BREAKING
February 27, 2025

မြိတ်

မြိတ်လျှပ်စစ်မီတာခ ၅၀၀ ကျပ်နီးပါးရောက်

diz_admin

November 28, 2021

မြိတ်မြို့တွင်လျှပ်စစ်မီတာသုံးစွဲခ ယခုလအတွင်း တစ်ယူနစ်လျှင်၅၀၀ကျပ်နီးပါးအထိပေးဆောင်နေရပြီဖြစ်ကြောင်းလျှပ်စစ်မီးသုံးစွဲသူတို့ထံမှသိရသည်။ မီတာခဈေးနှုန်းများအနေဖြင့်ယခုနှစ်အစဇန်နဝါရီလကတစ်ယူနစ်လျှင် ၂၃၅ကျပ်မှဖေဖေါ်ဝါရီလတွင်၂၅၈ကျပ်၊ မတ်လတွင်၂၈၀ကျပ်၊ဧပြီလ၂၉၅ကျပ်နှင့်မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ကျပ်၊ ဩဂုတ်လတွင် ၃၉၈ကျပ်နှင့် စက်တင်ဘာလတွင် ၄၂၀ကျပ်အထိပေးဆောင်ခဲ့ရကြောင်းသိရသည်။ အောက်တိုဘာလအတွက်တစ်ယူနစ်လျှင်၄၇၀ကျပ်သို့ တိုးမြင့်ကောက်ခံနေခြင်း ဖြစ်သည်။ “ဒီဇယ်ဈေးကလည်းတက်နေတယ်။ တောက်လျှောက်ပဲ” ဟု Petro & Trans Co.,Ltd မှတာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိတွင်ဒီဇယ်လောင်စာဆီတစ်လီတာလျင်၁၃၀၀ကျပ်နှုန်းဖြင့်ဝယ်ယူနေရသဖြင့်မီတာခဈေးနှုန်းတက်ရခြင်းဖြစ်ကြောင်းအထက်ပါတာဝန်ရှိသူက ပြောပြသည်။ မီတာခဈေးနှုန်းမြှင့်တက်လာနေသဖြင့်တွင်ခုံလုပ်ငန်း၊မော်‌တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းစသဖြင့်အသေးစားလုပ်တစ်ချို့ရေရှည်ရပ်တည်နိုင်ရန်အတားအဆီးတစ်ခုဖြစ်နေရကြောင်းယင်းလုပ်ငန်းလုပ်ကိုင်သူအချို့ကဆိုသည်။ မြိတ်မြို့နယ်အတွက်တစ်ယူနစ်၂၉၂ကျပ်နှုန်းဖြင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရန် Petro & Trans Co.,Ltd ကပြီးခဲ့သည့်အစိုးရလက်ထက်ကတင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။

မြိတ် ဆိုင်ကယ်တက္ကစီအသင်းဝင်သူ လေးဆယ်ကျော်ရှိ

diz_admin

November 26, 2021

မြိတ်မြို့တွင် တစ်ပတ်ခန့်အတွင်း ဆိုင်ကယ်တက္ကစီအသင်းဝင်ရန် လျှောက်ထားသူ လေးဆယ်ကျော်ရှိကြောင်း မြိတ်မြို့နယ် သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီယာဉ်များ ထိန်းသိမ်းကြီးကြပ်ရေးအသင်းထံမှ သိရသည်။ မြိတ်မြို့တွင် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး မစီးရန် နိုဝင်ဘာ ၁၅ ရက်က စတင်ကန့်သတ်ခဲ့သည့်အတွက် ဆိုင်ကယ်တက္ကစီ မောင်းသူများ အခက်ကြုံခဲ့သည်။ ထိုသို့သော အခြေအနေတွင် မြိတ်မြို့နယ်သုံးဘီးနှင့် ဆိုင်ကယ်တက္ကစီများ ထိန်းသိမ်းကြီးကြပ်ရေးအသင်းက ၎င်းတို့အသင်းသို့ ဝင်ပါက ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး စီးခွင့်ရမည်ဟု ကြေငြာခဲ့သည်။ ထိုသို့ကြေငြာပြီး တစ်ပတ်ခန့်အကြာတွင် အသင်းဝင်ရန်လျှောက်ထားသူ လေးဆယ်ကျော်ရှိကြောင်း အထက်ပါအသင်း ဥက္ကဌ ဉီးကိုမောင်မောင် ကပြောသည်။ “သူတို့တွေ ရဲရဲတင်းတင်း အလုပ်လုပ်လို့ရအောင် ကျွန်တော်တို့က စီစဉ်ပေးတာပါ”ဟု ၎င်းကပြောသည်။ ဆိုင်ကယ်တက္ကစီအသင်းဝင်ပါက အသင်းဝင်ကြေး အဖြစ် ကျပ်တစ်သောင်း သတ်မှတ်ထားပြီးလစဉ်ကြေးအနေဖြင့် တစ်လလျှင် ကျပ်ငါးထောင်‌ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ […]

တနင်္သာရီတိုင်းတွင် တံတားဖြတ်သန်းခကောက်ခံဂိတ် သုံးခုတိုး

diz_admin

November 24, 2021

တနင်္သာရီတိုင်းအတွင်း တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်သုံးခုတိုးလာကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။ ယခင်က မြိတ်မြို့အနီးရှိ ကျွဲကူး-ကျောက်ဖျာ တံတားတစ်ခုတွင်သာ ဖြတ်သန်းခကောက်ခံနေရာမှ နိုဝင်ဘာ ၁၅ ရက်နေ့မှစကာ ဖြတ်သန်းခကောက်ခံသည့် တံတား ၃ စင်းတိုးလာခြင်းဖြစ်သည်။ မြိတ်နှင့်တနင်္သာရီမြို့တို့ အကြားရှိ ဝိုင်းတောင်ဂိတ်၊ တနင်္သာရီမြို့အဝင်တံတားဂိတ်နှင့် မြိတ်မြို့ အနီးရှိ သမုတ်-လော့လော့တံတားဂိတ်များတွင် ကောက်ခံနေကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။ “အဓိကကတော့ တံတားကြီးတွေမှာပဲ ကောက်တာပါခင်ဗျား”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ထိုကြောင့် လက်ရှိတွင် ဖြတ်သန်းခကောက်ခံသည့် စုစုပေါင်း တံတား ၄ စင်းရှိနေသည်။ အဆိုပါတံတားများတွင် ဖြတ်သန်းသည့်ကားအရွယ်အစားအပေါ်မူတည်ပြီး ကောက်ခံနေခြင်းဖြစ်သည်။ ထို့အပြင် တိုင်းအတွင်း လမ်းအသုံးပြုခကောက်ခံသည့်နေရာ ၅ ခုရှိသည်။ ထားဝယ်မြို့နယ်တွင် ၂ နေရာ၊ ကော့သောင်းတွင် ၁ နေရာ၊ […]

ကင်းမွန်လုပ်ငန်း ရှေရည် ရပ်တည်ရန် ခက်ခဲဟုဆို

diz_admin

November 24, 2021

ဈေးနှုန်း ဆက်တိုက်ကျဆင်းလာခြင်းနှင့် ဖမ်းဆီးရရှိမှုနည်းပါးလာခြင်းတို့ကြောင့် မြိတ်ဒေသတွင်းရှိ ကင်းမွန်ငါးဖမ်းလုပ်ငန်း ရှေရည်တွင် ရပ်တည်မှု ခက်ခဲလာနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းကာလ (နှစ်စဉ် စက်တင်ဘာလမှ ဧပြီလအထိ) သုံးခု ဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာနေခြင်းဖြစ်သည်။ ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ကိုဗစ် ကပ်ဘေး ဂယက်ကြောင့် ကင်းမွန်ဈေးနှုန်း ထက်ဝက်နီးပါး ကျဆင်းခဲ့ရပြီး ၂၀၂၁ ခုနှစ် နှစ်အစတွင် ကင်းမွန်တစ်ဗန်းလျှင် မူလဈေးနှုန်း တစ်သိန်းကျပ်မှ နှစ်သောင်းခွဲကျပ်အထိ ရောက်ရှိခဲ့ကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တစ်ဗန်းလျှင် ကျပ်တစ်သိန်းခွဲကျော်မှ တစ်သိန်းနှစ်သောင်းကျပ်အထိ ကျဆင်းနေကြောင်း သိရသည်။ “ဈေးလည်းကျ ကင်းမွန်လည်း အရနည်းလို့ စရိတ်ပါ ရှုံးနေကြတာ” ဟု မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်နေ […]

မြိတ်တွင်အမျိုးသားငါးဦးနှင့် လက်နက်များဖမ်းမိ ဟုဆို

diz_admin

November 24, 2021

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် နိုဝင်ဘာ လ ၂၃ ရက်နေ့က အမျိုးသားငါးဦးနှင့်အတူ လက်နက်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ မြိတ်မြို့၊ မြို့သစ် ၄ ရပ်ကွက်နှင့် မြို့သစ် ၅ ရပ်ကွက်နေ အမျိုးသားငါးဦးကို ရဲနှင့် စစ်သားများမှ လာရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်အောက်တွင် ဆာလာအိတ်ဖြင့် ဝှက်ထားသည့် လက်နက်များကို သိမ်းဆည်းသွားခဲ့သည်ဟု မျက်မြင် ဒေသခံများ ကပြောသည်။ “သေနတ်တွေက လက်လုပ်ယမ်းထောင်း (တူမီး) တွေလို့သိရတယ် အလက်တစ်ဆယ်ကျော်လောက်တော့ ရှိနိုင်တယ်”ဟု မြို့သစ် ၄ ရပ်ကွက်နေ အမျိုးသားတစ်ဉီး ကပြောသည်။ အဆိုပါငါးဦးအနက် အသက် နှစ်ဆယ်ကျော်လူငယ်တစ်ဦးအား ဦးစွာဖမ်းဆီးခဲ့ပြီးနောက် ကျန်လေးဦးအား ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဒေသခံများကပြောပြသည်။ “လက်နက်မိတဲ့အိမ်ကို တစ်နေ့လုံးသုံးကြိမ်တောင် လာပြီးရှာကြတယ်”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောပြသည်။ […]

တနင်္သာရီ တကူရဲစခန်း မိုင်းဆွဲမီးရှို့ခံရ

diz_admin

November 23, 2021

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ ရဲစခန်းမိုင်းခွဲ မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ နိုဝင်ဘာလ ၂၂ ရက်ည ၁၀ နာရီခန့်တွင် မိုင်းဆွဲကာ မီးရှို့ခံရခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။ “ညကကြားရတာ အသံလည်း သိပ်မကျယ်ဘူး”ဟု တကူရွာသားတစ်ဉီး ကပြောသည်။ မီးရှို့ခံရသည့်အချိန်တွင် ရဲစခန်းအတွင်း ရဲတပ်သားတစ်ဦးမျှမရှိသည့်အတွက် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ရွာသားများ ကပြောသည်။ “မိုင်းဆွဲတဲ့အချိန်က စစ်သားတွေက မနေ့က မီးလောင်တဲ့ ကောတော ဖက်ရောက်နေတယ်”ဟု အဆိုပါရွာသားကပြောပြသည်။ ယင်းရဲစခန်း မိုင်းဆွဲမီးရှို့မှုနှင့်ပတ်သက်ပြီး ဓူဝံတော်လှန်ရေးတပ်ဖွဲ့မှ ၎င်းတို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်ညနေ ၄ နာရီခန့်ကလည်း တကူကျေးရွာ၊ ကောတောရပ်ရှိ စစ်တပ်ပိုင် ရော်ဘာအလုပ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

မြိတ်တွင် ဆိုင်ကယ်တက္ကစီအသင်းဝင်လျှင် အမျိုးသားခရီးသည် တင်နိုင်

diz_admin

November 20, 2021

ဆိုင်ကယ် တက္ကစီအသင်းသို့ ဝင်ရောက်ပြီးပါက ခရီးသည်အမျိုးသားတစ်ဦး တင်ဆောင်နိုင်ကြောင်း မြိတ်မြို့နယ်၊သုံးဘီးယာဉ်နှင့် ဆိုင်ကယ်တက္ကစီ ထိန်းသိမ်းကြီးကြပ်ရေးအသင်းထံမှသိရသည်။ မြိတ်မြို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ် တစ်စီးတည်း အတူမစီးရဟု ကြေငြာချက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ပြီးနောက် အထက်ပါအသင်းမှ ဆိုင်ကယ်စီးသူများ လိုက်နာရန် အချက် ၁၃ ချက်ပါ ကြေညာချက်အား နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်တက္ကစီ ထိန်းသိမ်းကြီးကြပ်ရေးအသင်းသို့ ဝင်ရောက်လိုပါက အသင်းဝင်ကြေး ငွေကျပ်တစ်သောင်း ပေးဆောင်ရမည်ဖြစ်ပြီး လစဉ်ကြေးအနေဖြင့် တစ်လလျှင် ကျပ်ငါးထောင်ကျသင့်မည် ဖြစ်ကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးကိုမောင်မောင် ကပြောသည်။ “အမျိုးသားမတင်ရဘူးဆိုရင် ဆိုင်ကယ်ကမဆွဲရဘူး။ ဒါကြောင့် အခြေခံလူတန်းစားတွေ အားလုံးအဆင်ပြေသွားအောင် ကျွန်တော်တို့က အထက်ကိုတင်ပြပြီး ခွင့်ပြုချက်ရလို့ အခုလို ကြေညာလိုက်တာပါ”ဟု ၎င်းကပြောသည်။ အသင်းသို့ဝင်ရောက်မည်ဆိုလျှင် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်မိတ္တူ၊ […]

မြိတ်တွင် ဘုရားဖူးအပြန် စက်လှေတိမ်းမှောက်

diz_admin

November 20, 2021

မြိတ်မြို့၊ ရေနံမြေရပ်ကွက် တောလှေဆိပ်တံတားအနီးတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ဘုရားဖူးပြန်လာသည့် စက်လှေတစ်စီးတိမ်းမှောက်သဖြင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါ စက်လှေသည် လူနှစ်ဆယ်ဦးခန့်ဖြင့် မြိတ်တဖက်ကမ်းရှိ ရှင်သာလျောင်းဘုရားဖူးပြီးအပြန် ကမ်းအကပ်တွင် တိမ်းမှောက်မှုဖြစ်ခဲ့ပြီး အသက် လေးနှစ်ရှိ (ကျား) ကလေးငယ်တစ်ဦးနှင့် သုံးနှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးတို့ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးသွားသည့် ကလေးငယ် (မ) ၏ အလောင်းကို မြိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းဖွဲ့များက ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပင်လယ်ရေတက်ချိန်ဖြစ်ပြီး ရေစီးသန်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းအား ရပ်နားခဲ့ရကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။ စက်လှေတိမ်းမှောက်ပြီး ပျောက်ဆုံးကလေးငယ်နှစ်ဦးတို့သည် ရွှေပြည်သာရပ်ကွက်နေသူတို့ဖြစ်ကြပြီး မိသားစုအလိုက် ဘုရားဖူးသွားခြင်းဖြစ်ကြောင်း ယင်းမိသားစုတို့နှင့် နီးစပ်သူ အသက် […]