မြိတ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ် စျေး ခုန်တက်
diz_admin
June 19, 2021မြိတ်ခရိုင်အတွင်း လျှပ်စစ်မီတာခ ဈေးနှုန်းမှာ မေလတွင် ရုတ်တရက် ခုန်တက်သွားပြီး တစ်ယူနစ်လျှင် ကျပ်လေးရာနီးပါးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ဧပြီလက တစ်ယူနစ်လျှင် ၂၉၅ ကျပ်မှ မေလတွင် ၃၈၅ ကျပ်ပေးဆောင်ရသဖြင့် တစ်လအတွင်း တစ်ယူနစ်လျှင် ကိုးဆယ်ကျပ် အထိ စျေးတက်သွားခြင်းဖြစ်သည်။ “အဆမတန် ခုန်တက်သွားတာဆိုတော့ ကိုဗစ်ကာလမှာ ပြည်သူတွေ အခက်အခဲဖြစ်ရတာပေါ့” ဟု လျှပ်စစ်မီးသုံးစွဲသူတစ်ဦးဖြစ်သည့် မြိတ်မြို့နယ် ဘုတ်ချောင်းရွာနေ ဦးကိုဦးက ပြောပြသည်။ ထို့ပြင် လျှပ်စစ်မီးအသုံးပြုသည့် အသေးစားလုပ်ငန်းတစ်ချို့ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ “မီတာခတွေ တက်လာရင် လုပ်ငန်းလည်ပတ်ရာမှာ ထိခိုက်သွားတယ်” ဟု မြိတ်တောင်ရပ်ကွက်ရှိ အသေးစား တွင်ခုံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ အဆိုပါတွင်ခုံလုပ်ငန်းတွင် တစ်လလျှင် ပျမ်းမျှ ယူနစ် နှစ်ရာအထိ သုံးစွဲနေရသဖြင့် မေလအတွက် […]