BREAKING
April 19, 2025

မြိတ်

အဓမ္မစစ်သားစုဆောင်းခံရသည့် ဘုတ်ပြင်း ခမရ ၅၅၉ က တပ်သားနှစ်ဦး ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံ

Dawei Watch

January 12, 2025

ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၉ ခြေမြန်တပ်ရင်းက တပ်သားသစ်နှစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာကြောင်း အဆိုပါတပ်ရင်းက ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ထုတ်ပြန်သည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ထိုင်းနိုင်ငံတွင် အဖမ်းခံရပြီးနောက် ရနောင်းကမ်းဘက်သို့ ပြန်ပို့ခံရကာ စစ်မှုထမ်း အပတ်စဥ် (၅) အတွက် အဓမ္မစစ်သားသစ်စုဆောင်းခံရသည့် ကော့သောင်းဒေသခံ နှစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ မွန်နှင့် ကရင်နယ်စပ်ရှိ စစ်ရေးတင်မားနေသည့် အနန်းကွင်းစစ်ဗျူဟာအနီး ရဲတံခွန်ရွာသို့ ရှေ့တန်း ပို့ဆောင်ခံထားရပြီး ကင်းစောင့်နေစဉ် ၎င်းတို့နှစ်စလုံး ဒေါနတပ်ရင်းနှင့် ဆက်သွယ်၍ လက်နက်နှင့်အတူ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါခိုလှုံလာသူနှစ်ဦးသည် MA 3 သေနတ်တစ်လက်၊ MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် ခြောက်ခု၊ ကျည်ဆန် ၁၇၅ […]

တနင်္သာရီအခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း တိုက်ခိုက်ခံရ

Dawei Watch

January 12, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းကို ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဇန်နဝါရီလ ၁၁ ရက်ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက် ည ၁၀နာရီဝန်းကျင်တွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက စစ်ကောင်စီ (၃၀၆) အမြောက်တပ်ရင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မော်တုန်းဒေသခံအချို့ က ဆိုသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီအမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ၁၀ချက်ကျော် ပစ်ခတ်သဖြင့် အရှေ့မော်တုန်းရွာတွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ‘အာနီရှာ’ ဟုခေါ်သည့် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်၊။ “အဲဒီအချိန်က အိပ်နေကြတာဆိုတော့ လက်နက်ကြီးအသံကြားတော့ အိမ်အောက်က ကျင်းထဲကို ဆင်းတဲ့အချိန် လက်နက်ကြီးက အဲဒီအိမ်အနောက်ဘက်ကို ကျပြီး လက်နက်ကြီးအစ လက်မောင်းကို […]

ထုံခါ-မောတောင်လမ်းတွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

January 11, 2025

တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပေါ်ရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် KNLA တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားကြောင်း KNU တပ်မဟာ(၄) ထံမှ သိရသည်။ ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်တွင် သိန်ခွန်းရွာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “တိုက်ပွဲထဲမှာ ရန်သူတွေ ဒဏ်ရာရသေဆုံးမှုရှိတယ်၊ အသေးစိတ်တော့မသိဘူး။ ကျွန်တော်တို့ လက်နက်တစ်လက်နဲ့ လက်နက်ခဲယမ်းတချို့တော့ရတယ်။ ရန်သူကတော့ နောက်မဆုတ်ဘူး။ ဒါပေမဲ့ ဆက်တက်လို့လည်း မနိုင်ဘူးပေါ့နော် လောလောဆယ်အခြေအနေက” ဟု ၎င်းက ပြောဆိုသည်။ တနင်္သာရီ-ထုံခါ-မောတောင်လမ်းပိုင်းကို ထိန်းချုပ်ရန် ဒီဇင်ဘာလ ၁၈ ရက်ကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သိန်ခွန်းရွာ ဝင်ရောက်တပ်စွဲထားသည်။ […]

တိုက်ပွဲပြင်းထန်ခဲ့သည့် ပုလောတွင် ရော်ဘာခြံများနှင့် နေအိမ်များကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

January 11, 2025

တိုက်ပွဲပြင်းထန်ခဲ့သည့် ပုလောမြို့နယ်၊ တပိုကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ရော်ဘာခြံများနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၁၁ရက် မွန်းလွဲ ၂နာရီခန့်တွင် စက်တော်ရာရွာဘက်မှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ရော်ဘာခြံများနှင့် နေအိမ်တစ်ဆောင်ကို မီးရှို့သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ရော်ဘာခြံ လေးခြံခန့် မီးလောင်သွားပြီဖြစ်ပြီး ထပ်မံလောင်ကျွမ်းနေဆဲဖြစ်ကြောင်း ၎င်းက ယနေ့ ည ၆နာရီဝန်းကျင်တွင် ပြောဆိုသည်။ “ခြံက ဘယ်နှစ်ခြံလို့တောင် အတည်ပြုလို့ မရဘူး။ ခြံတွေက ကပ်နေတယ်ဆိုတော့ တစ်ခြံပြီးတစ်ခြံ လောင်နေတာပေါ့။ လက်ရှိက ရှို့နေတုန်းဆိုတော့” ဟု အထက်ပါဒေသခံက ပြောသည်။ စစ်ကောင်စီတပ်က တပိုကျေးရွာဝန်းကျင်ကို ယနေ့ညနေအထိ လက်နက်ကြီးဖြင့် ပစ်ခတ်နေသလို ဒရုန်းဖြင့်ပါ ဗုံးချတိုက်ခိုက်နေပြီး ဒေသခံများ […]

ပုလောတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေယာဉ်လေးစင်းဖြင့် ဗုံး ၈၀ ကျော်ကြဲချဟုဆို

Dawei Watch

January 11, 2025

ပုလောမြို့နယ်၊ ဘုတ်လမ်းဆုံရှိ စစ်ကောင်စီ၏ ခလရ ၁၇ နှင့် စက်တော်ရာစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က လေယာဉ်လေးစင်းဖြင့် ဗုံးအလုံးရေ ၈၆ လုံးအထိ ကြဲချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု မြိတ်ခရိုင် PDF တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ၁၀ လပိုင်းခန့်ကစပြီး စက်တော်ရာရွာမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ခလရ ၁၇ တို့ကို မြိတ်ခရိုင် တပ်ရင်း(၁)၊ KNDO နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ဇန်နဝါရီလ ၉ ရက် နံနက် ၈ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ခလရ(၁၇)တပ်ရင်းကို တိုက်ခိုက်နေစဉ်နံနက် ၉ နာရီခွဲတွင်တစ်ကြိမ်၊ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် ဗုံးသီး ၁၆ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့သည်ဟု ဖော်ပြသည်။ တစ်ချိန်တည်းမှာပင် […]

တနင်္သာရီဒေသခံ ပရဟိတအသင်းဥက္ကဋ္ဌတစ်ဦး ထိုင်းတွင် ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး

Dawei Watch

January 11, 2025

ထိုင်းနိုင်ငံအခြေစိုက် သစ္စာအားမာန် ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ အသက် ၄၃ နှစ်အရွယ် ကိုချစ်ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့ ညကတည်းက အဆက်အသွယ်ပြတ် ပျောက်ဆုံးနေပြီး ဇန်နဝါရီလ ၉ ရက်တွင် ဖက်ဘူရီခရိုင်၌ အလောင်းပြန်တွေ့ခဲ့ရသည်ဟု သစ္စာအားမာန် အသင်းထံမှသိရသည်။ ကိုချစ်ဦးသည် ပကျွတ်ခရိုင်၊ ကွေဘူလီမြို့တွင်ပြုလုပ်သည့် သစ္စာအားမာန်အသင်း ဆယ်နှစ်ပြည့် တရားပွဲ ကျင်းပပြီးနောက် ဇန်နဝါရီလ ၁ ရက်တွင် ၎င်းနေထိုင်ရာ မဟာချိုင်သို့ပြန်ရာတွင် ဖက်ဘူရီခရိုင်၊ ချအန်မြို့အဝင်၌ ဆိုင်ကယ်မတော်တဆ ဖြစ်ခဲ့ခြင်းဖြစ်သည်။ “လုပ်လက်စ လမ်းဘေးက အုတ်ခုံကို ဆိုင်ကယ်နဲ့ ဝင်တိုက်တာပါ။ ကျွန်တော်တို့ဆီကနေ ထွက်သွားတာ (ဇန်နဝါရီလ) ၁ ရက်နေ့ ည ၁၁ နာရီ ကျော်ကျော် လောက်ကပါ။ ဖြစ်သွားတာက ဆေးစစ်ချက်အရ ည […]

မြိတ်တစ်ဖက်ကမ်းရှိ ပထော်ကျေးရွာတွင် နေအိမ်သုံးဆောင်မီးလောင်

Dawei Watch

January 11, 2025

မြိတ်မြို့တစ်ဖက်ကမ်းရှိ ကျွန်းစုမြို့နယ်၊ ပထော်ကျေးရွာတွင် ယနေ့(ဇန်နဝါရီ ၁၁)နံနက်က နေအိမ်သုံးဆောင်မီးလောင်သွားကြောင်း ဒေသခံများနှင့် မီးငြိမ်းသတ်ရာတွင် ပါဝင်သူများထံမှ သိရသည်။ နံနက် ၉နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မိနစ် ၃၀ကျော်လောင်ကျွမ်းခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မီးလောင်မှုကြောင့် အခန်းသုံးခန်းပါသည့်တန်းလျားတစ်ဆောင်အပါအဝင် နေအိမ်သုံးဆောင် လုံးဝပျက်စီးသွားကြောင်း ပထော်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဘာကြောင့်လောင်တာလဲမသိပေမယ့် စလောင်တဲ့အိမ်တွေကတော့ ပစ္စည်းတောင်ယူဖို့ မလွယ်ဘူး” ဟု ၎င်းက ပြောသည်။ မီးလောင်မှုကို ပထော်ကျေးရွာမီးသတ်နှင့် မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းငြိမ်းသတ်ခဲ့ပြီး လူသူထိခိုက်မှုမရှိခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင်ပါဝင်ခဲ့သည့် နာရေးကူညီမှုအသင်းနဲ့ နီးစပ်သူအချို့ထံမှ သိရသည်။

ပုလောတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

Dawei Watch

January 10, 2025

ပုလောမြို့နယ် စက်တော်ရာရွာဘက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ကြောင်း KNU တပ်မဟာ (၄) နှင့် မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၇) တပ်ရင်း၊ စက်တော်ရာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း (၇) ၊ PDF ပူးပေါင်းတပ်တို့က ဇန်နဝါရီလ ၉ရက် နံနက် အစောပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ မြိတ်မြို့ဘက်သွားသည့် ဘုတ် လမ်းခွဲတွင်တည်ရှိသည့် ခလရ (၁၇) တပ်ရင်းကို KNDO တပ်ရင်း (၇)၊ တပ်ခွဲ(၂)နှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း KNU တပ်မဟာ (၄) […]