BREAKING
April 21, 2025

မြိတ်

ပုလောတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ဓားခုတ်ခံရပြီး သေဆုံး

diz_admin

June 29, 2021

မြိတ်ခရိုင် ပုလောမြို့နယ် ပုလောကုန်းကျေးရွာအုပ်စု မြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ဇွန်လ ၂၈ ရက် ညနေပိုင်းတွင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ ဦးမြင့်နိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာဖြင့် လမ်းဘေးတစ်နေရာတွင် လဲနေသဖြင့် ပုလောဆေးရုံသို့ တင်ပို့ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း ‌ပု‌လောလူမှုကူညီရေး ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဦးမြင်နိုင်မှာ တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်း ဖြစ်သည်။ “ရှင်းရှင်းပြောရမယ်ဆိုရင် နိုင်ငံရေးကိစ္စနဲ့တော့မဆိုင်ဘူး။ (တပ်ကောင်စီခန့်) အုပ်ချုပ်ရေးမှူးမို့လို့ တမင်သတ်လိုက်တာမျိုးတော့မဟုတ်ဘူး။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ သေဆုံးသူသည် ၂၀၁၈ ခုနှစ်က တနင်္သာရီတိုင်း ဘော်လီဘော နည်းပြတစ်ဦးအား ဓားဖြင့်ခုတ်မှုကြောင့် ထောင်ကျခဲ့ဖူးပြီး ထောင်ကလွတ်လာသည်မှာမကြာသေးကြောင်း ၎င်းကပြောသည်။ ယင်းအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ပုလောကုန်းရွာတွင် ဖမ်းဆီးစစ်ဆေးခံရနေရသူများလည်း ရှိနေကြောင်း […]

တနင်္သာရီတွင် ခြောက်ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၇၀ ဦးရှိ

diz_admin

June 23, 2021

တနင်္သာရီတိုင်းတွင် ‌ဇွန်လ ၁၇ ရက်မှ ၂၂ ရက်အထိ ခြောက်ရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၇၀ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းကာလအတွင်း လူပေါင်း ငါးထောင်နီးပါးကို စစ်ဆေးရာတွင် ၇၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်။ ရာခိုင်နူန်းအားဖြင့်ဆိုပါက စစ်ဆေးသူ လူတစ်ရာလျှင် ပိုးတွေ့သူတစ်ဦးရှိသည်။

မြိတ်တွင် တစ်ပတ်အတွင်း ကိုဗစ်လူနာနှစ်ဦးသေဆုံး

diz_admin

June 21, 2021

မြိတ်မြို့တွင် ဇွန်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်နိုင်တီးရောဂါပိုးရှိသူ နှစ်ဦးသေဆုံးခဲ့ရကြောင်း မြိတ်မြို့ ကိုဗစ်ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်နိုင်တီးကုသဆောင်တွင် ဆေးကုသခံယူနေသည့် ဘုတ်ပြင်းမြို့နေ အသက် ၇၀ ရှိ အမျိုးသမီးတစ်ဦးသည် ဇွန်လ ၁၄ ရက်နေ့တွင် လည်းကောင်း၊ အသက် ၆၃ နှစ်ရှိ အမျိုးသားတစ်ဦးသည် ဇွန်လ ၁၉ ရက်နေ့တွင်လည်း အသီးသီး သေဆုံးခဲ့သည်။ ဘုတ်ပြင်းမြို့နေ အမျိုးသမီးမှာ ပြင်းထန်သည့်ရောဂါအခံရှိနေပြီး အမျိုးသားမှာ ကင်ဆာ ကဲ့သို့သောရောဂါအခံ ရှိနေကြောင်း မြိတ်မြို့ ကိုဗစ်ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ မြိတ်ပြည်သူဆေးရုံကြီးရှိ ကိုဗစ် ကုသဆောင်တွင် ဇွန်လ ၂၀ ရက်နေ့အထိ ဆေးဝါးကုသမှုခံယူနေကြသူဦးရေမှာ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး […]

တနင်္သာရီ အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ ငါးရာကျော် လျှောက်ထား

diz_admin

June 21, 2021

တနင်္သာရီတိုင်းတွင် အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ လျှောက်ထားသူ ၅၆၂ ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ Ph.D ဘွဲ့၊ မဟာဘွဲ့၊ B.A ဘွဲ့၊ B.Sc ဘွဲ့၊ PED ဘွဲ့ရသူများနှင့် ဂုဏ်ထူးတန်းအောင်သူများကို သက်ဆိုင်ရာဘွဲ့အလိုက် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေသည်။ သင်ကြားရေးဆရာ လျှောက်ထားမှုကို မေလ နောက်ဆုံးအပတ်မှ ဇွန်လ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနထံမှ သိရသည်။ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် လူတွေ့၊ နုတ်ဖြေ၊ ရေးဖြေအင်တာဗျူးများကို လာရောက်ဖြေဆိုသူ ၅၀၀ ဦးရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလုပ်ခန့်တာကတော့ ရုံးချုပ်က စာကျလာတဲ့အချိန်ခန့်မှာပေါ့” ဟု […]

မြိတ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် စျေး ခုန်တက်

diz_admin

June 19, 2021

မြိတ်ခရိုင်အတွင်း လျှပ်စစ်မီတာခ ဈေးနှုန်းမှာ မေလတွင် ရုတ်တရက် ခုန်တက်သွားပြီး တစ်ယူနစ်လျှင် ကျပ်လေးရာနီးပါးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ဧပြီလက တစ်ယူနစ်လျှင် ၂၉၅ ကျပ်မှ မေလတွင် ၃၈၅ ကျပ်ပေးဆောင်ရသဖြင့် တစ်လအတွင်း တစ်ယူနစ်လျှင် ကိုးဆယ်ကျပ် အထိ စျေးတက်သွားခြင်းဖြစ်သည်။ “အဆမတန် ခုန်တက်သွားတာဆိုတော့ ကိုဗစ်ကာလမှာ ပြည်သူ‌တွေ အခက်အခဲဖြစ်ရတာပေါ့” ဟု လျှပ်စစ်မီးသုံးစွဲသူတစ်ဦးဖြစ်သည့် မြိတ်မြို့နယ် ဘုတ်ချောင်းရွာနေ ဦးကိုဦးက ပြောပြသည်။ ထို့ပြင် လျှပ်စစ်မီးအသုံးပြုသည့် အသေးစားလုပ်ငန်းတစ်ချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ “မီတာခတွေ တက်လာရင် လုပ်ငန်းလည်ပတ်ရာမှာ ထိခိုက်သွားတယ်” ဟု မြိတ်တောင်ရပ်ကွက်ရှိ အသေးစား တွင်ခုံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ အဆိုပါတွင်ခုံလုပ်ငန်းတွင် တစ်လလျှင် ပျမ်းမျှ ယူနစ် နှစ်ရာအထိ သုံးစွဲနေရသဖြင့် မေလအတွက် […]

တနင်္သာရီတိုင်းသို့လာချိန် ကိုယ်အပူချိန်မြင့်နေပါက သွေးတွင်းအောက်ဆီဂျင် တိုင်းရမည်

diz_admin

June 19, 2021

တနင်္သာရီတိုင်းအတွင်းသို့ လာရောက်ချိန်တွင် ကိုယ်အပူချိန်မြင့်မားနေပါက သွေးတွင်းအောက်ဆီဂျင်တိုင်းရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွနလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အခြားပြည်နယ်နှင့် တိုင်းမှလာရောက်သူများ ကိုယ်အပူချိန်မြင့်မားနေခြင်းနှင့် ကိုဗစ်သံသယလက္ခဏာများ တွေ့ရှိပါက လက်ချောင်းထိပ်တွင် သွေးတွင်းအောက်ဆီဂျင်တိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ သွေးတွင်းအောက်ဆီဂျင် သတ်မှတ်ပမာဏအောက် လျော့နည်းနေပါက ကိုဗစ်အမြန်စစ်ဆေးသည့် RDT ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်သည့်ကုန်ကျစရိတ်အား ကာယကံရှင်ဘက်မှ သတ်မှတ်နှုန်းအတိုင်း ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထိုသို့စစ်ဆေးခြင်းကို ထားဝယ်မြို့မှ ၄၆ မိုင်ခန့်ကွာဝေးသည့် ကလိန်အောင်တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်တွင် လုပ်ဆောင်မည်ဖြစ်သည်။ ယင်းအပြင် ခရီးသည်များ၏ အမည်၊ နေရပ်၊ ခရီးသွားရာဇဝင်နှင့် ဖုန်းနံပါတ်လည်း မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ နေအိမ်တွင်သာနေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မြို့နယ်များမှ လာသူများအား အသွားအလာကန့်သတ် […]

တနင်္သာရီတိုင်းတွင် လေးလအတွင်း ကိုဗစ်လူနာ ငါးရာကျော်တွေ့

diz_admin

June 18, 2021

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလမှ ဇွန်လဆန်းအထိ လေးလကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ငါးရာကျော်ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် တိုင်းအတွင်း ဆေးရုံတက်ရောက်ကုသနေသည့် လူနာ ၁၂၈ ဦးရှိပြီး မနေ့ကတစ်ရက်တည်းတွင် ပိုးတွေ့လူနာသစ် ၂၂ ဦးတွေ့ရှိကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာအေးသိန်းက ကိုပြောသည်။ “ဒီရောဂါဖြစ်တာက နည်းနည်းလည်းကြာနေပြီ၊ အခုက တစ်ယောက်ဖြစ်ပြီး တစ်အိမ်လုံးနီးပါးဖြစ်လာတဲ့ သာဓကတွေအများဖြစ်လာတယ်ပေါ့၊ အဲဒါတွေကလည်း (ကိုဗစ်) စည်းကမ်းလေးတွေကိုမလိုက်နာတာလည်း ပါတာပေါ့၊ အဓိကတော့ ပေါ့လာတာပေါ့” ဟု ဒေါက်တာအေးသိန်းက ပြောသည်။ စားသောက်ဆိုင်နှင့် ဈေးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို လိုက်နာမှုအားနည်းလာခြင်းကြောင့် ပိုးတွေ့လူနာများရှိလာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်တွင် ပိုးတွေ့သူပိုများပြီး အဝေးပြေးခရီးသည်များတွင် အများဆုံးတွေ့ရသည်ဟု ၎င်းက ဆိုသည်။ “အခုကတော့ […]

တနင်္သာရီတိုင်း လေယာဉ်ခရီးစဉ်များ လကုန်အထိ ရပ်နားထားမည်

diz_admin

June 16, 2021

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့်လေယာဉ်ခရီးစဉ်များ ပြေးဆွဲမှုရပ်နားထားခြင်းကို ဇွန်လကုန်အထိ သက်တမ်းတိုးလိုက်သည်။ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းသို့ ပျံသန်းပြေးဆွဲနေသည့် လေယာဉ်ခရီးစဉ်များအား မူလက မေလ ၂၉ ရက်နေ့မှစ၍ ဇွန်လ ၆ ရက်နေ့အထိ ရပ်နားထားခဲ့သည်။ လက်ရှိတွင် ကိုဗစ်ကပ်ဘေး ကူးစက်မှုပိုမိုမြင့်တက်လာသည့်အတွက် လေကြောင်းလိုင်းအများစုအနေဖြင့် ဇွန်လ ၃၀ ရက်နေ့အထိ ရပ်နားတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ လေယာဉ်လက်မှတ်ကြိုတင်ဝယ်ထားသူများကို ဝယ်ယူသည့်နှုန်းထားအတိုင်း ပြန်အမ်းနေကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။ ပထမအကြိမ် လေယာဉ်ခရီးစဉ် ရပ်နားသည့် မေလ ၂၉ ရက်မှ ဇွန်လ ၆ ရက်နေ့အထိ နောက်ပိုင်းတွင်လည်း ပျံသန်းမှုရပ်နားခြင်းကို သက်တမ်းတိုးကြောင်း ရက်ပိုင်းအလိုက် သုံးကြိမ်ခန့် ထုတ်ပြန်ခဲ့သည်။ “ဝယ်တဲ့သူကလည်း သိပ်မရှိတော့ဘူးရှင်၊ […]