တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်၊ ထားဝယ် ခုန်တက်
diz_admin
July 7, 2021တနင်္သာရီတိုင်းတွင် လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၆ ဦး ထပ်တိုးလာပြီး ထားဝယ်က မြိတ်ကို ကျော်တက်သွားခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။ ဇူလိုင်လ ၃ ရက်မှ ၆ ရက်နေ့အထိ လေးရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၁၃၆ ဦးထပ်တိုးလာခြင်းဖြစ်သည်။ထားဝယ်တွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၄၆ ဦးထပ်တိုးကာ အများဆုံး မြိတ်တွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၄၃ ဦးဖြင့် ဒုတိယဖြစ်နေသည်။ ထို့အပြင် ကော့သောင်းတွင် လေးရက်အတွင်း ကိုဗစ်လူနာသစ် ၁၈ ဦး၊ ဘုတ်ပြင်းတွင် ၄ ဦး၊ ပုလောတွင် ၁၀ ဦး၊ တနင်္သာရီတွင် ၁ ဦး၊ သရက်ချောင်းတွင် ၈ ဦး၊ လောင်းလုံးတွင် […]