ပဝတ်ကုန်းရွာသား လေးဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွတ်သေး
diz_admin
December 20, 2021မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ဒေသခံ လေးဦးကိုမူ နှစ်ပတ်ကျော်ကြာသည်အထိ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်ညက ရွာသား ၂၇ ဦးကို စစ်တပ်နှင့် ရဲများက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရှစ်ဦးနှင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နောက်ထပ် ၁၅ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ပဝတ်ကုန်းကျေးရွာဒေသခံများက ပြောသည်။ “တစ်ပတ်နီးပါးလောက်တော့ ရှိပြီပေါ့။ (၁၅ဦး) ပြန်လွတ်လာတာ” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ဆိုသည်။ သို့သော် အသက်သုံးဆယ်ကျော်ဝန်းကျင်ရှိကြသည့် ကိုငြိမ်းချမ်း၊ ကိုဇော်ထိုက်၊ မဇင်သီမာနှင့် နောက်ထပ် အမျိုးသားတစ်ဦးတို့မှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း အဖမ်းဆီးခံ […]