မြိတ် ကဗျာဆရာနှစ်ဉီး ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ
diz_admin
June 10, 2021မြိတ်မြို့နေ ကဗျာဆရာနှစ်ဦးဖြစ်သည့် မောင်ယုပိုင်နှင့် နရီ(မြိတ်) တို့အား ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရကြာင်း ဒေသခံအချို့ထံမှ သိရသည်။ ကဗျာဆရာမောင်ယုပိုင်ကို မတ်လ ၉ ရက်နေ့က ဆန္ဒပြပွဲလုပ်ရန် လူစုဝေးနေချိန်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ကာ ဇွန်လ ၈ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် အမိန့်ချခံခဲ့ရခြင်းဖြစ်သည်။ ကဗျာဆရာနောက်တစ်ဉီးဖြစ်သည့် ကလောင်အမည် နရီ(မြိတ်) ခေါ် အထက်တန်းရှေ့နေ ဉီးလွင်အောင် ကိုလည်း မတ်လအတွင်းက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲကာ ဇွန်လ ၉ ရက်တွင် ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နရီမြိတ် နှင့်အတူ ထိန်းသိမ်းခံထားရသည့် တက်ကြွလှုပ်ရှားသူ […]