဒထုတ်ဖော်နေကြသည်။ ယင်းကဲ့သို့ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် ရွှေအရောင်း ဆိုင်တို့ ရပ်နားထားရခြင်းဖြစ်ကြောင်း မြိတ်ဆိပ်ငယ်ဈေးကြီးရှိ ရွှေအရောင်း ဆိုင်အချို့မှ သိရသည်။ “ရောင်းတဲ့ဆိုင်တွေတောင် နေ့တစ် ဝက်လောက်ပဲ ဖွင့်ကြတာ” ဟု ဆိပ်ငယ် ဈေးကြီး အပြင်ဘက်ရှိ လက်ဝတ်ရတနာ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ထို့ပြင် ဆိုင်ဖွင့်ထားသော်လည်း ဘဏ်များဖွင့်လှစ်ခြင်းမရှိသည့်အတွက် အရောင်းအဝယ်နည်းပါးကြောင်း မြို့သစ်ဈေးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောပြာသည်။ နိုင်ငံရေးအခြေအနေအပြောင်းအလဲကြောင့် ငွေစက္ကူတစ်သောင်းကျပ်နှင့် ငါးထောင်ကျပ်တန်တို့ […]