မြိတ်တွင် လုယက်မှု၊ လိမ်လည်မှု ဆက်တိုက်ဖြစ်
diz_admin
September 3, 2021မြိတ်မြို့တွင် နေ့ခင်းကြောင်တောင် လုယက်မှုနှင့် လိမ်လည်မှုများ ဆက်တိုက် ဖြစ်လာနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ် ၃ နာရီခန့်က မြို့သစ်ရပ်ကွက်သို့ အမည်မသိလူငယ်တစ်ဉီး ဆိုင်ကယ်ဖြင့် ရောက်လာပြီး အိမ်တစ်ဆောင်အား မေးမြန်းခဲ့သည်။ အိမ်ရှင်ဖြစ်သူမှ အိမ်ရှေ့ထွက်ပြီး အဆိုပါအိမ်အား ညွှန်ပြစဉ် ၎င်းလူငယ်မှ အိမ်ရှင်ဝတ်ဆင်ထားသည့် တစ်ကျပ်သား ဆွဲကြိုးအား ဆွဲဖြတ်ပြီးလုယူကာ ဆိုင်ကယ်မောင်း ထွက်ပြေးသွားခဲ့သည်။ အလားတူ ပြီးခဲ့သည့် လအတွင်းကလည်း ယင်းရပ်ကွက်အတွင်း၌ပင် ဆွဲကြိုးဆွဲထားသည့် အမျိုးသမီးငယ်အနီးသို့ ဆိုင်ကယ်ဖြင့် လူငယ်တစ်ဦးရောက်လာပြီး အလားတူ မေးမြန်းဟန်ပြုကာ ဆွဲကြိုးလုကာ ထွက်ပြေးသွားခဲ့သည်။ သြဂုတ်လ ၃၀ ရက်နေ့ကလည်း ကလွင်ရေပုန်းမြို့ပတ်လမ်းရှိ Wave Money ငွေလွှဲလုပ်ကိုင်နေသည့် နေအိမ်အား လူငယ်တစ်ဦး ရောက်လာပြီး သူသည် ပရဟိတအသင်းမှဖြစ်ပြီး […]