BREAKING
April 21, 2025

မြိတ်

တနင်္သာရီတိုင်းအတွင်းနှင့် တိုင်းပြင်သို့ ခရီးသည်တင်ယဉ်များ ပြေးဆွဲခွင့် ကန့်သတ်

diz_admin

July 16, 2021

တနင်္သာရီတိုင်းအတွင်းနှင့် တိုင်းပြင်ပသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်အားလုံး ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး ပြေးဆွဲခွင့် မပြုတော့ကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ယင်းကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးဦးက ပြောသည်။ “အချိန်ကာလကိုတော့ အကန့်အသတ်မရှိဆိုပြီး သတ်မှတ်ထားပါတယ်။ ရောဂါကူးစက်မှု လျော့ကျလာရင်တော့ ပြန်ဖွင့်ပေးမှာ ပေါ့” ဟု ဦးသန်းစိုးဦးက ဆိုသည်။ ကုန်တင်ယာဉ်၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေသွားလာရမည့်သူများကိုမူ တိုင်းအတွင်းဖြစ်စေ၊ တိုင်းပြင်ပဖြစ်စေ အကန့်အသတ်ဖြင့် သွားလာခွင့်ပေးထားကြောင်း ၎င်းက ပြောသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး စသည့် မဖြစ်မနေ ခရီးသွာမည်ဆိုပါက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်၊ ခရိုင် တို့၏ ခွင့်ပြုချက်၊ ကိုဗစ်ကင်းရှင်းကြောင်း […]

ကမ်းဝေး ငါးဖမ်းလှေ ထက်ဝက် ပင်လယ်ပြင် ငါးဖမ်းထွက်ခွင့်ပြု၊ သတ်မှတ်ချိန်ထက် စောထွက်ခွင့်ပေး

diz_admin

July 14, 2021

တနင်္သာရီတိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ ငါးဆယ်ရာခိုင်နူန်းအား ပင်လယ်ပြင်သို့ ထွက်ကာ ငါးဖမ်းဆီးခွင့် ပြုလိုက်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ လက်ရှိမြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေ ၇၀၀ ကျော်ရှိသည့်အနက် လာမည့် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ လှေ ထက်ဝက်ခန့်မှာ ငါးဖမ်းထွက်ရန် ပြင်ဆင်နေပြီဖြစ်သည်ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး ကပြောသည်။ “လူတွေရဲ့ စီးပွားရေးအခက်အခဲတွေကြောင့် စောပြီးထွက်ခွင့်ပြုလိုက်တဲ့ သဘောပါပဲ”ဟု ၎င်းကပြောသည်။မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်ချိန် ငါးမဖမ်းရရာသီကို နှစ်စဉ်ပုံမှန် ဇွန်၊ ဇူလိုင်၊ သြဂုတ် လများကို သတ်မှတ်ထားသော်လည်း တပ်ကောင်စီတက်ပြီးနောက် ယခုနှစ်တွင် မေ၊ ဇွန်၊ ဇူလိုင် သို့ပြောင်းလဲခဲ့သည်။ နော်ဝေသုတေသနသင်္ဘော၏ လေ့လာတွေ့ရှိချက်အရ ငါးသားပေါက်သည့် ရာသီတင်မကဘဲ ငါးမျိုးဥ ဥနေသည့် ရာရာသီကိုပါ ငါးမဖမ်းရရာသီအဖြစ် ပိတ်မှသာ ငါးသယံဇာတ ရေရှည်ထိန်းသိမ်းနိုင်မည်ဟု […]

မြိတ်တွင် ကိုဗစ်ဖြင့် သေဆုံးသူတစ်ဦးထပ်တိုး

diz_admin

July 11, 2021

မြိတ်မြို့တွင် ကိုဗစ်နိုင်တီးရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးခဲ့ကြောင်း သိရသည်။ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် အောင်မင်္ဂလာရပ်ကွက်နေ အသက် ခြောက်ဆယ်သုံးနှစ်ရှိ အမျိုးသားတစ်ဦးမှာ ရောဂါအခံဖြင့် ဇူလှိုင်လ ၁၀ ရက်နေ့က သေဆုံးခဲ့ကြောင်း မြိတ်မြို့ Covid-19 ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။ မြိတ်တွင် အသက် ၇၀ ကျော်ရှိ အမျိုးသားတစ်ဦး၊ အသက် ၇၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက် ၆၃ နှစ်ရှိ အမျိုးသားတစ်ဦးတို့ ဇွန်လအတွင်း ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့ပြီးဖြစ်သည်။ သေဆုံးသူတို့မှာ ရောဂါအခံရှိနေကြသူများဖြစ်ကြကြောင်း မြိတ်မြို့ Covid-19 ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။မြိတ်တွင် နေ့တိုင်းနီးပါး ကိုဗစ်ပိုးတွေ့ရှိနေပြီး ဇူလှိုင်လ ၁၀ ရက်နေ့က ပိုးတွေ့သူ ၂၂ ဦးရှိကြောင်း သိရသည်။

ပုလောတွင် လေးရက်အတွင်း ကိုဗစ် လူနာ ၄ဝ ကျော်

diz_admin

July 10, 2021

မြိတ်ခရိုင် ပုလောမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ လေးရက်အတွင်း ကိုဗစ်နိုင်တီးရောဂါတွေ့ရှိသူ ၄၂ ဦးရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်အရ ပုလောတွင် ဇူလှိုင်လ ၅ ရက်နေ့က ကိုဗစ်တွေ့သူ ‌၇ ဦး၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် ၃ ဦးစီ၊ ၈ ရက်နေ့ တွင် ၂၉ ဦး စုစုပေါင်း ၄၂ ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာန၏ မြို့နယ်အလိုက် ကိုဗစ်နိုင်တီး လူနာအခြေပြဇယားအရသိရသည်။ ပုလောတွင် ကိုဗစ်တတိယလှိုင်းအဖြစ် ကိုဗစ်ပိုးရှိသူ ၁၂ ဦးအား ဇူလိုင်လ ၂ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့အခြေစိုက် မေတ္တာရှင် ပရဟိတအသင်းမှ သိရသည်။ ရောဂါပိုးစတင်တွေ့ရှိခဲ့သည့်နေ့မှ […]

ပုလော အထကတွင် ကိုဗစ်ကျောင်းသားတွေ့၊ အခြေခံပညာကျောင်းများ စပိတ်

diz_admin

July 10, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်လာရတာကြောင့် အခြေခံပညာကျောင်းများအားလုံးကို ဇူလိုင်လ ၉ ရက်မှ ၂၃ ရက်နေ့အထိ ယာယီပိတ်ထားဖို့ တပ်ကောင်စီ က ညွှန်ကြားလိုက်သည်။ တနင်္သာရီတိုင်းတွင် ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့်အနက် ၁၃၅၀ ကျောင်းကိုဖွင့်လှစ်ထားပြီး ကျောင်းသူ၊ ကျောင်းသားတစ်သိန်းနီးပါးခန့် ကျောင်းတက်နေကြသည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။တိုင်းအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအနက် ပုလောမြို့၊ အ.ထ.က(၂) စာသင်ကျောင်းရှိ Grade-1 နှင့် Grade-7 မှ ကျောင်းသားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။ “ကျောင်းသားကလေးနှစ်ယောက်မှာတော့ကိုဗစ်ဖြစ်တယ်ဆိုပြီး စာရင်းထဲတွေ့တာ၊ ဆရာ၊ ဆရာမတွေမှာတော့ မဖြစ်ဘူး”ဟု ယင်းတာဝန်ရှိသူက ဆိုသည်။ တနင်္သာရီတိုင်းတွင် ယမန်နေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်သူ ၈၀ ဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက […]

မြိတ်တွင် မူးယစ်ဆေးနှင့် လက်နက်များ လိုက်လံရှာဖွေ

diz_admin

July 8, 2021

မြိတ်ရှိရပ်ကွက်တစ်ချို့တွင် တပ်ကောင်စီအဖွဲ့မှ မူးယစ်ဆေးနှင့်လက်နက်များ လိုက်လံရှာဖွေနေကြောင်း သိရသည်။ မြိတ်မြို့ ကန်ခေါင်းရပ်ကွက်အတွင်းသို့ ဇူလိုင်လ ၇ ရက်နေ့ညနေပိုင်းတွင် လာရောက်၍ မူးယစ်ဆေးရောင်းချနေသည်ဟု ယူဆရသည့် နေအိမ်အချို့အား ဝင်ရောက်ရှာဖွေခဲ့ကြပြီး လူနှစ်ဉီးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။ ယင်းအပြင် ည ၈ နာရီခန့်တွင်လည်း အဆိုပါရပ်ကွက်သို့ ထပ်မံလာရောက်ခဲ့ကြပြီး ယင်းရပ်ကွက်ရှိ ထုံးဖိုဗလီအတွင်း ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း ရပ်ကွက်သားများ ကပြောသည်။ “တစ်နာရီကျော်ကျော်လောက် အချိန်ယူပြီး ဝင်ရှာတယ်။ လူတချို့ကိုလည်း စစ်ဆေးမေးမြန်းတာတွေလုပ်တယ်။ ဘာလက်နက်မှလည်းမတွေ့ရဘူး”ဟု ကန်ခေါင်းရပ်ကွက်နေ အမျိုးသားတစ်ဉီး ကပြောသည်။ တပ်ကောင်စီတပ်ဖွဲ့ က အဆိုပါရပ်ကွက်သို့ လာရောက်ရှာဖွေရာတွင် ကားအသေး ခြောက်စီးနှင့် စစ်ကားကြီးတစ်စီးတို့ဖြင့် လာရောက်ကာ ရှာဖွေခဲ့ကြကြောင်း ၎င်းတို့ကဆိုသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိ ဟုဆို

diz_admin

July 8, 2021

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ငါးသောင်းနီးပါးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးကို ပထမအသုတ်တွင် လူဦးရေ ၄၇ဝဝဝ ကျော်အား ထိုးပေးထားပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးကို ဒုတိယအသုတ်တွင် ၂၁၀၀ ကျော်အား ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အထက်ပါဌာန၏ တိုးချဲ့ကာကွယ်ဆေး/ကူးစက် ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ “အခု ဒုတိယအသုတ်ရတဲ့ ကာကွယ်ဆေးကို မြို့နယ် ၉ ခုမှာတော့ ထိုးပြီးနေပြီ၊ ထားဝယ်က မနေ့က စထိုးတယ်၊ တရုတ်နိုင်ငံထုတ်ဆေးပေါ့၊ ဆိုင်နိုဖမ်းလို့ခေါ်တယ်၊ ဆေးတစ်လုံးကို တစ်ယောက်ပဲ ထိုးလို့ရတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆိုသည်။ အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေးတစ်လုံးလျှင် လူ ဆယ်ဦးမှ ၁၁ ဦးခန့်အထိ ထိုးနိုင်ပြီး တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်းကာကွယ်ဆေးတစ်လုံးလျှင် လူတစ်ဦးသာ ထိုး၍ရသည်ဟု ၎င်းက ဆိုသည်။တနင်္သာရီတိုင်းအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗီရှီးကာကွယ်ဆေး […]

မြိတ် ကလေးဆေးရုံအရှေ့ရှိ စားသောက်ဆိုင်တွင် ကိုဗစ်လူနာတွေ့

diz_admin

July 7, 2021

မြိတ်မြို့ ကန်ခေါင်းရပ် မိခင်နှင့်ဆေးကုသဆောင်အရှေ့ရှိ The Best စားသောက်ဆိုင်တွင် ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စားသောက်ဆိုင်ရှင်၏ မိသားစုဝင်သုံးဦး တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် ဆိုင်နှင့် နေအိမ်တို့အား Lock Down ချထားကြောင်း ကန်ခေါင်းရပ်နေ ဆိုင်ရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။ မိခင်နှင့် ကလေးဆေးကုသဆောင်ဝင်းရှိ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် နယ်ကျော်ခရီးသွားသူတို့အား ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးပေးနေပြီး ဝင်းအတွင်း အရန်သားဖွားသင်တန်းကျောင်းလည်း ရှိသည်။ ယင်းအပြင် မြိတ်တွင် ကိုဗစ်ပိုးတွေ့သည့် နေအိမ်အချို့အား အသွားအလာကန့်သတ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြိတ်တွင် နေ့စဉ်နီးပါး ကိုဗစ်နိုင်တီး လူနာ တွေ့ရှိနေပြီး ဇူလှိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၁၃ ဦး၊ ဇူလိုင်လ ၆ […]