ပုလော KNUထိန်းချုပ်နယ်မြေတွင်PRDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်
diz_admin
December 11, 2021ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ရွာအနီးတွင် ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် (PRDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (ဒီဇင်ဘာ ၁၁) ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း အနီးဝန်းကျင်က ဒေသခံများထံမှ သိရှိရသည်။ နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း ၎င်းတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဂျက်ဂါးရွာမှ မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးလာပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၄) ၊ တပ်ခွဲ (၇) ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးရင်းပင်ရှောင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသည်ဟုကြားသိရပြီး […]