BREAKING
April 21, 2025

မြိတ်

တနင်္သာရီတိုင်းတွင် ပညာရေးဝန်ထမ်း ခြောက်ထောင်ကျော် ရာထူးမှထုတ်ပယ် ခံရ

diz_admin

June 1, 2021

တနင်္သာရီတိုင်းတွင် အခြေခံပညာကျောင်းမှ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ခြောက်ထောင်ကျော်ကို ရာထူးမှ အပြီးသတ်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ သဘောတူဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေ ၁၆၂၊ နည်းဥပဒေခွဲ(ဃ)တို့ပါ ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် နိုင်ငံဝန်ထမ်းဥပဒေ၏ ပုဒ်မ ၅၃၊ ပုဒ်မခွဲ(ဇ)အရ ရာထူးမှထုတ်ပယ်ကာ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ယင်းသို့ ရာထူးမှ ထုတ်ပယ်ခြင်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဆုံးဖြတ်ထုတ်ပယ်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အတွက် ကာယကံရှင်ဝန်ထမ်းများအနေဖြင့် ကျေနပ်မှုမရှိပါက အမိန့်စာရရှိပြီးနေ့မှ ခြောက်လအတွင်း အယူခံဝင်နိုင်သည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အစတုန်းကတော့ ယာယီရပ်ထားတယ်လေ၊ ယာယီရပ်ထားစဉ်မှာ […]

တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်အားလုံး မနက်ဖြန်မှစ၍ ၉ ရက်ကြာ ရပ်နားမည်

diz_admin

May 28, 2021

ကိုဗစ်ကပ်ဘေး ကူးစက်မှုမြင့်တက်နေသည်ဟုဆိုကာ တနင်္သာရီတိုင်းသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အားလုံးကို မေ ၂၉ ရက်နေ့မှ စ၍ ၉ ရက် ရပ်နားမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်အချို့ထံမှ သိရသည်။ ထားဝယ်၊ မြိတ်၊ ကော့သောင်းသို့ ပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်အားလုံး မေလ ၂၉ ရက်မှစကာ ဇွန်လ ၆ ရက်နေ့အထိ ၉ ရက်ကြာ ရပ်နားမည်ဟု လေကြောင်းလိုင်းများက အကြောင်းကြားလာကြောင်း ထားဝယ်မြို့ပေါ်ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ ရန်ကုန်-ထားဝယ်၊ ရန်ကုန်-မြိတ်နှင့် ရန်ကုန်- ကော့သောင်း အစရှိသည့် ခရီးစဉ်အားလုံးရပ်နားမည်ဖြစ်သည်။လေယာဉ်လက်မှတ်ကြိုတင်ဝယ်ထားသူများကို ဝယ်ယူသည့်နှုန်းထားအတိုင်း ပြန်အမ်းပေးနေကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။ “အားလုံး ပြန်အမ်းပေးနေပါတယ်”ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်း ခရီးစဉ်များအပြင် ကလေး၊ တာချီလိတ် ခရီးစဉ်များလည်း […]

မြိတ်တွင် အဖမ်းဆီးခံ သတင်းထောက်နှစ်ဦး ဇွန်လဆန်းတွင် အမိန့်ချမည်

diz_admin

May 27, 2021

အဖမ်းခံထားရသော မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်နှင့် မဇ္ဈိမ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့အား လာမည့် ဇွန်လ ၂ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။ သတင်းအမှား ထုတ်လွှင့်သည်ဟုဆိုကာ ကိုအောင်ကျော်အား မတ်လ ၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အလားတူ မဇ္ဈိမ သတင်းဌာန အလွတ်တန်းသတင်းထောက် ကိုဇော်ဇော် ကို ဧပြီလ ၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဉီးအား ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခဲ့သည်။ ကိုအောင်ကျော်အား မေလ ၂၆ ရက်နေ့က ခြောက်ကြိမ်မြောက်ရုံးထုတ် ခဲ့ပြီးယင်းနေ့တွင် လျှောက်လဲချက်အား ကိုယ်တိုင် အပြီးသတ်ရေးကာ တရားသူကြီးထံသို့တင်သွင်းခဲ့ကြောင်း ၎င်း၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ဆိုသည်။ “ရှေ့နေမရှိတော့ ကိုယ်တိုင်ရေးရတယ်။လာမယ့် ၂ ရက်နေ့ (ဇွန်) […]

တနင်္သာရီတိုင်းအတွင်း ကိုးရက်ဆက် မိုးရွာမည်

diz_admin

May 23, 2021

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းအတွင်း ကိုးရက်ဆက် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသ တနင်္သာရီတိုင်းသို့ မေလ ၂၁ ရက်နေ့က ဝင်ရောက်ခဲ့ပြီး မေလ ၂၁ ရက်မှ ၃၁ ရက်နေ့အတွင်း ရွာသွန်းမြဲထက်ပိုရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ တတိယအပတ်က ထုတ်ပြန်ထားသည်။ မေလ ၂၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု အထက်ပါဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မြန်မာ့ကမ်းရိုးတန်းတလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး […]

ပုလောတွင် လယ်လုပ်ရာမှ ပြန်လာသူသုံးဦး မိုးကြိုးပစ်ခံရ၊ တစ်ဦိးသေ

diz_admin

May 21, 2021

ပုလောမြို့နယ်အတွင်းရှိ ဇရပ်ဆိပ်ရွာတွင် မေလ ၁၉ ရက် ညနေက လယ်ယာလုပ်ငန်းခွင်မှ ပြန်လာသည့် အမျိုးသားသုံးဦး မိုးကြိုးပစ်ခံရပြီး တစ်ဦးပွဲချင်းပြီးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇရပ်ဆိပ်ကျေးရွာအုပ်စု အမှတ် ၄ ရပ်ကွက်နေ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားသုံးဦး လယ်ယာလုပ်ငန်းခွင်မှ နေအိမ်သို့ပြန်လာစဉ် လယ်ကွင်းအတွင်းမှာပင် မိုးကြိုးပစ်ခံရကြောင်း ဇရပ်ဆိပ်ရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ထိုသို့မိုးကြိုးပစ်ခံရသည့်အတွက် ကိုကျော်လွင်မှာ ပွဲချင်းပြီးသေဆုံးသွားပြီး အခြားနှစ်ဦးတွင် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ “နှစ်ဦးကိုတော့ ပလတိုက်နယ်ဆေးရုံကို ပို့လိုက်တယ်”ဟု ဟု အထက်ပါ အမျိုးသားက ဆိုသည်။ မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလ၏ နေ့လယ်နှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ အားကောင်းလာပါက မိုးကြိုးပစ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးကြိုးပစ်ခြင်းအပါအဝင် သဘာဝဘေးန္တရာယ်တစ်ခုခုကြောင့် သေဆုံးပါက […]

မီဒီယာဉပဒေနှင့်အညီဆောင်ရွက်ရန် အဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက်တောင်းဆို

diz_admin

May 19, 2021

မီဒီယာဉပဒေနှင့်အညီ အမိန့်ချပေးရန် ဖမ်းဆီးခံထားရသည့် မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော် က တောင်းဆိုလိုက်သည်။ မေလ ၂၈ ရက်နေ့က ၅ ကြိမ်မြောက် ထောင်အတွင်း အထူး တရားရုံးသို့ ရုံးထုတ်စဉ် တောင်းဆို လိုက်ခြင်းဖြစ်သည်။ ကိုအောင်ကျော်သည် ရာဇဝတ်မှုကျူးလွန်ခဲ့သူတစ်ဉီးမဟုတ်ဘဲ သတင်းမီဒီယာသမားတစ်ဉီး ဖြစ်သည့်အတွက် မီဒီယာဉပဒေဖြင့်သာ အရေးယူအမိန့်ချပေးပါရန် တရားသူကြီးအား တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ကပြောသည်။ “လာမဲ့ ၂၆ ရက် ရုံးချိန်းမှာ အမှုနဲ့ပတ်သက်ပြီး လျှောက်လဲချက်အပြီးတင်ရမယ်”ဟု ၎င်းကပြောသည်။ သတင်းအမှားထုတ်လွှင့်သည်ဟုဆိုကာ မြိတ်အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်အား မတ်လ ၁ ရက်နေ့က မြိတ်မြို့တွင် ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခဲ့ပြီးနောက် ထောင်တွင်းတရားရုံးတွင် ရက်နေ့အထိ ၅ […]

ရှေ့နေအခက်အခဲကြောင့် ဖမ်းဆီးခံသတင်းထောက်ကိုယ်တိုင် ခုခံချေပမည် ဟုဆို

diz_admin

May 17, 2021

ရှေ့နေငှားရမ်းရ ခက်ခဲမှုကြောင့် ဖမ်းဆီးခံထားရသည့် မြိတ်အခြေစိုက် DVB သတင်းထောက်ကိုအောင်ကျော် ကိုယ်တိုင် လာမည့်ရုံးချိန်းတွင် ခုခံချေပမည်ဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူကပြောသည်။ သတင်းထောက် ကိုအောင်ကျော်အား မတ်လ ၁ ရက်နေ့က ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။ ကိုအောင်ကျော်အမှု ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် မေလ ၁၈ ရက်နေ့တွင် ချိန်းဆိုထားပြီး ယင်းရုံးချိန်းတွင် ၎င်းကိုယ်တိုင် ခုခံချေပမည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မနေခြည်မိုးထက်က ဆိုသည်။ တရားစွဲဆိုခံရပြီးနောက် DVB သတင်းဌာနက ရှေ့နေငှားရန်စီစဉ်ပေးခဲ့သော်လည်း လိုက်ပါဆောင်ရွက်ပေးမည့် ဒေသခံရှေ့နေ ငှားရမ်းရန် အခက်အခဲရှိနေရှိနေကြောင်း မနေခြည်မိုးထက်က ပြောသည်။ “ရှေ့နေငှားမရလည်း သူကိုယ်တိုင် ခုခံထုချေသွားမယ်လို့ သူကပြောတယ်”ဟု ၎င်းက ဆိုသည်။ ကိုအောင်ကျော်အား တရားစွဲဆိုပြီးနောက် ဧပြီလ ၂၀ ရက်နေ့မှစတင်ကာ မြိတ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် […]

မြိတ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ အပါအဝင် ငါးဦးအဖမ်းခံရ

diz_admin

April 24, 2021

မြိတ်မြို့ရှိ တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် သုံးဦးအပါအဝင် ငါးဦးသည် ဧပြီလ ၂၄ ရက်ညက အဖမ်းခံလိုက်ရကြောင်း သိရသည်။ ကွန်ပျူတာတက္ကသိုလ်(မြိတ်)ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုသက်လွင်ငြိမ်း၊ မြိတ်တက္ကသိုလ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပြည့်မင်းခန့်၊ နည်းပညာတက္ကသိုလ်(မြိတ်) သမဂ္ဂအဖွဲ့ဝင် ကိုစိုးဝေယံဖြိုးတို့ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။ ည ၁၂ နာရီအချိန် နေအိမ်တွင် ၎င်းတို့သုံးဦးအား လာရောက်ဖမ်းဆီးသွားကြောင်း မြိတ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဘာဖြစ်လို့ဖမ်းသွားတယ်ဆိုတာတော့မသိဘူး။ တာဝန်အရလာခေါ်တာ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။ မြိတ်လေတပ်စခန်းနှင့် မြို့မရဲစခန်းတို့တွင် ယနေ့သွားရောက်စုံစမ်း သော်လည်း ၎င်းတို့သုံးဦးအား မတွေ့ရကြောင်း ၎င်းကဆိုသည်။ ယင်းတက္ကသိုလ်ကျောင်းသားသုံးဦးအပြင် အခြားမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုပါ ယင်းညက ဖမ်းဆီးသွားကြောင်း မြိတ်မြို့ခံတစ်ဦးကဆိုသည်။