မြိတ် လျှပ်စစ်မီတာခ တင်ဒါအောင်ဈေးထက် ကျပ်တစ်ရာကျော် တိုးကောက်
diz_admin
November 2, 2021မြိတ်မြို့တွင် လျှပ်စစ်အားထုတ်လုပ်ဖြန့်ဖြူးရန် တင်ဒါအောင်မြင်ထားသည့် ဈေးနှုန်းထက် ကျပ်တစ်ရာကျော်အထိ တိုးမြှင့်ကောက်ခံနေကြောင်း သိရသည်။ မြိတ်မြို့နယ်အတွက် တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် Petro & Trans Co., Ltd က ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။ သို့သော် စက်တင်ဘာလအတွက် တစ်ယူနစ်လျှင် ၄၂၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသဖြင့် တင်ဒါအောင်ဈေးထက် ၁၂၈ ကျပ်တိုးကောက်ခဲ့ခြင်းဖြစ်ကြောင်း မီးသုံးစွဲသူတို့ထံမှ သိရသည်။ ယင်းမတိုင်ခင် ဩဂုတ်လက တစ်ယူနစ်လျှင် ၃၉၈ ကျပ်ကျ ကောက်ခံခဲ့ပြီးဖြစ်သည်။ ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းဂယက်တို့ကြောင့် လျှပ်စစ်မီးအသုံးပြုကြသည့် အသေးစားလုပ်ငန်းအချို့ရပ်နားခဲ့ရပြီး မီတာခဈေးထပ်မံမြင့်တက်နေပါက လုပ်ငန်းအပြီးရပ်နားသည်အထိ ဖြစ်လာနိုင်ကြောင်း မော်တော်ယဉ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။ “အလုပ်ပါးရတဲ့အထဲ မီးဖိုးကကြီးလာတော့ ကြာလာရင် နားရတော့မလို့ဖြစ်နေပြီ” ဟု အထက်ပါ အသေးစား […]