BREAKING
April 21, 2025

မြိတ်

ကျွန်းစု CDM ဆရာမနှစ်ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

diz_admin

June 15, 2021

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်သည်ဟုဆိုကာ ဆရာမနှစ်ဦးအား ဇွန်လ ၁၄ ရက်က ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချခံရကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ ထောင်ဒဏ်ချမှတ်ခံရသူနှစ်ဦးမှာ ကျွန်းစုမြို့နယ် တောင်သုံးလုံးကျေးရွာတွင် တာဝန်ကျနေသည့် အလယ်တန်းပြဆရာမ ဒေါ်နေခြည်ထွေးနှင့် အုတ်ဖိုမော်ရွာတွင်တာဝန်ကျနေသည့် မူလတန်းပြဆရာမ ဒေါ်ချစ်မြတ်သူတို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် CDM တွင်ပါဝင်ပြီး လှုံ့ဆော်မှုလည်း ပြုလုပ်သည်ဟုဆိုကာ မတ်လ ၃၁ ရက်က နေအိမ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ထိုနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “ထောင်ကျသွားတဲ့မိသားစုမှာ အခက်အခဲတော့ရှိမှာပေါ့လေ။ အခက်အခဲမရှိတဲ့ သူဆိုတာ ဘယ်ရှိနိုင်မလဲ” ဟု ၎င်းကဆိုသည်။ ဒေါ်နေခြည်ထွေးနှင့် ဒေါ်ချစ်မြတ်သူတို့နှစ်ဦးအပါအဝင် အခြားသူများကိုလည်း ဇွန်လ ၁၄ ရက်က ထောင်ဒဏ်သုံးနှစ်စီအမိန့်ချမှတ်ခဲ့ပြီး […]

တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာရှိ ဟုဆို

diz_admin

June 11, 2021

လက်ရှိ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းအတွင်း ကျောင်းအပ်သူဦးရေ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဇွန်လ ၁၀ ရက်နေ့အထိ စာရင်းအရ ကျောင်းအပ်သူ ခြောက်သောင်းနီးပါးသာရှိသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်သူ သုံးသိန်းတစ်သောင်းကျော် ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ လက်ရှိပညာသင်နှစ်တွင် ကျောင်းအပ်သူနည်းနေသဖြင့် ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တို့က ကျေးရွာများအထိကွင်းဆင်းကာ ကျောင်းအပ်နှံရေးအတွက် စည်းရုံးနေသည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “မနေ့က လေးထောင်လောက် ထပ်ပြီးလာအပ်ကြတာဆိုတော့ အခုဆို ခြောက်သောင်းလောက် ရှိလာပြီ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ထားဝယ်မြို့နယ်အတွင်းရှိ တောင်သုံးလုံးကျေးရွာတွင်လည်း ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ကျောင်းသားမိဘများကို အစည်းအဝေးခေါ်ယူကာ စည်းရုံးနေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Dawei Watch […]

မြိတ်တွင် တည်းခိုခန်းမန်နေဂျာနှင့် ကလေးငယ် တစ်ဦး အဖမ်းခံရ

diz_admin

June 10, 2021

မြိတ်မြို့တွင် တည်းခိုခန်း မန်နေဂျာနှင့်အတူ အသက်တ၁၄ နှစ်အရွယ် ကလေးတစ်ဦး အဖမ်းခံထားရကြောင်း ရပ်ကွက်သားများနှင့် မိသားစုဝင် အသိုင်းအဝိုင်း ထံမှသိရသည်။ မေလ ၇ ရက်ည ၁၂ နာရီခန့်က မြိတ်မြို့ပါရမီရပ်ကွက်ရှိ ပန်းအိပ်မက်တည်းခိုခန်းသို့ တပ်ကောင်စီတပ်ဖွဲ့မှ စစ်ကားလေးစီးဖြင့် လာရောက်ကာ အဆိုပါတည်းခိုခန်းမှ အသက် ၄၀ အရွယ်မန်နေဂျာအမျိုးသားနှင့် အသက် ၁၄ နှစ်အရွယ်တည်းခိုခန်း ပိုင်ရှင်၏သားအား ခေါ်ဆောင်သွားကြောင်း ၎င်းတို့ထံမှသိရသည်။ “ဘာကြောင့်ခေါ်သွားတယ်လို့မသိရဘူး။ဒါပေမဲ့ ကလေးကို ရိုက်တာနှက်တာမရှိဘူးလို့ ကြားရတယ်”ဟု အဆိုပါမိသားစုဝင်ကပြောသည်။ ပန်းအိပ်မက်တည်းခိုခန်း ပိုင်ရှင်အမျိုးသားသည် မြိတ်ခရိုင် ၈၈ ပွင့်လင်းလူ့အဖွဲ့စည်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမိုးသူအောင်ဖြစ်ပြီး ပြီးခဲ့သည့် မတ်လဆန်းက တပ်ကောင်စီမှ တရားစွဲကာ မြိတ်အကျဉ်းထောင်တွင်ထိန်းသိမ်းခြင်းခံနေရသူဖြစ်သည်။ ကလေး၏မိခင် ၎င်းဇနီးသည်လည်း ဆန္ဒပြ တက်ကြွလှုပ်ရှားသူ တစ်ဉီးဖြစ်ကာ ဖမ်းဝရမ်းထုတ်ပြီးနောက် လက်ရှိအချိန်တွင် […]

မြိတ် ကဗျာဆရာနှစ်ဉီး ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ

diz_admin

June 10, 2021

မြိတ်မြို့နေ ကဗျာဆရာနှစ်ဦးဖြစ်သည့် မောင်ယုပိုင်နှင့် နရီ(မြိတ်) တို့အား ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရကြာင်း ဒေသခံအချို့ထံမှ သိရသည်။ ကဗျာဆရာမောင်ယုပိုင်ကို မတ်လ ၉ ရက်နေ့က ဆန္ဒပြပွဲလုပ်ရန် လူစုဝေးနေချိန်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ကာ ဇွန်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် အမိန့်ချခံခဲ့ရခြင်းဖြစ်သည်။ ကဗျာဆရာနောက်တစ်ဉီးဖြစ်သည့် ကလောင်အမည် နရီ(မြိတ်) ခေါ် အထက်တန်းရှေ့နေ ဉီးလွင်အောင် ကိုလည်း မတ်လအတွင်းက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲကာ ဇွန်လ ၉ ရက်တွင် ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နရီမြိတ် နှင့်အတူ ထိန်းသိမ်းခံထားရသည့် တက်ကြွလှုပ်ရှားသူ […]

ကိုဗစ်ဆေးစစ်ချက်ပါမှသာ တနင်္သာရီတိုင်းပြင်ပသို့ ခရီးသွားခွင့်ပြုမည်ဟု ထုတ်ပြန်

diz_admin

June 9, 2021

တနင်္သာရီတိုင်းအတွင်းမှ တိုင်းပြင်ပသို့ ခရီးသွားမည်ဆိုပါက ကိုဗစ်ရောဂါရှိ/ မရှိ ဆေးစစ်ချက်ပါမှသာ သွားခွင့်ပြုတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တိုင်းပြင်ပသို့သွားလာမည့် ခရီးသည်များအနေဖြင့် ၄၈ နာရီအတွင်း ကိုဗစ်ရောဂါမရှိကြောင်း ဆေးစစ်ထားသည့် အထောက်အထားရှိမှသာ သွားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခရီးသည်များကို ကလိန်အောင်တံတားတွင် စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်စစ်ဆေးချက် အထောက်အထားရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုဗစ်ရောဂါစစ်ဆေးပြီးကြောင်း အထောက်အထားကို ခရီးသည်များအပြင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လည်း ရှိရမည်ဖြစ်သကဲ့သို့ ကားဂိတ်များကလည်း ၄၈ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့်အထောက်အထားရှိမှသာ ခရီးသည်တင်ဆောင်ရမည်ဟု ညွှန်ကြားထားသည်။ မြိတ်ခရိုင်တွင်မူ တိုင်းပြင်ပသို့ သွားမည့်သူများကို ကျွဲကူး-ကျောက်ဖျာတံတားဂိတ်တွင် စစ်ဆေးမည်ဖြစ်ပြီး […]

တနင်္သာရီတိုင်းအတွင်း မိုးကြီး၍ မြေပြိုနိုင်ဟု မိုးဇလ သတိပေး

diz_admin

June 6, 2021

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းမှုများပြားသည့်အတွက် မြေပြိုသည့်အန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၆ ရက် နေ့လယ်က ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းလာနိုင်သဖြင့် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မအထက်ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းမှုများသဖြင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများက မြေပြိုသည့်အန္တရာယ်နှင့် မြစ်ချောင်းအနီးနေထိုင်သူများက ရေကြီးရေလျှံဘေးဖြစ်လာနိုင်ဂြောာင်း အသိပေးထားသည်။ ပြီးခဲ့သည့်နှစ်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းအတွင်းရှိ နေရာအချို့တွင် မြေပြိုခြင်း၊ ရေကြီး ရေလျှံခြင်းများဖြစ်ခဲ့ပြီး ရက်အနည်းငယ်အကြာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ဖူးသည်။ ထို့အပြင် လူသူထိခိုက်သေဆုံးမှုအချို့လည်း ဖြစ်ပွားခဲ့သည်။ တနင်္သာရီတိုင်းအပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း ဖြစ်ပွားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ၂၄ နာရီအတွင်း ကိုဗစ်ပိုးတွေ့သူ ၇ ဦးရှိ

diz_admin

June 6, 2021

တနင်္သာရီတိုင်းတွင်၂၄ နာရီအတွင်း ကိုဗစ်ရောဂါပိုးတွေ့သူ ၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဇွန်လ ၄ ရက် ည ၈ နာရီမှ ဇွန်လ ၅ ရက် ညအထိ ကိုဗစ်ပိုးတွေ့သူ အရေအတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထားဝယ်မြို့နယ်တွင် ၃ ဦး၊ သရက်ချောင်းတွင် ၂ ဦး၊ တနင်္သာရီနှင့် ကော့သောင်းမြို့နယ်တို့တွင် ၁ ဦးစီ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်မှ ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးကို သီတဂူဆေးရုံတွင် ကုသပေးနေကြောင်း ယင်းဆေးရုံတွင် ကူညီပေးနေသည့် ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ “အရပ်သား(ကိုဗစ်လူနာ) ဆိုရင် သီတဂူဆေးရုံကိုလာတယ်၊ အချုပ်သားဆိုရင် ဆေးရုံမှာထားတယ်”ဟု မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးက ပြောသည်။ လက်ရှိတွင် သီတဂူဆေးရုံ၌ […]

မြိတ်သတင်းထောက်နှစ်ဉီး ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ

diz_admin

June 3, 2021

မြိတ်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် DVB သတင်းထောက် ကိုအောင်ကျော်နှင့် မဇ္ဈိမ အလွတ်တန်းသတင်းထောက်ဖြစ်သူ ကိုဇော်ဇော် တို့ အား ဇွန်လ ၂ ရက်နေ့ နေ့လယ်တွင် တစ်ဉီးကို၂ နှစ်စီအမိန့်ချလိုက်ကြောင်း ကာယကံရှင် မိသားစုထံမှသိရသည်။ DVB သတင်းထောက် ကိုအောင်ကျော် ကို မတ်လ ၁ ရက်နေ့က တပ်ကောင်စီကဖမ်းဆီးခဲ့ပြီး ထောင်တွင်းယာယီတရားရုံး၌ ရုံးချိန်း ၇ ကြိမ် ခေါ်ယူပြီးနောက် ယနေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။ “သူတို့လုပ်ရပ်တွေ သတင်းအမှောင်ချချင်လို့ မီဒီယာတွေကို မတရားဖမ်းဆီးတာလို့မြင်တယ်။ လက်ရှိတရားဉပဒေစိုးမိုးမှုကို သူရော၊ ကျွန်မပါမယုံကြည်တဲ့အတွက် ဆက်လက်ပြီးအယူခံဝင်သွားဖို့ ဆန္ဒလည်းမရှိပါဘူး”ဟု ကိုအောင်ကျော်၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ကပြောသည်။ အလားတူ ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည် မဇ္ဈိမ သတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော် ကိုလည်း […]