BREAKING
February 27, 2025

မြိတ်

မောတောင်နယ်စပ်အနီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၀ ကျော်ဖမ်းဆီးခံရ

diz_admin

December 4, 2021

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို နေရာလေးခုတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နေရာလေးခုအနက် ပရာကျွတ်ခရီခန်ခရိုင်ရှိ ၂၇ ဦး တစ်နေရာ၊ ၂၁ ဦး တစ်နေရာ၊ ၈၃ ဦး တစ်နေရာ ဖမ်းမိပြီး ပရာကျွတ်ခီရီခန်ခရိုင်နှင့် ဆက်စပ်နေသည့် ကန်ချနပူရီခရိုင်တွင် ၃၈ ဦးတို့ကို တစ်ညတည်းတွင် ဖမ်းမိကြောင်း ယင်းစာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခြင်းနှင့် ကိုဗစ်တတိယလှိုင်း ရင်ဆိုင်ကြပြီးနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု မကြာခဏ […]

ပုလော ဂျက်ဂါကျေးရွာအနီး ပစ်ခတ်မှုဖြစ်

diz_admin

December 4, 2021

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာအနီးတွင် စစ်တပ်နှင့် ပုလော PDF တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ပုလော ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၃ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံများက ပြောသည်။ “သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားရတာကတော့ မိနစ် နှစ်ဆယ်နီးပါးလောက်တော့ ရှိမယ်။ ဘယ်သူတွေ ဘာဖြစ်တယ်ဆိုတာတော့ မကြားရသေးဘူး” ဟု နန်းတောင်ရွာက ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ ဂျက်ဂါသည် နန်းတောင်ကျေးရွာအုပ်စုထဲတွင် ပါဝင်သည်။ ယင်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်- ပုလော (People’s Defence Force-Palaw) အဖွဲ့က ဂျက်ဂါရွာနေ ဒလန်အား သွားရောက်သတိပေးပြီးနောက် အပြန်တွင် ပစ်ခတ်မှုဖြစ်ပွား […]

ပုလော ပဝတ်ကုန်းရွာသား သုံးဆယ်ခန့်ကို စစ်တပ်က ဖမ်းဆီး

diz_admin

December 3, 2021

ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာသား သုံးဆယ်ဦးခန့်ကို စစ်တပ်က ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၁နာရီခန့်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာသားများထံမှ သိရသည်။ ပုလောမြို့ အမှတ် (၂၈၅) တပ်ရင်းက ကားသုံးစီးဖြင့် နံနက် ၁ နာရီခန့်တွင် ပဝတ်ကုန်းရွာထဲသို့ ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါတပ်ရင်း၌ ထိန်းသိမ်းထားသည်ဟု သိရကြောင်း ရွာသားများက ပြောသည်။ မည်သည့်အကြောင်းအရင်းကြောင့် ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း ဖမ်းဆီးခံရသူများအနက် အသက် ၅၀ ကျော်အရွယ် အမျိုးသား ငါးဦးဝန်းကျင်နှင့် မိန်းကလေးအချို့လည်း ပါဝင်ကြောင်း ရွာသားများက ပြောပြသည်။ “(လာဖမ်းတဲ့အချိန်မှာ) ရိုက်တာနှက်တာတော့ မရှိဘူး။ ဒီအတိုင်းခေါ်သွားတယ်။ ကျွန်မယောင်္ကျားက တောထဲက ဘယ်သူတွေနဲ့မှလည်း အဆက်အသွယ် မရှိပါဘူး” ဟု ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် အသက် […]

တနင်္သာရီအပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာ ဆေးခန်းရက်ချိန်းပျက်မှု မြင့်တက်

diz_admin

December 2, 2021

စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ်မှုများကြောင့် တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာများ ဆေးခန်းရက်ချိန်းပျက်ကွက်မှု မြင့်တက်လာကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) နှင့် တနင်္သာရီအခြေစိုက် လူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။ စစ်အာဏာသိမ်းသည့် ယခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် ဆေးခန်းရက်ချိန်း ပျက်ကွက်မှု ၂၉၂၉ ခုရှိကြောင်း၊ အဆိုပါ ပျက်ကွက်မှု ပမာဏသည် ယမန်နှစ်ထက် ၈၉ ရာခိုင်နှုန်း ပိုများလာကြောင်း ကမ္ဘာ့ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆက်သွယ်၍ မရသည့် လူနာများစွာ ရှိနေကြာင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုင်းနှင့် ပြည်နယ်အလိုက် ဆေးခန်းရက်ချိန်း ပျက်ကွက်သည့် […]

မြိတ်ဒေသထွက် ကဏန်းမဲ ကိုဗစ်မတိုင်ခင် ဈေးနှုန်း ပြန်မရသေး

diz_admin

December 2, 2021

မြိတ်ဒေသမှ ထွက်ရှိသည့် ကဏန်းမဲများ ကိုဗစ်ကပ်ဘေး မဖြစ်ခင်က ဈေးနှုန်းသို့ ပြန်လည် မရောက် သေးကြောင်း ကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။ ကိုဗစ်ကပ်ဘေး မဖြစ်ခင်က တစ်ပိဿာ ကျပ်နှစ်သောင်းရှစ်ထောင်ဖြင့် ဝယ်ယူနေသည့် ကဏန်းမဲများမှာ ယခုအခါ တစ်သောင်းရှစ်ထောင်ကျပ်ဖြင့် ဝယ်ယူနေပြီး ဈေးငြိမ်နေကြောင်း ကဏန်းဝယ်ယူ ရောင်းချနေသူ များက ပြောသည်။ “ဈေးကတော့ ဒီအတိုင်းပဲ သွားနေတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်မှ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ဦးအေးလွင် က ပြောသည်။ ဝယ်ယူရရှိသည့် ကဏန်းများကို ယခင်က တရုတ်နှင့် ထိုင်းသို့ တင်ပို့နေသော်လည်း ယခုအခါ ထိုင်း တစ်နိုင်ငံတည်းကိုသာ တင်ပို့နေရသဖြင့် ဈေးနှိမ်ဝယ်ယူနေသည့် အနေအထားဖြစ်နေသည်ဟု ကဏန်း ရောင်းဝယ်သူအချို့က မှတ်ချက်ပေးသည်။ “ကျွန်တော်တို့က ထိုင်းကို အကြွေးနဲ့ ပို့ပေးနေရတယ်။ ငွေက […]

မြိတ်တွင် နိုဝင်ဘာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ လျော့ကျ

diz_admin

December 1, 2021

မြိတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဆယ့်တစ်ဦး ရှိခဲ့ရာမှ နိုဝင်ဘာလအတွင်း သေဆုံးသူ နှစ်ဦးသို့ ကျဆင်းသွားကြောင်း နာရေးကူညီမှုအသင်းနှင့် တနင်္သာရီတိုင်း၊ကျန်းမာရေးဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရသိရသည်။ ကိုဗစ်ရေဂါဖြင့် ဆေးရုံသို့တက်ရောက်ကုသသူများအနက် နိုဝင်ဘာ ၁၉ ရက်နေ့တွင်တစ်ဉီးနှင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် တစ်ဦး စုစုပေါင်းနှစ်ဉီး သေဆုံးခဲ့ကြောင်း သိရသည်။ “၂၉ ဆေးရုံတင်တော့ ပိုးတွေ့တယ်။ ၃၀ မှာသေသွားတယ်။ ရောဂါအခံရှိသူပါ”ဟု ဂရုဏာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။ ကိုဗစ်ရောဂါပိုးကူးစက်သူ သေဆုံးသူလျော့ကျလာသည့်အတွက် ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တို့အပေါ် ကြေငြာထားသည့် နေအိမ်တွင်နေထိုင်ရေး Stay at home အမိန့်အား နိုဝင်ဘာ ၁၁ ရက်နေ့တွင် သက်ဆိုင်ရာမှ ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယင်းအမိန့်အား ကိုဗစ်တတိယလှိုင်းမြင့်တက်ချိန် သြဂုတ်လ ၂၁ ရက်နေ့မှစတင်ကာ […]

ပြည်သူ့စစ်နှင့် ပုလော PDF ပစ်ခတ်မှုဖြစ်

diz_admin

November 29, 2021

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် ပျူစောထီးဟု ခေါ်သည့် ပဝတ်ကုန်းပြည်သူ့စစ်အဖွဲ့ဝင် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်း၏ နေအိမ်သို့ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လာဝိုင်းစဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ကပြောသည်။ နေအိမ်သို့ ဝိုင်းနေချိန်တွင် နေအိမ်အတွင်းမှ ဦးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက် ပျူစောထီးအဖွဲ့မှ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများကဆိုသည်။ “ဦးထွန်းထွန်းအိမ်ထဲမှာလည်း လူလေးငါးခြောက်ယောက်လောက် ရှိမယ်ထင်တယ်။ မိနစ်သုံးဆယ်လောက်ရှိတယ် အပြန်အလှန်ပစ်ကြတာ”ဟု ပဝတ်ကုန်းရွာသား တစ်ဉီးကပြောသည်။ ယင်းနောက် အခြားရွာသားတစ်ဦးဖြစ်သူ ဦးပေသီး ဆိုသူ၏ နေအိမ်ကိုလည်း ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားဝိုင်းခဲ့ပြီး ၎င်းမှာလည်း ထွက်ပြေးသွားခဲ့ကြောင်း ရွာသားများက ဆိုသည်။ ယင်းပစ်ခတ်မှုများကြောင့် နှစ်ဖက် […]

မြိတ် ပသောင်းတံတား ယဉ်တိုက်မှု ရှစ်ဦး ဒဏ်ရာရ

diz_admin

November 29, 2021

မြိတ်မြို့နယ်ရှိ ပသောင်းတံတားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး၊ စစ်သားတစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွာသားများနင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီဖက်မှ မောင်းနှင်လာသည့် အိမ်စီးကားသည် ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်ရှေ့အရောက်တွင် မြိတ်ဖက်မှလာသည့် သုံးဘီးယာဉ်ငယ်တစ်စီးအားဝင်တိုက်ခဲ့ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့်ဆိုင်ကယ်များနှင့် လူများအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသားများကပြောသည်။ “ဒရောသောပါးဖြစ်ပြီး စင်ထွက်လာတော့ ယာဉ်စစ်ဆေးနေတဲ့ရဲရော စစ်ဆေးခံနေတဲ့သူတွေပါ အားလုံးထိကုန်တာပေါ့”ဟု မဇောကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ဒဏ်ရာရသူများအား မြိတ်မြို့၊ စစ်ဆေးရုံသို့ တင်ဆောင်သွားပြီး ယာဉ်မောင်းနှင့်ယာဉ်ကိုမူ စစ်ဆေးနေကြောင်း အထက်ပါတာဝန်ရှိသူ ကဆိုသည်။