တနင်္သာရီတိုင်းအတွင်း ပါဆယ်စနစ် ပြန်သတ်မှတ်
diz_admin
July 4, 2021ကိုဗစ်ကပ်ဘေးကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များတွင် ပါဆယ်သာ ရောင်းချရန် ပြန်သတ်မှတ်လိုက်သည်။ ဆိုင်ထိုင်စားသောက်ခြင်းအား တားမြစ်ကန့်သတ်ရန် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်များကို ညွန်ကြားခဲ့ခြင်းဖြစ်သည်။ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဇူလိုင်လ ၅ ရက်နေ့တွင် စတင်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက ဆိုသည်။ “မနက်ဖြန်ကစပြီး ထုတ်ဖြစ်မယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်တနင်္သာရီတိုင်းအတွင်း ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦးရှိကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ကိုဗစ်ကပ်ဘေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားချိန်ကလည်း ဆိုင်များတွင် ပါဆယ်သာရောင်းချရန် ကန့်သတ်ခဲ့ဖူးသည်။ သို့ရာတွင် ယင်းအချိန်က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ လိုက်နာမှု […]