ပလတွင် ဆယ်ကျော်သက် လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
diz_admin
September 20, 2021မြိတ်ခရိုင် ပုလောမြို့နယ် ပလမြို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့က မွန်းလွဲပိုင်းအချိန်က ဆယ်ကျော်သက် လူငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ပလမြို့ခံတစ်ချို့ထံမှ သိရသည်။ ပလမြို့နေ အသက် ၁၉ နှစ်ခန့်ရှိ လူငယ်တစ်ဦးအား အဖမ်းဆီးပြီးနောက် ယင်းလူငယ်မှ တစ်ဆင့် အခြားလူငယ်တစ်ဦးအား ထပ်မံဖမ်းဆီးခဲ့ကြောင်း ပလမြို့နေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။ “ပထမတစ်ယောက်ကို လမ်းကနေဖမ်းခဲ့တာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ အမှတ် ၄ ရပ်ကွက် အောင်သစ္စာလမ်းထိပ်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လမ်းမကြီးတွင် စစ်တပ်ယာဉ်နှစ်စီး ရပ်နားထားသည်ကို တွေ့ရှိရကြောင်း အမျိုးသမီးက ပြောပြသည်။ ထို့ပြင် အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးပြီး နေအိမ်အား ဝင်ရောက်ရှာဖွေသွားခဲ့ကြောင်း သိရသည်။ အဆိုပါ […]