တနင်္သာရီတိုင်းအတွင်း ကိုးရက်ဆက် မိုးရွာမည်
diz_admin
May 23, 2021ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းအတွင်း ကိုးရက်ဆက် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသ တနင်္သာရီတိုင်းသို့ မေလ ၂၁ ရက်နေ့က ဝင်ရောက်ခဲ့ပြီး မေလ ၂၁ ရက်မှ ၃၁ ရက်နေ့အတွင်း ရွာသွန်းမြဲထက်ပိုရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ တတိယအပတ်က ထုတ်ပြန်ထားသည်။ မေလ ၂၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု အထက်ပါဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅) မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မြန်မာ့ကမ်းရိုးတန်းတလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး […]